Connect with us

မြန်မာ-ENG

ယူကရိန်းနိုင်ငံရှိ နျူကလီယား စက်ရုံများ ဘေးကင်းရေးအတွက် ပူးတွဲကြိုးပမ်းအားထုတ်ရန် တရုတ်သံတမန် တောင်းဆို

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ ရှိ ကောင်းကင်ယံရှိ မီးခိုးများအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင်းရှိ ဆက်စပ်ေသာနျူကလီးယားစက်ရုံများ ဘေးကင်းစေရန်အတွက် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏အကူအညီဖြင့်အတူတကွ သတိရှိရှိ ပြုမူဆောင်ရွက်ရန် တရုတ်နိုင်ငံ သံတမန်က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၌ နောက်ဆုံးဖြစ်ပေါ်နေမှု

များအား တရုတ်နိုင်ငံက အနီးကပ် အာရုံစိုက်လျက်ရှိပြီး Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်သော အစီရင်ခံစာများအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်းကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက ပြောကြားခဲ့သည်။
နျူကလီးယားဓာတ်အားပေးစက်ရုံ၏ အဓိကကျသောစက်ပစ္စည်းများသည် မပျက်မစီးပကတိအတိုင်းရှိကြောင်း နှင့် ရေဒီယိုသတ္တိကြွမှုအဆင့်မှာလည်း ပြောင်းလဲမှုမရှိကြောင်း ယူကရိန်းနျူကလီးယားအာဏာပိုင်ထံမှ IAEA က လက်ခံရရှိသည့်အချက်အလက်များအရ သိရသည်။

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ ရှိ ကောင်းကင်ယံရှိ မီးခိုးများအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နျူကလီးယားအရေးနှင့် ပတ်သက်၍ ရုရှားမှ ထုတ်ပြန်သည့် အချက်အလက်များနှင့် ရှင်းလင်းချက်များကို တရုတ်နိုင်ငံက မှတ်သားထားကြောင်း Zhang က လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် ရှုပ်ထွေးသော အပြောင်းအလဲများအား ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အရေးကြီးဆုံးအရာမှာ တင်းမာမှုများအား ဖြေလျှော့ရန်၊ အရပ်သားများ သေဆုံးဒဏ်ရာရမှုများအားရှောင်ရှားရန်၊ သံတမန်ရေးရာ ကြိုးပမ်းမှုများအား အရှိန်မြှင့်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံရေး အခြေကျမှုလမ်းကြောင်းကို အမြန်ဆုံး ပြန်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများနှင့် စေ့စပ်ညှိနှိုင်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းအား ပြင်ဆင်ဆောင်ရွက်ရန် ပဏာမသဘောတူညီချက်ကို ရရှိခဲ့ပြီးဖြစ်သည်။ယင်းအချက်အား တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်းနှင့် အရပ်သားများအား ပိုမိုကောင်းမွန်စွာ အာကာအကွယ်ပေးရန် တရုတ် နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားအားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ရန် မျှော်လင့်ကြောင်း ကျန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ အခြေကျမှုရစေမည့် သံတမန်ရေးရာ ကြိုးပမ်းမှုအားလုံးကို ကြိုဆိုလိုက်ကြောင်းနှင့် ပြသနာများပြီးဆုံးသည်အထိ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ၎င ်းကဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခေါင်းအေးအေးထား၍ ကျိုးကြောင်းသင့်လျော်စွာ ရပ်တည်သင့်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများအတွက် ဘက်မလိုက်သော ဦးတည်ချက်မှန်ကန်သည့် ကောင်းမွန်သော အခြေအနေများ သက်ဆိုင်သည့် နှစ်ဘက်အဖွဲ့အစည်းအကြား တိုက်ရိုက်ညှိနှိုင်းနိုင်မည့် အခြေအနေများ ဖန်တီးနိုင်ပေးရန် တာဝန်ရှိကြောင်း ကျန်းက ဆိုသည်။

“မည်သည့်လုပ်ဆောင်မှုမျိုးမဆိုအခြေအနေ တင်းမာမှု ထပ်မံ မြင့်တက်ခြင်းနှင့် ဆိုးဝါးခြင်းကို ဦးတည်စေမယ့် မီးလောင်ရာ လေပင့် လုပ်တာထက်
တင်းမာမှုအရှိန် လျှော့ချခြင်းနှင့် သံမန်ရေး နည်းလမ်းကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်’’ (Xinhua)

———————————
(English Version)

Chinese envoy calls for joint efforts to ensure safety of nuclear facilities in Ukraine
UNITED NATIONS, March 4 (Xinhua) — A Chinese envoy on Friday called on parties to the Ukraine conflict to act with caution and work together, with the assistance of the International Atomic Energy Agency (IAEA), to ensure the safety of relevant nuclear facilities inside Ukraine.

China pays close attention to the latest developments in Ukraine and expresses its concern over the relevant reports about the Zaporizhzhia nuclear power plant, said Zhang Jun, China’s permanent representative to the United Nations.

According to information the IAEA received from the Ukrainian nuclear authority, the main equipment of the nuclear power plant remains intact, and the level of radiation unchanged. China also takes note of the information and clarification provided by Russia on the relevant matters, Zhang told a Security Council emergency meeting.

Noting the Ukraine crisis is still undergoing complex changes, he said the most important thing right now is to ease tension, avoid more civilian casualties, intensify diplomatic efforts, and get back as soon as possible to the track of political settlement.

Russia and Ukraine have held two rounds of direct dialogue and negotiations and have reached preliminary agreement on setting up humanitarian corridors. China welcomes this and hopes that it can facilitate better protection of civilians and help with the safe evacuation of all foreign nationals, including Chinese nationals, Zhang said.

China welcomes all diplomatic efforts conducive to a political settlement, and China has played and will continue to play a constructive role to this end.

The international community should stay cool-headed and rational, and adopt a responsible, impartial and objective attitude in order to create a sound atmosphere and conditions for direct negotiations between the parties concerned, said Zhang.

“Any action must contribute to de-escalation and diplomatic settlement, rather than adding fuel to fire, leading to further escalation and deterioration of the situation.” Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.