Europe
စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် နျူကလီးယားအရေးကို ဖြေရှင်းရန် အီရန်နိုင်ငံ၏ ဆက်လက်ကြိုးပမ်းမှုများကို တရုတ်က ထောက်ခံကြောင်း သံတမန်ပြောကြား
ဗီယင်နာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အီရန်နျူကလီးယားအရေးကို ဆက်လက်အဖြေရှာရန် အီရန်၏ အခြေခံ ရပ်တည်ချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဗီယင်နာ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Wang Qun က ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ညှိနှိုင်းဆွေးနွေးသူများက ၎င်းတို့၏မြို့တော် အသီးသီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ပူးတွဲ ဘက်စုံဆောင်ရွက်မှု အစီအစဉ် (JCPOA) ဟု လူသိများသော ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ဆွေးနွေးပွဲများနှင့် ပတ်သက်၍ Wang က ဖေဖော်ဝါရီ ၈ ရက်၌ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ဝမ်သည် ဗီယင်နာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲဖြစ်သည်။
အမေရိကန်နှင့် E3 (ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်နှင့် ဂျာမနီ) တို့က အဆိုပြုထားသည့် ကမ်းလှမ်းချက်နှင့် အီရန်၏ အရပ်ဘက်နျူကလီးယားအစီအစဉ်အပေါ် မကြာသေးမီက အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဖြေလျှော့ပေးခြင်းသည် အပြီးသတ်သဘောတူညီချက်အတွက် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်အဖြစ် ဝမ်က ပြောကြားခဲ့ပြီး နိုင်ငံများအားလုံးအနေဖြင့် ကမ်းလှမ်းချက်နှင့် အီရန်၏ တရားဝင်အခွင့်အရေးများနှင့် ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များအပေါ် ကမ်းလှမ်းချက်များနှင့် ကိုင်တွယ်မှုနှင့် ပတ်သက်၍ အီရန်၏အမြင်ကို ပိုမို ဆက်လက်နားထောင်သင့်ကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံအားလုံးက ဆွေးနွေးဖို့ အဆိုပါပြုထားတဲ့ ကမ်းလှမ်းချက်အပေါ် အီရန်ကလည်း သူ့ရဲ့စာနဲ့ တုံ့ပြန်ချက်တွေ တရားဝင်ထွက်ပေါ်လာတယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယေဘုယျအားဖြင့် လက်ရှိပြုလုပ်နေသော ဗီယင်နာဆွေးနွေးပွဲများသည် အီရန်နျူကလီးယားအရေး အဆုံးသတ်ဖြေရှင်းရေးဆီသို့ အပြုသဘောဆောင်သော တိုးတက်မှုများ ပြုလုပ်နေကြောင်း” တရုတ်သံတမန်က ဆိုသည်။
နိုင်ငံများအားလုံးအနေဖြင့် ယခင်ဆွေးနွေးညှိနှိုင်းမှုများ၌ ခက်ခက်ခဲခဲရရှိခဲ့သော တိုးတက်မှုကို ရင်ဝယ်ပိုက်လျက် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် စီးပွားရေးအာမခံချက် စသည့် နှောင့်နှေးနေသော ကိစ္စရပ်များကို အာရုံစိုက်ရေး၊ သဘောတူညီချက်ကို ထပ်မံတိုးချဲ့ရန်နှင့် အစောပိုင်း သဘောတူညီမှု ရရှိရေး ကြိုးပမ်းသွားရန် ၎င်းက တိုက်တွန်းခဲ့သည်။
တရုတ်က ဆွေးနွေးပွဲများအတွင်း အရေးတကြီးသဘောထားကို တိုးမြှင့်ဖို့ သဘောတူထားသော်ငြားလည်း စေ့စပ်ညှိနှိုင်းမှု၏နောက်ဆုံးရက်ကို သတ်မှတ်ရန်ထောက်ပံ့ပကူညီပေးတာတော့ မဟုတ်ဟု ဝမ်က ပြောကြားခဲ့ပြီး ပါဝင်သူများအနေဖြင့်လည်း ၎င်းတို့၏ နိုင်ငံရေးသဘောဆန္ဒကို ပိုမိုခိုင်မာစေရန်နှင့် စိတ်သဘောထားကောင်းကို ပြသရန်နှင့် နျူကလီးယားဆွေးနွေးမှုများ နောက်ဆုံးအဆင့်တွင် ပြောင်းလွယ်ပြင်လွယ်ရှိစေရန် တိုက်တွန်းပြောကြားခဲ့သည်။
အီရန်၏ အဓိကစိုးရိမ်မှုဖြစ်သလို တရုတ်နိုင်ငံ၏ အရေးပါသော စိုးရိမ်မှုလည်းဖြစ်သည့် ပိတ်ဆို့အရေးယူမှု လျှော့ချရေးကိစ္စကို အာရုံစိုက်ရန်ကိုလည်း ဝမ်က နိုင်ငံများအား တိုက်တွန်းခဲ့သည်။
“လက်ရှိ အီရန်နျူကလီးယား အကျပ်အတည်းကို အစပြုသူဖြစ်တဲ့ အမေရိကန်အနေနဲ့ အီရန်က ဒီအခြေခံတာဝန်ဝတ္တရားတွေကို ဘက်စုံပြန်လည်ဖြည့်ဆည်းသွားနေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိရေးအတွက် အီရန်နဲ့ တရုတ်နိုင်ငံ အပါအဝင် တတိယအဖွဲ့အစည်းတွေအပေါ် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းသင့်ပါတယ်” ဟု ဝမ်က ပြောကြားခဲ့ပြီး ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ကြေညာချက်မည်ကာမတ္တအစား ခိုင်မာသော ဆောင်ရွက်ချက်များမှတစ်ဆင့် အကောင်အထည်ဖော်သင့်သည်ဟု ဆိုသည်။
အီရန်နျူကလီးယားအရေးအတွက် မည်သို့သော ဖြေရှင်းချက်မျိုးမဆို တရုတ်နိုင်ငံ၏ တရားဝင်စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ကတိကဝတ်များကို တည်တံ့ရန်၊ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများကို လေးစားရန်နှင့် တရုတ် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအပေါ် အရေးယူပိတ်ဆို့မှုများကို သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းရန် ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးသည် အီရန်နျူကလီးယားအရေးကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများအားလုံးနှင့် စေ့စပ်ညှိနှိုင်းမှု၏ အစောပိုင်းအောင်မြင်မှုများကို မြှင့်တင်ရန်အတွက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က အလေးထားပြောကြားခဲ့သည်။
JCPOA ကို အီရန်နှင့် P5+1 (လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သော တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်၊ ဂျာမနီ) တို့က ဥရောပသမဂ္ဂနှင့် ၂၀၁၅ ခုနှစ်၌ အတူတကွလက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် သည် ၂၀၁၈ ခုနှစ် မေလတွင် သဘောတူစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့ရာ ယင်းနောက်တွင် နျူကလီးယားကတိကဝတ်အချို့ကို လျှော့ချရေး ဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် ဧပြီလမှစ၍ JCPOA တွင် အီရန်နှင့် လက်မှတ်ရေးထိုးထားသော ငါးနိုင်ငံဖြစ်သည့် တရုတ်၊ ရုရှား၊ ယူနိုက်တက်ကင်းမ်ဒမ်း၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ဗီယင်နာတွင် သဘောတူညီချက်ကို ပြန်လည်နိုးကြားလာရန်အတွက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ (Xinhua)
———————————————–
(English Version)
China supports Iran’s continued efforts to resolve nuclear issue through negotiations: envoy
Source: XinhuaEditor: huaxia2022-02-09 07:04:30
VIENNA, Feb. 8 (Xinhua) — China supports Iran’s principled position of continuing to seek resolution of the Iran nuclear issue through negotiations, said Wang Qun, Permanent Representative of China to the United Nations in Vienna, on Tuesday.
Wang made the remarks as talks on reviving the 2015 Iran nuclear deal, formally known as the Joint Comprehensive Plan of Action (JCPOA), resumed here on Tuesday after the negotiators returned from consultations in their respective capitals. Wang is the head of the Chinese delegation to the Vienna talks.
Citing the package proposed by the United States and the E3 (the United Kingdom, France and Germany) and the recent U.S. sanction waiver on Iran’s civil nuclear program as “a positive step” toward a final deal, Wang said all other parties should continue to listen more to Iran’s views on the package and address Iran’s legitimate rights and reasonable demands.
He also expressed the hope that Iran will “formally come up with its written feedbacks on the proposed package for discussion by all parties.”
The Chinese envoy said that in general, the ongoing Vienna talks are “making positive progress” toward the final settlement of the Iran nuclear issue.
He urged all parties to cherish the hard-won progress achieved in the past negotiations, focus on pending issues such as the lifting of sanctions and economic guarantee, further expand consensus, and strive to reach an early agreement.
“China agrees to enhance the sense of urgency during the talks, but it’s not constructive to set a deadline for the negotiations,” Wang said, calling for the participants to further strengthen their political will and show goodwill and flexibility in the final stage of the nuclear talks.
Wang urged the parties to focus on the issue of sanctions relief, which is Iran’s primary concern as well as an important concern of China.
“The United States, as the originator of the current Iran nuclear crisis, should lift all related illegal unilateral sanctions on Iran and third parties, including China, in order to regain the trust of the international community, while Iran should again comprehensively fulfill its obligations on this basis,” Wang said, adding that the sanctions lifting, instead of a mere statement, should be implemented through concrete measures.
Any solution to the Iran nuclear issue must address China’s legitimate concerns, he said, urging the United States to honor its commitments, respect China’s legitimate rights and properly address the issue of sanctions against Chinese entities and individuals.
Wang stressed that dialogue and negotiation are the only way to resolve the Iran nuclear issue, and that China will work with all other parties to promote early breakthroughs of the negotiations.
The JCPOA was signed in 2015 between Iran and the P5+1 (namely the five permanent members of the Security Council — China, France, Russia, Britain and the United States, plus Germany), together with the European Union. However, former U.S. President Donald Trump unilaterally pulled Washington out of the pact in May 2018 and re-imposed sanctions on Iran, which prompted the latter to drop some of its nuclear commitments.
Since April 2021, Iran and the other five remaining signatories to the JCPOA — China, Russia, the United Kingdom, France and Germany — have held rounds of talks in Vienna to revive the deal. ■
Photo : Wang Qun, Chinese envoy to the United Nations and other international organizations in Vienna, receives interview after a meeting of the Joint Commission of the Joint Comprehensive Plan of Action (JCPOA) in Vienna, Austria, April 6, 2021. (Photo by Georges Schneider/Xinhua)