Africa & Middle East
ပြည်သူများ၏ အကျပ်အတည်း ဓာတ်ပုံပြခန်းမှတစ်ဆင့် အမေရိကန်၏ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို အာဖဂန်များ ဆန္ဒပြ
ကဘူးလ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
“ကျွန်တော်တို့ ဓာတ်ပုံပြခန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖိနှိပ်ချုပ်ခြယ်ခံရသော အာဖဂန်ပြည်သူများ၏ အကျပ်အတည်းကို ကမ္ဘာ့အသိုင်းအဝိုင်းထံ ခင်းကျင်းပြသဖို့နဲ့ အမေရိကန်ကထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး အကူအညီပေးဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းဖို့ပဲ ဖြစ်ပါတယ်” ဟု အာဖဂန် ဓာတ်ပုံဆရာ Zirak Malyar က ဆင်ဟွာသို့ ပြောခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေးဒုက္ခတွေကို ဓာတ်ပုံပြပွဲမှတစ်ဆင့် ဖော်ပြထားခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ဘဏ်များ၌ ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုများကို ပြန်ပေးရန် အာဖဂန်ပြည်သူများက တောင်းဆိုကြောင်း Malyar က ပြောကြားခဲ့သည်။
“ဆင်းရဲနွမ်းပါးမှုနှင့် မျှော်လင့်ချက်” ဟူသော ခေါင်းစဉ်ပေးထားပြီး ဓာတ်ပုံပေါင်းများစွာ ပါဝင်သော ဓာတ်ပုံပြပွဲအား အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာပိုင်ဆိုင်မှု ၁၀ ဘီလီယံနီးပါးကို ထိန်းချုပ်လိုက်ခြင်းအတွက် အမေရိကန်နိုင်ငံအား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် လမ်းမပေါ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ဩဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်နိုင်ငံ ဦးဆောင်သော တပ်ဖွဲ့ဝင်များ နောက်ဆုတ်သွားကာ တာလီဘန်က တိုင်းပြည်အာဏာကို လွှဲပြောင်းရယူပြီးနောက် အမေရိကန်က အာဖဂန်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ခြင်းကြောင်း စစ်မက်ဒဏ်ခံရ၍ ချွတ်ခြုံကျနေသော နိုင်ငံ့စီးပွားရေးမှာ ပိုမို ဆိုးရွားလာခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ထိန်းချုပ်ထားသော ငွေကြေးများ၏ ဒေါ်လာ ၃.၅ ဘီလီယံကို ၉/၁၁ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအား ခွဲဝေခြင်းနှင့် နောက်ထပ် ဒေါ်လာ ၃.၅ ဘီလီယံကိုမူ အာဖဂန်နစ္စတန်၌ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခြင်း ဆောင်ရွက်မည့် အမိန့်ဒီဂရီတစ်ရပ်ကို ဖေဖော်ဝါရီလ က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို အာဖဂန်နစ္စတန်နိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ လူဦးရေ ၃၅ သန်းအနက် ၂၂ သန်းကျော်သည် အစားအစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း အကယ်၍ အကူအညီမရရှိခဲ့ပါက လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီများ၏ အစီရင်ခံစားများအရ သိရသည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးခုအတွင်း စစ်ပွဲတွေမှာ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကြောင့် ကျွန်တော်တို့နိုင်ငံဟာ ကြောက်မက်ဖွယ်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု နောက်ထပ် အာဖဂန်နိုင်ငံသားတစ်ဦးဖြစ်သော Sayed Shahir က ဆိုသည်။
ဓာတ်ပုံပြခန်းရှိ ဓာတ်ပုံများကို ကြည့်ရှုလျက် Shahir က “အမေရိကန်ဆီ ကျွန်တော်တို့ တောင်းဆိုချက်ကတော့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို မပိတ်ပင်ဖို့ဖြစ်ပြီး ဒီမှာ ခင်းကျင်းပြသထားတဲ့ ဓာတ်ပုံတွေဟာ ကမ္ဘာကြီးကို သတင်းစကားတွေ ရှင်းရှင်းလင်းလင်း ပေးပို့နေပါတယ်” ဟု Shahir က ပြောသည်။
အာဖဂန်နစ္စတန် ဗဟိုဘဏ်ဖြစ်သော Da Afghanistan Bank ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော အနုပညာပြပွဲ စီစဉ်သူများက အာဖဂန်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ သတ်မှတ်ခြင်းက အခြေခံ အာဖဂန်ပြည်သူများ၏ နေထိုင်မှု အခြေအနေများအား ဆိုးဝါးစွာ ထိရောက်မှုရှိစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်ကလည်း အမေရိကန်နိုင်ငံ အပါအဝင် မည်သည့်နိုင်ငံကမျှ အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ပင်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Da Afghanistan Bank က လွတ်လပ်စွာ ပြောဆိုခွင့်ရှိခြင်း ၊လူမှုရေးဆိုင်ရာ တရားမျှတမှုရှိခြင်း၊ ပြည်သူများအား ဝန်ဆောင်မှုပေးခြင်း စသည်တို့၌ လွတ်လပ်မှုရှိမည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤအခိုက်အတန့်တွင် အာဖဂန်ပြည်သူများနှင့်အတူ ရပ်တည်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(English Version)
Feature: Afghans protest U.S. freezing assets through photo exhibition on plight of people
2022-03-31 13:32:07 Category:Politics, Law
KABUL, March 31 (Xinhua) — “Our aim of the photo exhibition is to display the plight of oppressed Afghans to the world community and urge the world community to help get back Afghanistan’s assets frozen by the United States,” an Afghan photographer Zirak Malyar told Xinhua.
Depicting Afghanistan’s poverty and economic woes via photo exhibition, Malyar said that Afghans demand that the United States frees Afghanistan’s assets held in its banks.
The exhibition, titled “Poverty and Hope” and including scores of photos, was held here on a street to protest against the United States for freezing nearly 10 billion U.S. dollars assets of Afghanistan’s central bank.
In the wake of U.S.-led forces defeat in Afghansitan and Taliban’s taking over of the country’s power last August, the U.S. government has frozen the Afghan assets, which has worsened the war-torn country’s already fragile economy.
U.S. president Joe Biden issued a decree in February, allocating 3.5 billion dollars of the frozen sum to the 9/11 victims’ families and earmarking another 3.5 billion dollars to humanitarian assistance in Afghanistan.
The decision has been widely condemned in Afghanistan.
More than 22 million Afghans out of some 35 million of the country’s population, according to aid agencies reports, are facing acute food shortage and Afghanistan would face humanitarian catastrophe if not assisted.
“Our country has been facing daunting challenges due to foreign interference over the past four decades of wars,” said another Afghan citizen Sayed Shahir.
Looking at the pictures in the photo exhibition, Shahir spoke loudly “Our demand from America is to unfreeze Afghanistan’s assets and the photos on display here clearly send the message to the world.”
Organizers of the art exhibition, supported by Afghanistan’s central bank Da Afghanistan Bank, said in a statement that imposing sanction on the Afghan administration severely affect the living conditions of ordinary Afghan people.
Afghanistan’s central bank also noted in a statement that no country including the United States has the right to freeze Afghanistan’s national assets.
Da Afghanistan Bank believes in freedom of speech, social justice, service to people and requests the international community to stand with the Afghan people at this moment, the statement said. Enditem
Photo : Afghans take part in a protest in Kabul, capital of Afghanistan, Jan. 2, 2022. (Photo by Saifurahman Safi/Xinhua)