Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက ၂၀၃၅ ခုနှစ်မတိုင်မီ ရာသီဥတုကြံ့ကြံ့ခံသော လူမှုအဖွဲ့အစည်း တည်ဆောက်ရန် ရည်ရွယ်ထား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် Maoming မြို့မှ Luodousha ပင်လယ်ဧရိယာအထိ သွယ်တန်းထားသော "Fuyao" လေအားလျှပ်စစ်ကိရိယာအား မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၌ အရေးပါသော ရှေ့ဆက်ခြေလှမ်းများအဖြစ် ရာသီဥတုပြောင်းလဲခြင်း စောင့်ကြည့်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်သော ကာကွယ်နိုင်စွမ်းများ အဆင့်မြှင့်တင်ရန် အသေးစိတ် ဆောင်ရွက်ချက်များကို ထားရှိကြောင်း သိရသည်။တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်ဖက်ညီစေရန် နိုင်ငံ၏စွမ်းဆောင်ရည်၌ သိသာသော တိုးတက်မှုနှင့်အတူ ၂၀၃၅ ခုနှစ်မတိုင်မီ ရာသီဥတုဒဏ်ခံနိုင်သော လူမှုအဖွဲ့အစည်းတစ်ခုကို အခြေခံကျကျ တည်ဆောက်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အပါအဝင် ဦးစီးဌာန ၁၇ ခုမှ ပူးတွဲထုတ်ပြန်သော အမျိုးသား ရာသီဥတုပြောင်းလဲရေး သင့်လျော်အောင်စီစဉ်ခြင်း မဟာဗျူဟာ ၂၀၃၅ အရ သိရသည်။

၂၀၃၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးနှင့် အစောပိုင်းသတိပေးနိုင်စွမ်းတို့သည် ကမ္ဘာ့အဆင့်မြင့်နေရာတစ်ခုသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ရာသီဥတုအန္တရာယ် စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးစနစ်ကလည်း ဖြည်းဖြည်းချင်း ပြည့်စုံလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသည် အဓိက ရာသီဥတုနှင့် ဆက်စပ်သော သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအား ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် နည်းပညာနှင့် စံချိန်စံနှုန်းစနစ် ထပ်မံတိုးတက်မှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

တရုတ်နိုင်ငံ ၂၀၁၃ ခုနှစ်က အမျိုးသား ရာသီဥတုပြောင်းလဲမှု သင့်လျော်အောင်စီစဉ်ခြင်းမဟာဗျူဟာ တစ်ရပ်ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှု သင့်လျော်အောင်စီစဉ်ခြင်း အမျိုးသားမဟာဗျူဟာ တစ်ခုကို ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစ၍ အဓိကဒေသများနှင့် စက်မှုလုပ်ငန်းများ၌ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သင့်တင့်လျောက်ပတ်အောင် ဆောင်ရွက်ခြင်း တိုးတက်မှုရှိစေရန် အပြုသဘောဆောင်သော ရလဒ်များ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ထပ်မံပူနွေးလာသဖြင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော ကာလရှည် ဆိုးကျိုးသက်ရောက်မှုများနှင့် အစွန်းရောက် ရာသီဥတုဖြစ်ရပ်များက တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးဝါးစွာခြိမ်းခြောက်မှု မြင့်တက်လာမည်ဟု ရာသီဥတုပြောင်းလဲခြင်း မဟာဗျူဟာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမျိုးသားစင်တာနှင့် ထုတ်ပြန်ချက်အား ပူးတွဲရေးသားသူ Xu Huaqing က ပြောခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်က ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးနှင့် ကြိုတင်ခန့်မှန်းရေးဝန်ဆောင်မှုများ တိုးတက်လာစေရန်၊ ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများနှင့် အန္တရာယ်များ အကဲဖြတ်မှု မြင့်တင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး အားကောင်လာစေရန် စသည့် ဆောင်ရွက်ချက်များကို အလေးထားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နယ်မြေဆိုင်ရာ အာကာသအစီအစဉ် ကြိုးပမ်းအားထုတ်မှုများ ပေါင်းစည်းသွားမည်ဖြစ်သလို အဓိကမဟာဗျူဟာမြောက် ဒေသများ၏ ရာသီဥတုဒဏ်ခံနိုင်မှု တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုများ၊ နည်းပညာနှင့် ဆက်စပ်သော ဆောင်ရွက်ချက်များ ပံ့ပိုးခြင်းနှင့်အတူ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုလည်း နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်သော တည်ဆောက်မှုနှင့်အညီ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China aims to build climate-resilient society by 2035
Source: XinhuaEditor: huaxia2022-06-14 14:29:30

BEIJING, June 14 (Xinhua) — China has detailed measures to boost its climate change monitoring and risk prevention capabilities, marking a significant step forward in the country’s efforts to enhance its climate resilience.

The country will seek to basically build a climate-resilient society by 2035, with significant improvements in its ability to adapt to climate change, according to the national climate change adaptation strategy 2035, jointly released by 17 departments including the Ministry of Ecology and Environment.

By 2035, the country’s climate change monitoring and early warning capability will reach an advanced level globally, while the climate risk management and prevention system will basically mature, according to the document.

It added that China will take measures to prevent and control major climate-related disaster risks in an effective manner, and further improve the technical and standard system for adapting to climate change.

China first issued a national climate change adaptation strategy in 2013, and for the first time made climate change adaptation a national strategy. Since then, the country has made positive results in improving adaptation to climate change in key regions and industries.

As the global climate further warms, the long-term adverse effects and extreme weather events brought about by climate change will pose an increasingly serious threat to China’s economic development, said Xu Huaqing, head of the National Center for Climate Change Strategy and International Cooperation, in a co-authored note.

The document underlined measures to improve climate change monitoring and forecasting services, enhance assessment of climate change impacts and risks, and strengthen disaster prevention and mitigation.

China will integrate climate change response with its territorial space planning efforts, and improve the climate resilience of major strategic regions.

Supporting measures concerning fiscal and financial services, technology, and international cooperation will be also implemented in tandem with the country’s climate resilience construction. ■
Photo : Aerial photo taken on May 29, 2022 shows a deep-sea floating wind power equipment “Fuyao” being towed from Maoming to Luodousha sea area, south China’s Guangdong Province. (Xinhua/Liu Dawei)