Connect with us

Asia

ကန့်ကွက်ဆန္ဒပြနေသည့်ကြားမှ ဂျပန်နိုင်ငံက သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေများ ဒုတိယအကြိမ် စတင်စွန့်ထုတ်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ TEPCO ရုံးချုပ်ရှေ့တွင် ဂျပန်အစိုးရနှင့် Tokyo Electric Power Company's (TEPCO) တို့က နျူကလီးယားညစ်ညမ်းရေများစွန့်ထုတ်ရန် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဆန္ဒပြရန် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်က လူအများစုဝေးနေကြစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် အကြီးအကျယ်ပျက်စီးမှုရှိနေသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားညစ်ညမ်းရေများကို အောက်တိုဘာ ၅ ရက်တွင် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုတိယအကြိမ် စတင်စွန့်ထုတ်ခဲ့ကြောင်း သိရသည်။

ဒေသခံ ငါးဖမ်းသမားများနှင့် အခြားနိုင်ငံများက စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်မှုရှိနေသော်ငြားလည်း ရေဆိုးများ စွန့်ထုတ်မှုကို ဒေသစံတော်ချိန် နံနက် ၁၀:၃၀ နာရီခန့်က စတင်ခဲ့ကြောင်း ယင်းစက်ရုံလည်ပတ်သူ Tokyo Electric Power Company (TEPCO) အရ သိရသည်။

TEPCO ကုမ္ပဏီအနေဖြင့် ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်သော စွန့်ပစ်ရေ တန်ချိန် ၇,၈၀၀ ကို ၁၇ ရက်အတွင်း စွန့်ထုတ်ရန် စီစဉ်ထားကြောင်း၊ ပထမအကြိမ်စွန့်ထုတ်မှုမှာလည်း အလားတူပမာဏခန့် ရှိပြီး စက်တင်ဘာ ၁၁ ရက်က ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Japan starts 2nd release of nuclear-contaminated wastewater into ocean despite protest

TOKYO, Oct. 5 (Xinhua) — Japan on Thursday started the second round of release of nuclear-contaminated wastewater from the crippled Fukushima Daiichi Nuclear Power Plant into the Pacific Ocean.
Despite mounting concerns and opposition among local fishermen as well as other countries, the discharge commenced at around 10:30 a.m. local time, according to the Tokyo Electric Power Company (TEPCO), the plant’s operator.
TEPCO said it plans to carry out the release over 17 days to discharge 7,800 tons of the radioactive wastewater, roughly the same amount as the first discharge which ended on Sept. 11.
Photo: People gather to protest the Japanese government and Tokyo Electric Power Company’s (TEPCO) decision on releasing nuclear-contaminated wastewater in front of the headquarters of the TEPCO in Tokyo, Japan, Aug. 24, 2023. (Xinhua/Yang Guang)