Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ကျင်းပသော ၂၇ ကြိမ်မြောက် ITTF-အာရှစားပွဲတင်တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော တရုတ်အသင်းက ဆုပေးပွဲတက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

— Ballon d’Or အကောင်းဆုံးဂိုးသမားဆုအတွက် Ronwen Williams ကို ဆန္ဒမဲပေးကြရန် တောင်အာဖရိကပြည်သူများကို တိုက်တွန်း
တောင်အာဖရိကအစိုးရက အမျိုးသားဘောလုံးအသင်း ခေါင်းဆောင် Ronwen Williams အား Ballon d’Or အကောင်းဆုံးဂိုးသမားဆုအတွက် ထောက်ခံအားပေးကြရန် နိုင်ငံသားများအားလုံးကို တိုက်တွန်းပြောကြားခဲ့သည်။
….
— တရုတ်အမျိုးသားအဖွဲ့က အာရှစားပွဲတင်တင်းနစ်ချန်ပီယံရှစ်တွင် ဆုဖလားကိုကာကွယ်နိုင်
တရုတ် အမျိုးသားစားပွဲတင်တင်းနစ်အဖွဲ့က အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အာရှစားပွဲတင်တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်တိုင်ပေအသင်းကို ၃-၁ မှတ်ဖြင့် အနိုင်ရရှိခဲ့ကာ ဆုဖလားကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
…..
တင်းနစ်အကျော်အမော် ရာဖယ်နာဒယ်က အနားယူတော့မည်ဟု ကြေညာ
စပိန်နိုင်ငံက ၂၂ ကြိမ်မြောက် Grand Slam ချန်ပီယံဆုရှင် ရာဖယ်နာဒယ်သည် နိုဝင်ဘာလတွင် ကျင်းပမည့် Davis Cup ဖိုင်နယ်ပွဲများပြီးလျှင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်၌ ကြေညာခဲ့သည်။ (Xinhua)

ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ကျင်းပသော ၂၇ ကြိမ်မြောက် ITTF-အာရှစားပွဲတင်တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော တရုတ်အသင်းက ဆုပေးပွဲတက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(English Version)
South Africans called on to vote for Ronwen Williams as Ballon d’Or best goalkeeper
CAPE TOWN, Oct. 10 (Xinhua) — The South African Cabinet on Thursday called on all citizens to support Ronwen Williams, the captain of the country’s national football team, for the Ballon d’Or Best Goalkeeper award.
….
China retains men’s team title at Asian Table Tennis Championships
ASTANA, Oct. 10 (Xinhua) — China defended its title in the men’s team event with a 3-1 victory over Chinese Taipei at the 27th Asian Table Tennis Championships on Thursday.
…..
Tennis legend Rafael Nadal announces retirement
MADRID, Oct. 10 (Xinhua) — The 22-time Grand Slam champion Rafael Nadal of Spain announced Thursday that he will retire from professional tennis after the Davis Cup finals in November.