Connect with us

Politics, Law & Military

“Volt Typhoon” သတင်းအချက်အလက်မှားဖြန့်ဝေသည့်ကမ်ပိန်း၏ နောက်ကွယ်တွင် အမေရိကန်၏ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်များစွာပါဝင်ကြောင်း အစီရင်ခံစာက ထုတ်ဖော်

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ကမ္ဘာတစ်ဝန်း ဆိုက်ဘာထောက်လှမ်းမှုတွင် ပါဝင်ခဲ့သလို စုံစမ်းစစ်ဆေးသူများ၊ သုတေသီများနှင့် အခြားနိုင်ငံများ၏ ရပ်တည်ချက်များကို အထင်အမြင်လွဲမှားစေရန် အန္တရာယ်ရှိသောလုပ်ဆောင်မှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဆိုက်ဘာခြိမ်းခြောက်မှုဟု စွပ်စွဲထားသည့် “Volt Typhoon” ကို စုံစမ်းစစ်ဆေးမှုအရ သိရသည်။
“Volt Typhoon” အော်ပရေးရှင်းသည် ဧကန်စင်စစ်တွင်မူ အမေရိကန်အစိုးရကိုယ်တိုင်၏ နိုင်ငံ‌ရေးဟာသတစ်ခုဖြစ်ကြောင်း “Volt Typhoon III: အမေရိကန်အစိုးရဌာနများက လုပ်ဆောင်သော ဆိုက်ဘာထောက်လှမ်းမှုနှင့် သတင်းအချက်အလက်မှားဖြန့်ဝေမှုကမ်ပိန်း” ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုအစီရင်ခံစာသည် အမျိုးသား ကွန်ပျူတာဗိုင်းရပ်စ် အရေးပေါ်အခြေအနေတုံ့ပြန်ရေးစင်တာ (CVERC) နှင့် အမျိုးသား အင်ဂျင်နီယားရင်း ကွန်ပျူတာဗိုင်းရပ်စ်ကာကွယ်ရေးနည်းပညာဓာတ်ခွဲခန်းတို့က တတိယမြောက် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာလည်း ဖြစ်သည်။

၂၀၂၃ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံနှင့် ၎င်း၏ မဟာမိတ် “Five Eyes” တို့က “Volt Typhoon” ဟု အမည်ရှိသော ဟက်တာအဖွဲ့တစ်ဖွဲ့က အမေရိကန်၏ အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုအဖွဲ့မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားကြောင်း ဖော်ပြထားသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် CVERC က လေ့လာဆန်းစစ်မှုပြုတစ်ခု ဦးဆောင်ပြုလုပ်ခဲ့ရာ “Volt Typhoon” ဇာတ်လမ်းမှာ အမေရိကန်အစိုးရက ၎င်းတို့ကို ကမ္ဘာတစ်ဝန်း စောင့်ကြည့်နေမှုနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများ ရှာဖွေဖမ်းဆီးခံရမှုမှ ကာကွယ်နိုင်ရန် ဖန်တီးထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

CVERC ၏ နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာတွင် “Volt Typhoon” သတင်းမှားကို အမေရိကန်အစိုးရဌာနများက မည်ကဲ့သို့လုပ်ကြံဖော်ပြထားပုံ၊ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ပုံနှင့် အန္တရာယ်ရှိသောလုပ်ဆောင်ပုံများနှင့် ၎င်းတို့၏ပြစ်ချက်ကို အခြားသူများအပေါ်ပုံချသည့် ဉာဏ်နီဉာဏ်နက်များ စသည့် သက်သေများစွာ ဖော်ပြထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တန်ပြန်ထောက်လှမ်းမှု အနီးကပ်လုပ်ဆောင်ရန်နှင့် ကွန်ရက်ထောက်လှမ်းမှုဆောင်ရွက်ရန် “နိုင်ငံအသီးသီး” ၏ နယ်ပယ်ဝန်းကျင်တွင် ဆိုက်ဘာစစ်ပွဲအင်အားစုများကို ကာလကြာရှည် ဖြန့်ကြက်ထားခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

ထိုကဲ့သို့ နည်းပညာဆိုင်ရာလိုအပ်ချက်များ ပြည့်စုံစေရန်အလို့ငှာ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် ၎င်းတို့၏ အော်ပရေးရှင်းများ တရားမဝင်လုပ်ဆောင်ရေး၊ လေ့လာဆန်းစစ်မှုများ ဦးတည်ချက်လွဲမှားစေရေးနှင့် အခြားနိုင်ငံများကို စွပ်စွဲပြစ်တင်ရေးအတွက် “Marble” ဟု အမည်ဝှက်ပေးထားသည့် သီးခြားပြုလုပ်ထားသော သူလျှိုကိရိယာကို တီထွင်ခဲ့သည်။

“Marble” စီမံကိန်းသည် တရုတ်၊ ရုရှား၊ ကိုရီးယား၊ ပါရှားနှင့် အာရပ် စသည့်ဘာသာစကားများစွာ ထည့်သွင်းနိုင်စွမ်းရှိသည့် သိက္ခာမဲ့သောလုပ်ရပ်ဖြစ်သည်။ ယင်းမှာ စုံစမ်းစစ်ဆေးသူများကို အထင်အမြင်လွဲမှားစေရန် နှင့် တရုတ်၊ မြောက်ကိုရီးယား၊ အီရန်နှင့် အာရပ်နိုင်ငံများကို သိက္ခာချရန် ရည်ရွယ်ထားသည်မှာ ရှင်းလင်းထင်ရှားကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုအစီရင်ခံစာအရ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများသည် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်စောင့်ကြည့်ရေးကွန်ရက်ကို တည်ထောင်ခဲ့ပြီး လွန်စွာအရေးပါသော ထောက်လှမ်းမှု အမြောက်အမြား လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ ယင်းမှာ နိုင်ငံတစ်နိုင်ငံက သံတမန်ရေး၊ စစ်ဘက်ရေးရာများ၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ စသည်တို့ကို အခြားနိုင်ငံများထက် ပိုမိုလျင်မြန်စွာ အစဉ်အမြဲ ရရှိနိုင်စေကြောင်း သိရသည်။

ထိုသို့ ကျယ်ပြန့်လှသော ‌ထောက်လှမ်းရေးအစီအစဉ်သည် နှစ်စဉ်ဘတ်ဂျက်အခိုင်အမာလိုအပ်ကြောင်း၊ အင်တာနက်အချက်အလက် ကြီးမားများပြားစွာတိုးတက်လာမှုနှင့်အတူ ရန်ပုံငွေတောင်းဆိုမှုကလည်း မြှင့်တက်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။ ဤအချက်မှာ “Volt Typhoon” အော်ပရေးရှင်း လုပ်ကြံဖန်တီးခြင်းနှင့် တိုးမြှင့်ခြင်း လုပ်ဆောင်ခဲ့သော ၎င်း၏ထောက်လှမ်းရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမေရိကန်အစိုးရ၏ ပင်မအကြောင်းရင်းများစွာအနက် တစ်ခုဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

လွန်ခဲ့သောနှစ်များစွာအတွင်း အမေရိကန်အစိုးရသည် ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားများအဖြစ် လုပ်ဆောင်သည့်နည်းလမ်းဖြင့် ဆိုက်ဘာတိုက်ခိုက်မှုကို နိုင်ငံရေးအဖြစ်အသုံးချလျက်ရှိသည်။ စင်စစ်တွင်မူ တရုတ်နိုင်ငံက ဆိုက်ဘာလုံခြုံရေးဖြစ်ရပ်များတွင် နည်းပညာပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုများအား တစ်စိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်နေသူပင်ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများနှင့် သုတေသနအဖွဲ့များအနေဖြင့် နည်းပညာခြိမ်းခြောက်မှုကာကွယ်ရေး အဆင့်မြှင့်တင်ခြင်း၊ သုံးစွဲသူများကို အရည်အသွေးမြင့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးအပ်ခြင်း စသည်တို့အပေါ် အလေးထားရန် အစီရင်ခံစာက တိုက်တွန်းထားသည်။ ယင်းအချက်က ပိုမိုကောင်းမွန်သော အင်တာနက်တိုးတက်မှုကို အထောက်အကူပြုပေးလိမ့်မည်သာဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)

……………………………………..
(English Version)
Report reveals more conspiracies behind U.S. “Volt Typhoon” misinformation campaign
BEIJING, Oct. 14 (Xinhua) — U.S. intelligence agencies have been engaged in cyber espionage globally and have implemented “false flag” operations to mislead investigators and researchers and frame other countries, according to an investigation into the alleged cyber threat known as “Volt Typhoon.”
The “Volt Typhoon” operation is in fact a political farce staged by the U.S. government itself, said the report, titled “Volt Typhoon III: A Cyber Espionage and Disinformation Campaign Conducted by U.S. Government Agencies.”
The report is the third of its kind released by the National Computer Virus Emergency Response Center (CVERC) and the National Engineering Laboratory for Computer Virus Prevention Technology.
In May 2023, the United States and its “Five Eyes” allies released an advisory, claiming that a hacker they labeled “Volt Typhoon” had launched espionage activities targeting U.S. critical infrastructures and the organization was endorsed by the Chinese government.

In response, the CVERC has led an attribution analysis, revealing that the “Volt Typhoon” narrative was devised by the United States to protect its warrant-less global surveillance as well as the political and economic interests of stakeholders.
In its latest report, the CVERC disclosed more evidence of how U.S. government agencies fabricate the false narrative of “Volt Typhoon” and launch cyberattacks and “false flag” operations, as well as their tricks of accusing others to cover for their own guilt.
According to the report, the United States has long deployed cyber-war forces in the surrounding areas of “adversary countries” to conduct close-in reconnaissance and network penetration.
In order to satisfy those tactical needs, U.S. intelligence agencies have developed a customized stealth toolkit codenamed “Marble” to cover up their operations, mislead attribution analysis, and blame on other countries.
The “Marble” framework has a dirty feature — the ability to insert strings in various languages, such as Chinese, Russian, Korean, Persian and Arabic, noted the report. This is clearly intended to mislead investigators and defame China, Russia, the Democratic People’s Republic of Korea, Iran and Arab countries, said the report.
According to the report, U.S. intelligence agencies have established a global internet surveillance network, generating a large amount of high-value intelligence. This has enabled the country to consistently stay ahead of the curve in diplomacy, military affairs, economics, and science and technology, according to the report.

Such an extensive surveillance program requires a substantial annual budget, and with the explosive growth of internet data, the demand for funding is bound to rise. This is one of the main reasons the U.S. government, in collaboration with its intelligence agencies, devised and promoted the “Volt Typhoon” operation, said the report.
Over the years, the U.S. government has kept politicizing cyberattack attribution in a way that serves its own interests, said the report. In contrast, China has consistently opposed the political interference in technical investigations into cybersecurity incidents.
The report called on cybersecurity firms and research institutes to focus on advancing threat prevention technologies and delivering quality products and services to users. This, it said, will contribute to the healthier development of the internet.