Connect with us

China

စိုးရိမ်မှုမှ ချစ်ခြင်းမေတ္တာဆီသို့၊ ဩစတြေးလျကျောင်းဆရာတစ်ဦး၏ တရုတ်နိုင်ငံသို့ စူးစမ်းလေ့လာမှုခရီးစဉ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် မြို့တော် ရှီးအန်းတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ဂျိမ်းစ်ဝုဒ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ဂျိမ်းစ်ဝုဒ် အမည်ရှိသော ဩစတြေးလျကျောင်းဆရာတစ်ဦးသည် ယနေ့အချိန်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၌ တရုတ်လူမျိုး ဇနီးသည်၊ သမီးလေးတစ်ဦးနှင့်အတူ နေထိုင်ကာ တရုတ်ကျောင်းသားများကို ပညာသင်ကြားပေးသည့် ‌ကျောင်းဆရာတစ်ဦး၏ဘဝကို လွန်ခဲ့သော ၁၀ နှစ်‌ကျော်အကြာက စိတ်ကူးယဉ်မျှော်မှန်းထားခြင်းမရှိခဲ့ပေ။
“ကျွန်တော် တရုတ်နိုင်ငံမှာ ရေရှည်နေထိုင်ဖို့ စီစဉ်ထားတယ်။ ကျွန်တော်ရဲ့ ကျန်တဲ့ဘဝကိုလည်း ဒီမှာပဲနေတော့မယ်လို့ စဉ်းစားထားတယ်” ဟု အသက် ၄၄ နှစ်အရွယ် ဝုဒ်က ဆင်ဟွာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် နေထိုင်သော ၎င်း၏တစ်ကိုယ်ရေသီးသန့်အတွေ့အကြုံက ယခင်က ဝုဒ်ကြားသိခဲ့ရဖူးသော ထင်မြင်ချက်များနှင့် လွန်စွာပင်ခြားနားလျက်ရှိသည်ဟု ဆိုသည်။
ဝုဒ်သည် အသက် ၉ နှစ်အရွယ်တွင် ဗြိတိန်နိုင်ငံမှ ဘရစ္စဘိန်းမြို့သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ကလေးဘဝအရွယ်က မျောက်မင်းရုပ်ရှင်ဇာတ်ကားနှင့် အံ့ဖွယ်မဟာတံတိုင်းကြီး ရုပ်ပုံများကို ကြည့်ရှုခဲ့ရကာ ငယ်ရွယ်သောအသက်အရွယ်ကတည်းက တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားလာခဲ့သည်။ သို့ရာတွင် ဝုဒ်တွေးထင်ထားသော တရုတ်နိုင်ငံအကြောင်းကား ကောင်းမွန်လှသည်တော့မဟုတ်ခဲ့ပေ။
“မီဒီယာတွေကနေတစ်ဆင့် ကျွန်တော်သိခဲ့ရတဲ့ စိုးရွံ့မှုတွေနဲ့ သတင်းမှားတွေက အစောပိုင်းကာလ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ ကျွန်တော့်ကို အတားအဆီးဖြစ်စေခဲ့တယ်” ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်အကြာက ဝုဒ်သည် ဇနီးသည်နှင့် တွေ့ဆုံခဲ့ပြီး ဇနီးသည်၏ ညီအစ်မ မင်္ဂလာပွဲတက်ရောက်ရန် တရုတ်နိုင်ငံသို့ ၂၀၁၅ ခုနှစ်က ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံအပေါ် ၎င်း၏ပထမဆုံးအမြင်များမှာ အံ့ဩမှုနှင့် လေးစားမှု ရောပြွန်းနေခဲ့သလို ၎င်းကနေအိမ်ဟု ခေါ်ဆိုခဲ့သောနေရာနှင့် လွန်စွာမှပင်ကွာခြားနေကြောင်း ဝုဒ်က ဝန်ခံခဲ့သည်။
“မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုက အဓိကပါပဲ။ တွန်းအားပေးခြင်းကတစ်ဆင့် လေ့လာသင်ယူခြင်းနဲ့ လက်တွေ့ကျင့်သုံးခြင်းတွေက ကျွန်တော့်ဘဝမှာဖြစ်ပျက်ခဲ့တာတွေထဲ အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြန်လည်အောက်မေ့လျက် ပြောပြခဲ့သည်။
ထို့နောက် ဝုဒ်သည် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တစ်နှစ်ပြောင်းရွှေ့ခဲ့ပြီးနောက် ထိုအချိန်မှစ၍ ၎င်းတွင် “တရုတ်နိုင်ငံကို ချစ်ခင်မြတ်နိုးစိတ် ရှင်သန်ကြီးထွားလာကာ ဒါငါ့အိမ်ဟူ၍ပင် ခေါ်ဆိုခဲ့သည်။”

နေထိုင်ရန်ကောင်းမွန်သော နိုင်ငံ

ဝုဒ်အတွက် အထင်ကြီးလေးစားစရာအကောင်းဆုံးအရာမှာ “လိုက်လျောညီထွေရှိပြီး ကြင်နာတတ်သော တရုတ်လူမျိုးများပင်ဖြစ်ကြောင်း” တောင်တက်သွားခဲ့စဉ်အချိန်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံကို ပြန်လည်အမှတ်ရလျက် ဝုဒ်က ပြောခဲ့သည်။ ၎င်းအနေဖြင့် တောင်ထိပ်ပေါ်ရောက်သွားခဲ့ချိန်က ဒေသခံအချို့က ၎င်းအတွက် လက်ဖက်ရည်ဖျော်တိုက်ကြကာ စားစရာမုန့်များကိုလည်း ဝေမျှ‌ကျွေးမွေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“သူတို့က ချက်ချင်းပဲ ခုံတွေဆွဲယူပြီး ကျွန်တော့်ကိုထိုင်ခိုင်းကြတယ်။ လက်ဖက်ရည်ဖျော်တိုက်ကြတယ်။ အသီးတွေအခွံခွာကျွေးကြတယ်။ အားလုံးက ပြုံးပြုံးရွှင်ရွှင်ပဲ။ ဟန်ဆောင်မှုကင်းပြီး ချစ်စရာကောင်းသူတွေပါ” ဟု ဝုဒ်က ပြောသည်။
အဆိုပါ နှစ်များစွာအတွင်း ဝုဒ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တာ့လီနှင့် လီကျန်း လူမျိုး မြို့များ၊ ဆန်းတုန်းပြည်နယ်ရှိ ချင်းသောင်ကမ်းရိုးတန်းမြို့၊ ဆန်ရှီးပြည်နယ် ရှီးအန်းရှေးဟောင်းမြို့တော်၊ ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်နှင့် ကွမ်ကျိုးမြို့များ အပါအဝင် နေရာများစွာသို့ ခရီးပြုခဲ့သည်။ ၎င်းအနှစ်သက်ဆုံးနေရာမှာ ရှမန်မြို့နှင့် ဟန်ကျိုးမြို့ဖြစ်သည်။
“အဲဒီမြို့တွေက သေသေချာချာကို ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့ မြို့တွေပဲ။ ရှမန်မှာ တောင်ငယ်လေးတွေ၊ သမုဒ္ဒရာနဲ့ ပန်းခြံတွေရှိတယ်” ဟု ဝုဒ်က ဆိုသည်။
ထိုသို့ခရီးသွားခြင်းက ၎င်းအား တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်စေပြီး ၎င်း၏မွေးရပ်နိုင်ငံနှင့် ကွဲပြားခြားနားသော ယဉ်ကျေးမှုအမျိုးမျိုးကို သတိပြုမိစေသည်။
“တရုတ်နဲ့ ဩစတြေးလျလို နိုင်ငံတွေမှာ မတူညီတဲ့လမ်းတွေအများကြီး ပေါ်ထွက်လာခဲ့တယ်။ ဒါပေမဲ့ နှစ်နေရာလုံးမှာ ဆင်တူတဲ့အရာတွေလည်း ရှိတယ်” ၊ ယင်းတို့မှာ အဆောက်အအုံများ၊ ကော်ဖီဆိုင်များ၊ မော်တော်ကားများ၊ သစ်ပင်များနှင့် အသင့်စား စားသောက်ဆိုင်များ စသည်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း ဝုဒ်က သက်သေပြုပြောပြခဲ့သည်။ ၎င်းအနေဖြင့် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ရောက်ရှိလာစဉ်က ဖူကျိုးမြို့တွင် မြေအောက်မီးရထားစနစ်မရှိသေးသော်လည်း ယခုအခါ ရထားလိုင်းငါးလိုင်းရှိလာကာ ရထားလမ်း ၁၃၉ ကီလိုမီတာအထိ ရှိလာပြီဖြစ်သည်။ “အခြေခံအဆောက်အအုံနဲ့ နည်းပညာတွေက အရမ်းကိုတိုးတက်လာတယ်။ အထပ်မြင့်အဆောက်အဦတွေ၊ ဈေးဝယ်စင်တာတွေနဲ့ ကော်ဖီဆိုင်တွေက နေရာတိုင်းမှာ ပေါ်ထွက်လာတယ်” ဟု ၎င်းက ပြောခဲ့သည်။
ဩစတြေးလျနိုင်ငံတွင် သတင်းအချက်အလက်နည်းပညာ (IT) ဖြင့် အလုပ်လုပ်ကိုင်ခဲ့သော ဝုဒ်သည် ယခုအခါ ဖူကျိုးမြို့ရှိ နိုင်ငံတကာကျောင်းတွင် ဒစ်ဂျစ်တယ်ဒီဇိုင်းနှင့် သတင်းအချက်အလက်နည်းပညာကျောင်းဆရာအဖြစ် လုပ်ကိုင်လျက်ရှိပြီး ထိုကျောင်း၌ အသက် သုံးနှစ်အရွယ် ၎င်း၏သမီးလည်း ပညာသင်ကြားလျက်ရှိသည်။ ၎င်း၏သမီးလေးမှာလည်း တရုတ်နိုင်ငံပညာရေးမှ အကျိုးကျေးဇူးရရှိနိုင်သလို တရုတ်တန်ဖိုးများကိုလည်း လေ့လာနိုင်ရန် တရုတ်နိုင်ငံတွင်ပင် ဆက်လက်နေထိုင်လိုကြောင်း ဝုဒ်က ပြောပြခဲ့သည်။
ဝုဒ်က “တရုတ်နိုင်ငံမှာ အံ့ဩစရာကောင်းတဲ့စာသင်ကျောင်းတွေရှိတယ်။ ကလေးတွေက ငယ်ရွယ်စဉ်ကစပြီး အများကြီးလေ့လာသင်ယူနိုင်တယ်။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တချို့လည်း တရုတ်နိုင်ငံမှာ ရှိတယ်။ ကျွန်တော်တို့စီမံကိန်းကတော့ ဒီမှာပဲ အခြေချပြီးတော့ ကျွန်တော်တို့သမီးလေးကို ပိုမိုဘေးကင်းပြီး ‌ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းစေဖို့ပါပဲ” ဟု ပြောခဲ့သည်။

သတင်းများနှင့် ကွဲပြားခြားနားနေခြင်း

တရုတ်နိုင်ငံနှင့်ပတ်သက်၍ အနောက်မီဒီယာများ၏ သွားပုပ်လေလွင့်ပြောဆိုရေးသားမှုများတွင် ပါဝင်သော ဘေးကင်းလုံခြုံမှုကိစ္စရပ်အပေါ်လည်း ဝုဒ်က ပြောကြားခဲ့သည်။ “အနောက်မီဒီယာတွေက တရုတ်နိုင်ငံကို တရားမျှတမှုမရှိတဲ့နိုင်ငံ၊ ပြည်သူတွေကလည်း အဖွဲ့အစည်းတစ်ခုကနေ အစဉ်အမြဲစောင့်ကြည့်ထိန်းချုပ်ခံနေရတဲ့နိုင်ငံ စသဖြင့် မကြာခဏဆိုသလို ရေးသားဖော်ပြနေကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ တစ်ခြားစီပါပဲ။ လူမှုဘဝတွေကပုံမှန်ပါပဲ။ ပြောရရင် ကျွန်တော်နေထိုင်ခဲ့ဖူးတဲ့နေရာတွေအနက် အလုံခြုံဆုံးထဲက နေရာတစ်ခုပါပဲ” ဟု ဝုဒ်က ၎င်း၏ အမြင်ကို ပြောခဲ့သည်။
ထို့ပြင် အနောက်မီဒီယာအချို့က တရုတ်စီးပွားရေးကိုလည်း “အရည်အသွေးနိမ့်ပြီး အတုအပပစ္စည်းတွေပေါ်ပဲ အခြေခံထားကြောင်း” ဖော်ပြထားသော်ငြားလည်း ဝုဒ်အနေဖြင့် ခံစားရသည်မှာမူ တရုတ်နိုင်ငံက “မိုဘိုင်းငွေပေးချေမှုတွေ၊ လျှပ်စစ်ကားတွေ စတဲ့နယ်ပယ်တွေမှာ ဦးဆောင်နေသလို အစိမ်းရောင်စွမ်းအင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာလည်း ကမ္ဘာ့ဦးဆောင်သူ” ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်အစိုးရမှာ “ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုဖြင့် မွန်းကျပ်နေကြောင်း” အနောက်မီဒီယာက ဖော်ပြထားသည်ဟု ၎င်းက ဆိုသည်။
“ဒါပေမဲ့ ခင်ဗျား တကယ်ရောက်လာခဲ့မယ်ဆိုရင်တော့ နည်းပညာနဲ့ သိပ္ပံပညာဆိုင်ရာလုပ်ငန်းတွေ ဘယ်လောက်တောင် ထွန်းကားနေလဲဆိုတာ မျက်မြင်ကိုယ်တွေ့ မြင်ရမှာပါ” ဟု အိုင်တီပညာရှင် ဝုဒ်က ပြောခဲ့သည်။ တရုတ်နိုင်ငံသည် AI နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့် နယ်ပယ်တွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြောင်း ဝုဒ်က ပြောခဲ့သည်။
“သတင်းမှာ ဖော်ပြထားတာနဲ့ တကယ့်လက်တွေ့ ကွာခြားပုံကို တစ်ကြိမ်လောက် ရောက်လာရုံနဲ့တင် ဘယ်လောက်တောင်ကြီးမားလဲဆိုတာ သိသွားမှာပါ” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စိုးရိမ်မှုသည် နားလည်မှုနည်းပါးခြင်းကြောင့်ဖြစ်မည်ဟု ၎င်းအနေဖြင့် ထင်မြင်မိသည်။ “အနောက်နိုင်ငံတွေက ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးကို လွှမ်းမိုးနေသူတွေပဲ။ အခုဆိုရင် တရုတ်နိုင်ငံက အလျင်အမြန်တိုးတက်လာပြီးတော့ သူတို့နေရာကို လာစိန်ခေါ်နေပြီဆိုတာကို သူတို့မသိကြဘူး” ဟု ၎င်းက ပြောခဲ့သည်။
“တရုတ်နိုင်ငံက ဘယ်လိုလုပ်နေလဲဆိုတာကို အပြည့်အဝနားမလည်တဲ့အခါကျတော့ သူတို့က စိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေကိုပဲ ဖန်တီးနေကြတာ။ တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုပုံစံအဖြစ်ပဲ အရောင်ဆိုးနေပြီးတော့ စည်းကြပ်ခွန်တွေ၊ စစ်အသုံးစရိတ်တွေ၊ လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်မှုတွေကို ပိုပြီးတင်းကြပ်ရေး စတဲ့မူဝါဒတွေပဲ ချိန်ညှိလုပ်ဆောင်နေကြတယ်” ဟု ဝုဒ်က ဆက်ပြောသည်။
IT ကဏ္ဍတွင်ကြည့်မည်ဆိုပါကလည်း အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံက semiconductor များနှင့် AI စသည့်နယ်ပယ်များတွင် တင်းကြပ်မှုများနှင့် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ခဲ့ကြကြောင်း ဝုဒ်က မှတ်ချက်ပြုခဲ့သည်။
“အဲဒါတွေရဲ့ပန်းတိုင်က အတူတူလုပ်ဆောင်ဖို့ထက် တရုတ်ကိုအရှိန်လျော့ကျသွားအောင်လုပ်ဖို့သာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီပိတ်ဆို့မှုတွေက ဒေသခံစက်မှုလုပ်ငန်းတွေ ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ တီထွင်ဆန်းသစ်မှုလုပ်ဖို့ ရိုးရိုးလေးနဲ့တွန်းအားပေးလိုက်တာပါပဲ။ အချိန်ကာလကြာလာတာနဲ့အမျှ ဒါတွေက တရုတ်နိုင်ငံကို ကိုယ့်ကိုယ်ကိုယ်ပိုအားကိုးပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိစေဖို့ လုပ်ဆောင်ပေးလိုက်တာပါပဲ” ဟု ၎င်းက ဆိုသည်။

တိုးတက်မှုကိုလှစ်ဟပြနေသော တရုတ်နိုင်ငံ

၎င်း၏ကိုယ်ပိုင်အတွေ့အကြုံကို ပြန်ပြောင်းအောက်မေ့လျက် ဝုဒ်က ဧကန်စင်စစ် တရုတ်နိုင်ငံအကြောင်းကို အနောက်နိုင်ငံသားများအား ပြောပြရန် အကောင်းဆုံးနည်းလမ်းမှာ တိုက်ရိုက်၊ ကိုယ်တိုင်တွေ့ကြုံခံစားမှုပင် ဖြစ်သည်။ ခရီးသွားလာခြင်းဖြင့် ယဉ်ကျေးမှုကူးလူးဖလှယ်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများက တရုတ်နိုင်ငံ၏ တကယ့်လက်တွေ့ဘဝကို ၎င်းတို့ကိုယ်တိုင် သိရှိခံစားနိုင်စေရန် အထောက်အကူပြုပေးမည် ဖြစ်သလို ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပလက်ဖောင်းများကလည်း ၎င်းတို့၏အတွေ့အကြုံများ၊ ရှုမြင်ပုံများကို ဝေမျှရန် တစ်ဦးတစ်ယောက်ချင်းစီကို ကမ်းလှမ်းလျက်ရှိနေပေသည်။
ထို့ကြောင့် ဝုဒ်သည်လည်း တရုတ်နိုင်ငံတွင် နေထိုင်စဉ် ၎င်း၏အတွေ့အကြုံများနှင့် ထင်မြင်ချက်များကို ဆိုရှယ်မီဒီယာပေါ်၌ မျှဝေရေးသားခဲ့သည်။
ဝုဒ်က “တရုတ်နိုင်ငံက ထုတ်ဖော်ပြသခြင်း – အ‌ရှေ့ဘက်သို့ ပြောင်းရွှေ့နေထိုင်မှုက ကျွန်ုပ်၏ အနောက်တိုင်းအထင်အမြင်လွဲမှားမှုကို ချေဖျက်ပေးခြင်း” ဟု အမည်ပေးထားသော နောက်ဆုံးဆောင်းပါးကို လူမှုမီဒီယာ X ပေါ်တွင် မျှဝေခဲ့သည်။ ထို့ပြင် ဝုဒ်သည် “LivingChina” စီးရီးအတွက် ဗီဒီယိုများကိုလည်း မကြာခဏ ပို့စ်တင်ခဲ့သည်။
“ကျွန်တော်က ပထဝီနိုင်ငံရေးတွေ၊ ဒီမှာနေထိုင်တဲ့နေ့ရက်တွေတိုင်း၊ လျင်မြန်စွာတိုးတက်နေတဲ့ နည်းပညာတွေနဲ့ ယဉ်ကျေးမှုအမျိုးမျိုးတွေ ဒါတွေကို အနောက်နိုင်ငံက မကြာခဏနားလည်မှုလွဲမှားနေတဲ့ အကြောင်းအရာတွေကို အဓိကထားဖော်ပြလေ့ရှိပါတယ်” ဟု ဖော်လိုဝါ (follower) ၁၁,၀၀၀ ရှိကာ ကောင်းမွန်သောတုံ့ပြန်မှတ်ချက်များစွာ ရရှိထားသည့် ဝုဒ်က ဂုဏ်ယူစွာပြောပြခဲ့သည်။
ဝုဒ်၏ကြိုးပမ်းအားထုတ်မှုများ၏ ရလဒ်အဖြစ် ၎င်း၏ မိတ်ဆွေများနှင့် မိသားစုက တရုတ်နိုင်ငံအပေါ် ပိုမိုသိချင်စိတ်ပြင်းပြလာကြသလို အမြင်ပွင့်လင်းလာခဲ့သည်ဟု ဆိုသည်။ သို့သော်ငြားလည်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် ၎င်းတို့ကိုယ်တိုင် လာရောက်လေ့လာရန် ဝုဒ်က ပြောကြားခဲ့ချိန်တွင် အချို့မှာ တုံ့ဆိုင်းနေကြဆဲပင်ဖြစ်သည်။ “စိတ်ခံစားမှုပိုင်းဆိုင်ရာ အတားအဆီးတွေကို ချေဖျက်ဖို့ကတော့ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆက်ပြီးလုပ်ဆောင်နေဦးမှာပါပဲ” ဟု ဝုဒ်က ဆိုသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များမှာလည်း တရုတ်နိုင်ငံသို့ ဝုဒ် ပထမဆုံးရောက်ရှိချိန်ကထက် ယခုအခါ ပိုမိုသွက်လက်မြန်ဆန်လာပြီဖြစ်ကြောင်း သိရသည်။ “တရုတ်နိုင်ငံက နိုင်ငံတကာခရီးသွားဧည့်သည်တွေအပေါ် တကယ့်ကို တံခါးဖွင့်ကြိုဆိုနေပါတယ်။ အခုဆိုရင် နိုင်ငံအတွင်းဝင်ရောက်လာဖို့နဲ့ လည်ပတ်ဖို့ ပိုပြီး လွယ်ကူအဆင်ပြေနေပါပြီ” ဟု ဝုဒ်က ပြောခဲ့သည်။
ထို့ပြင် ရှေးဟောင်းသမိုင်းဝင်နှင့် ခေတ်မီမြို့များ အတူယှဉ်တွဲရှိနေမှုများ၊ နည်းပညာနှင့် အစားအသောက်များကလည်း နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားခြင်းဖြစ်သည်ဟု ဝုဒ်က ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
“တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ စဉ်းစားနေတဲ့သူတွေကို ကျွန်တော်ပြောချင်တာကတော့ လုံးဝကို ကွဲပြားခြားနားတဲ့အတွေ့အကြုံရရှိစေမှာဖြစ်ပြီး ခင်ဗျားတို့ တစ်ခါလောက် လာရောက်ခဲ့ဖူးတာနဲ့ တရုတ်နိုင်ငံအပေါ် စစ်မှန်တဲ့အမြင် လုံးဝရရှိသွားမှာပါ” ဟု ဝုဒ်က ဆိုသည်။ (Xinhua)
……………………………………..
(English Version)
Feature: From fear to love, an Australian teacher’s journey of discovery in China
FUZHOU, Oct. 19 (Xinhua) — More than 10 years ago, Australian man James Wood couldn’t have imagined the life that he has today: living with his Chinese wife and daughter in east China’s Fujian Province, working as a teacher of Chinese students.
“I plan to live in China long term and if I have my way, I will stay here for the rest of my life,” said the 44-year-old in an interview with Xinhua, noting that his personal experience in China has shattered the negative preconceptions he once had.
Wood moved to Brisbane from Britain when he was nine years old. He became interested in Chinese culture at a young age, watching the Monkey King as a child and marveling at pictures of the Great Wall. However, his preconceptions about China were not good.
“It was the fear and the misinformation that was fed to me via the media that stopped me from visiting China earlier,” he said.
About 10 years ago, he met his wife, making his first visit to China in 2015 to attend the wedding of his wife’s sister. He admitted that his first impressions of China were a mix of shock and awe, because China was so different from the place he called home.
“But persistence was key. Pushing through, learning and adapting was the best thing to ever happen in my life,” he recalled.
He subsequently moved to China for a year in 2018, since which time, he has “grown to love China and call China my home.”
A COUNTRY TO STAY IN
What impressed him most was “how accommodating and kind the Chinese people were,” Wood said, recalling a particular moment while he was out hiking. When he reached the top of a hill, he saw some local people making tea and sharing snacks.
“They immediately pulled out a chair, asked me to sit down and made me some tea, peeled fruit for me, and all the while, they were wearing warm smiles,” he said. “They were genuine and lovely people.”
Over the years Wood has traveled to lots of places, including the picturesque Dali and Lijiang ethnic cities in southwest China’s Yunnan Province, the coastal resort Qingdao in Shandong, the ancient capital Xi’an of Shaanxi, and the prosperous Shenzhen and Guangzhou in Guangdong. His favorite cities were Xiamen and Hangzhou.
“They are well-designed cities,” he said. “Xiamen has small mountains, ocean and parks.”
While his travels have allowed him to understand China better, he has also noticed various cultural differences from his own country.
“China and countries like Australia have evolved on a very different road, but there are familiar things in both places,” he said, listing buildings, cafes, cars, trees and fast-food restaurants, among others.
He also witnessed the rapid development of the country. When he first arrived, Fuzhou had no metro system, but now the city boasts five lines stretching 139 kilometers. “The infrastructure and technology develops so fast, I was gob-smacked at the new apartment buildings, malls and cafes that were popping up all over the place,” he said.
Having worked in Information Technology (IT) for years in Australia, Wood is now a digital design and information technology teacher at an international school in Fuzhou, where his three-year-old daughter attends kindergarten. He would like to stay in China so that his child can benefit from the education and learn Chinese values.
“China is home to some amazing schools. Children learn more from a younger age and China is also home to some of the world’s best universities,” he said. “Our plan is to build our base here and allow our daughter to thrive in a safer and more level-headed environment.”
DIFFERENT FROM REPORTS
Wood said the issue of safety is one area in which the Western media smears China. “Western media often portrays China as a dystopian, heavily controlled society where people are constantly being watched,” he said. “But the reality is far from that. … Life feels normal and it’s actually one of the safest places I’ve lived.”
While China’s economy is described as “based on low quality and copycat products” by some Western media, Wood feels that the country “is leading the way in areas like mobile payments and electric vehicles, and the world leader in green energy infrastructure investment.”
He said that China’s government is described in the Western media as “stifling innovation and creativity.”
“But when you’re here, you see just how fast the tech and science industries are evolving,” said the IT professional, adding that China is investing heavily in areas like AI and renewable energy.
“The difference between what’s reported and what’s real is huge once you experience life here first-hand,” he said.
He believes that the fear in Western countries regarding China comes from a lack of understanding. “Western countries are used to being the dominant players in global politics and the economy, and now they’re seeing China rise so quickly that it’s challenging their position,” he said.
“That can create anxiety and fear, especially when they don’t fully understand how China operates,” he continued. “By painting China as a threat, it justifies certain policies, whether it’s tariffs, military spending, or stricter immigration controls.”
Regarding the IT industry, Wood noted that there are more restrictions and sanctions from the West, especially the United States, particularly in areas like semiconductors and AI.
“It does seem like the goal is to slow China down rather than work together,” he said. “However, these sanctions are simply pushing local industries to innovate even faster. In the long term, this might just make China more self-reliant and competitive.”
SHOWING CHINA TO OTHERS
Reflecting on his own experience, Wood said the best way to tell Westerners about the real China is through direct, personal experience. While travel, cultural exchanges and business opportunities can help people see for themselves what life is really like here, social media and online platforms also offer ways for individuals to share their own stories and perspectives.
With this in mind, he has taken to social media to share his own experiences and perspectives on China. On X, he shared his latest article titled “China unveiled: how moving East shattered my Western illusions”. He has also frequently posted videos for his “LivingChina” series.
“I focus on stories that highlight geopolitics, everyday life here, the rapid technological advancements and the cultural differences that often get misunderstood in the West,” said Wood, who proudly boasts 11,000 followers, adding that he has received lots of positive feedback.
As a result of his efforts, some of his friends and family became more curious and open-minded about China. However, some others are still hesitant when he recommends they visit and see for themselves. “It’s hard to break those mental barriers, but I’m working on it,” he said.
According to Wood, the immigration process is more streamlined now than when he first came to China. “China is really opening up to international visitors,” said Wood. “It’s just easier to enter and move around the country now.”
In his view, the co-existence of ancient history and futuristic cities, the technology and the food are all appealing to foreign visitors.
“What I’d say to anyone considering a visit is: it’s a completely different experience, and once you’re here, you’ll likely gain a whole new perspective on China.”
Photo: James Wood poses for a photo in Xi’an, capital of northwest China’s Shaanxi Province in November 2023. (Xinhua)