Connect with us

Social

မြန်မာနိုင်ငံ၌ လျှပ်စစ်မီတာခ တိုးမြှင့်လာခြင်းက ဆိုလာရွေးချယ်အသုံးပြုမှုကို တွန်းအားဖြစ်ပေါ်စေ

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင် ရွေးချယ်အသုံးပြုမှုများလာခြင်းများက စက်သုံးဆီဈေးနှုန်းများနှင့် လျှပ်စစ်မီတာခများ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်စွမ်းအင်သစ် ကုမ္ပဏီတစ်ခုဖြစ်သည့် Sandisolar ၏ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာသီသီစိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ထို့အပြင် ဆိုလာထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်း ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာခဲ့ခြင်းက ဆွဲဆောင်မှု ရှိသော ရွေးချယ်စရာ ဖြစ်လာစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆိုလာစွမ်းအင် ရွေးချယ်ရခြင်းအကြောင်းမှာ လျှပ်စစ်မီးရရှိမှု မတည်ငြိမ်မှုနှင့် လျှပ်စစ်မီတာခများ တိုးမြင့်ခြင်းကြောင့် ဖြစ်ကြောင်း ဆိုလာစွမ်းအင်အသုံးပြုရန် ရွေးချယ်ခဲ့သူ ဒေါ်သီတာထွန်းနှင့် ဦးချိုက်ဆိုင်တို့က ပြောကြားခဲ့သည်။

အသက် ၆၆ နှစ်အရွယ်ရှိ ဒေါ်သီတာထွန်းက “နေရောင်ခြည်စွမ်းအင်ကနေ သဘာဝအလင်းရောင်ကို အသုံးချဖို့ တိုက်တွန်းချင်ပါတယ်။ လျှပ်စစ်ကို အားကိုးနေမယ့်အစား သဘာဝအတိုင်းတည်ရှိပြီး ပေါကြွယ်ဝတဲ့ နေရောင်ခြည်ကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အသက် ၄၆ နှစ်အရွယ် ဦးချိုက်ဆိုင်က တရုတ်နိုင်ငံထုတ် ဆိုလာပြားများအား ကြိုက်နှစ်သက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကာ မြန်မာနိုင်ငံ၌ ယင်းဆိုလာပြားများ လူကြိုက်များရေပန်းစားကြောင်း သတိပြုမိပြီး ယင်းဆိုလာပြားများက တည်ငြိမ်သော စွမ်းအင်နှင့် အလင်းရောင်ကို ပေးစွမ်းနိုင်ပြီး လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ ပျက်စီးနိုင်သည့် မကြာခဏ မီးလာလိုက် ပျက်လိုက် အခြေအနေများကို ကာကွယ်ပေးကြောင်း ပြောကြားခဲ့သည်။

“ဆိုလာစွမ်းအင်ပြောင်းလဲအသုံးပြုလိုက်ခြင်းအားဖြင့် ကျွန်တော်အိမ်အတွက် ပိုပြီး စိတ်ချရတဲ့ ၊ ရေရှည်တည်တံ့တဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆိုလာစျေးကွက်ကို Sandisolar အပါအဝင် တရုတ်ကုမ္ပဏီများက အများဆုံး ဦးဆောင် ထားကြောင်း ၊ Sandisolar သည်၂၀၂၂ ခုနှစ်တွင် ဆိုလာစီမံကိန်း ၃၆ ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စီမံကိန်းအရေအတွက် ၁၁၅ ခုအထိ တိုးလာခဲ့ကာ ၂၀၂၄ ခုနှစ်အတွက် စီမံကိန်းပေါင်း ၂၀၀ ကျော် စီစဉ်ဆောင်ရွက်နေကြောင်း ဒေါက်တာသီသီစိုးက ပြောသည်။

အဆိုပါတိုးတက်မှုက မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင်အသုံးပြုမှုတိုးလာမှုကို ပြသနေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆိုလာတပ်ဆင်မှုများက တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ပြီး နေအိမ်၊ စီးပွားရေးနှင့် စက်ရုံများအတွက် မြို့ပြနှင့် ကျေးလက်ဒေသ နှစ်ခုစလုံးတွင် ပိုမိုတွင်ကျယ်စွာ ရွေးချယ်အသုံးပြုနေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျေးလက်ဒေသများတွင် ကျေးလက်မီးလင်းရေးစီမံကိန်းများတွင် ဆိုလာစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားလက်လှမ်းမီမှု နည်းပါးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသည့် ဒေသများတွင်လည်း အသေးစား ဆိုလာကိရိယာများကို အသုံးပြုလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆိုလာစွမ်းအင်က စီးပွားရေးလုပ်ငန်းများအား ကုန်ကျစရိတ်လျှော့ချပေးပြီး တည်ငြိမ်သော ဓာတ်အား ထောက်ပံ့မှုပေးခြင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း လောင်စာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်များအသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက ဆူညံမှု မရှိဘဲ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိသော လေထုကို ဖန်တီးပေးကြောင်း ဒေါက်တာသီသီစိုးက အလေးပေး ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နှင့် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) အစီအစဉ်များ၏ ပံ့ပိုးမှုများကြောင့် ဆိုလာစွမ်းအင်စီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ကြောင်း Sandisolar ထံမှ သိရသည်။ (Xinhua)

———————————
Electricity bills drive solar adoption in Myanmar
The adoption of solar energy in Myanmar is rising due to increasing oil prices and electricity costs, along with greater market accessibility of solar products.
YANGON, Oct. 6 (Xinhua) — The adoption of solar energy in Myanmar is on the rise due to increasing oil prices and electricity costs, Thi Thi Soe, deputy general manager of Sandisolar, a Myanmar-based Chinese new energy company, told Xinhua on Friday.
Moreover, solar products and related items are increasingly accessible in the market, making them an attractive option, she said.
The reason for opting for solar energy is the unstable electricity supply and rising electricity bills, said Thida Tun and Chaik Sai, who have chosen solar energy for reliability and sustainability.
Thida Tun, 66, emphasized, “I would like to urge communities to harness natural light through solar power. Instead of relying on electricity, we can utilize sunlight, which naturally exists and is abundant.”
Chaik Sai, 46, expressed his preference to Chinese-made solar panels, noting their popularity in Myanmar. These panels can provide steady power and light, which helps prevent the frequent on-and-off situations that can damage electrical appliances.
“By switching to solar energy, I hope to create a more reliable and sustainable energy source for my home,” he added.
Myanmar’s solar market is predominantly led by Chinese companies, including Sandisolar. In 2022, Sandisolar completed 36 solar projects and that number rose to 115 in 2023, with over 200 projects planned for 2024, Thi Thi Soe said.
This growth highlights the increasing use of solar energy in the Southeast Asian country, she added.
Solar installations have been growing each year. They are more widely adopted in both urban and rural regions of Myanmar for homes, businesses and factories, she said.
In rural regions, solar systems are being implemented in rural lighting projects, and small solar devices are being utilized in areas that still lack access to electricity and face transportation challenges, she added.
Thi Thi Soe highlighted that solar energy supports businesses by reducing costs and providing steady power supply. This also helps create a quieter, more environmentally friendly atmosphere compared to using fuel-powered generators.
The expansion of solar energy projects has been supported by Lancang-Mekong Cooperation (LMC) programs and China-Myanmar cooperation programs, according to Sandisolar.■
Photo – Customers look at solar products at a store in Yangon, Myanmar, Oct. 4, 2024. (Xinhua/Myo Kyaw Soe)