Connect with us

China

တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်အတွင်း ရုပ်ရှင်လက်မှတ်ရောင်းရငွေ ယွမ် ၂.၁ ဘီလီယံ ရရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ထန်ချိန် ခရိုင်ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ ရုပ်ရှင်ပိုစတာများဘေးမှ အမျိုးသမီးတစ်ဦး ဖြတ်သန်းသွားပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် အမျိုးသားနေ့အားလပ်ရက် ကာလအတွင်း တရုတ်ပြည်တွင်း၌ ရုပ်ရှင်လက်မှတ်ရောင်းရငွေ ယွမ် ၂.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉၇ သန်းခန့်) ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ထိုအားလပ်ရက်ကာလအတွင်း စုစုပေါင်း ရုပ်ရှင်လက်မှတ်အစောင်ရေ ၅၂.၀၉ သန်း ရောင်းချနိုင်ခဲ့ကာ ပြည်တွင်းရုပ်ရှင်ကားများ၏ လက်မှတ်ရောင်းရငွေမှာ ယွမ် ၂.၀၂ ဘီလီယံ ရှိခဲ့ပြီး လက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ၉၅.၈၇ ရာခိုင်နှုန်းရှိကြောင်း အဆိုပါ ကြီးကြပ်ရေးအဖွဲ့က ဆိုသည်။
ပြည်တွင်း၌ ထုတ်လုပ်သည့် “The Volunteers: The Battle of Life and Death” ဇာတ်ကားက ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကာ အားလပ်ရက်အတွင်း ဇာတ်ကားရုံတင်ပြသမှုမှ ဝင်ငွေ ယွမ် ၈၀၅ သန်း ရရှိခဲ့သည်။ Chen Kaige က ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် အဆိုပါရုပ်ရှင်ကားမှာ သုံးတွဲဆက် “The Volunteers” ဇာတ်ကား၏ ဒုတိယမြောက် ဇာတ်ကားဖြစ်သည်။

ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်း၌ ဒုတိယနှင့် တတိယ ဝင်ငွေအကောင်းဆုံး ဇာတ်ကားများမှာ မှုခင်းဒရာမာဇာတ်ကား “Tiger Wolf Rabbit” ၊ စိတ်ကူးယဉ်သိပ္ပံဇာတ်ကား “Bureau 749” တို့ဖြစ်ကာ အဆိုပါ ဇာတ်ကားများအနေဖြင့် ယွမ် ၃၅၉ သန်းကျော်နှင့် ယွမ် ၃၅၆ သန်း အသီးသီး ဝင်ငွေရရှိခဲ့သည်။
အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကြာမြင့်သော အမျိုးသားနေ့ အားလပ်ရက်ကာလမှာ အစဉ်အလာအားဖြင့် တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းအတွက် အကျိုးအမြတ်အများဆုံး ကာလတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………
(English Version)
China records 2.1 billion yuan box office for National Day holiday
BEIJING, Oct. 8 (Xinhua) — China recorded 2.1 billion yuan (about 297 million U.S. dollars) in box office takings for the 2024 National Day holiday, the China Film Administration said Tuesday.
A total of 52.09 million movie tickets were sold during the holiday. Domestic films raked in 2.02 billion yuan at the box office, accounting for 95.87 percent of the total, the administration said.
Domestic production “The Volunteers: The Battle of Life and Death” led the charts with a box office revenue of 805 million yuan during the holiday. Directed by Chen Kaige, the film is the second installment in his “The Volunteers” trilogy.
The second and third highest-grossing films on the leaderboard are crime drama “Tiger Wolf Rabbit” and sci-fi offering “Bureau 749,” which grossed over 359 million yuan and 356 million yuan, respectively.
The National Day holiday, which ran from Oct. 1 to 7, is traditionally one of China’s most lucrative moviegoing periods. Enditem
English Caption
A woman walks past film posters at a cinema in Tancheng County, east China’s Shandong Province, Oct. 7, 2024. (Photo by Zhang Chunlei/Xinhua)