Connect with us

International Organizations

ပဋိပက္ခဖြစ်ပွားချိန်အတွင်း ကျန်းမာရေးအဆောက်အအုံများနှင့် ဝန်ထမ်းများကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ ဗော်ကာတာ့ခ် (ဝဲ) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒမ်နွမ်ဂယ်ဘရက်စ်စက် တို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဆွေးနွေးပွဲတက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲသည် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေးအဆောက်အအုံများနှင့် ဝန်ထမ်းများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုမှ ကာကွယ်ရန် တောင်းဆိုလိုက်သည်။
ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ် ဆွေးနွေးပွဲ၌ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒမ်နွမ်ဂယ်ဘရက်စ်စက်က ဂါဇာ၊ ဆူဒန်နှင့် အီသီယိုးပီးယားတို့တွင် ကျန်းမာရေးအဆောက်အုံများ ပျက်စီးခြင်းနှင့် ဝန်ထမ်းများထိခိုက်ခြင်းကို စံတစ်ခုလိုတွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။

အစ္စရေးက အကူအညီပေးရေးလုပ်သားများကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ပိုင်းတွင် တက်ဒရော့စ်၏ ယခုလိုမှတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုသည် နိုင်ငံတကာအထိ နာကြည်းချက်များ ကူးစက်ပျံ့နှံ့ခဲ့ပြီး ယင်းတိုက်ခိုက်မှုအပေါ်ပြစ်တင်ဝေဖန်ရှုတ်ချမှုများလည်း ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်တိုက်ခိုက်ခြင်းများသည် ဝန်ပိနေသည့် ကျန်းမာရေးစနစ်ကို ပိုမိုဆိုးရွားစေခဲ့ပြီး နာတာရှည်ရောဂါသည်များအတွက် စိတ်ပိုင်းဆိုင်ရာပြင်းထန်သော ခံစားမှုများကို ဖြစ်ပွားစေခဲ့ကြောင်း ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့အကြီးအကဲက ပြောသည်။

လွန်ခဲ့သောနှစ်က ကျန်းမာရေးအဆောက်အအုံများကို ထိခိုက်မှု ၁,၄၀၀ ကျော် ပြုလုပ်ခဲ့သောကြောင့် သေဆုံးသူ ၇၄၂ ဦးရှိပြီး ထောင်ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သိရသည်။
ထို့ကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးရုံအဆောက်အအုံများသည် အကြမ်းဖက်ပဋိပက္ခများအတွင်း ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်အရ အရေးပါလှကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ ဗော်ကာတာ့ခ်ကဧပြီ ၈ရက်ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင်လည်း ကမ္ဘာကြီးပူနွေးမှုသည် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးခြင်းတို့ကို ပိုမိုဆိုးရွာစေပြီး ကျန်းမာရေးနှင့် စားဝတ်နေရေးကို ထိခိုက်ပျက်စီးစေကြောင်း တာ့ခ်ကပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံဖြန့်ကြက်မှုကို တိုးမြှင့်သင့်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန်သည် လူ့အခွင့်အရေးဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာတစ်ရပ် မဟုတ်ပါကြောင်း ၎င်းတို့ကပြောသည်။ (Xinhua)
…………………………………………….
(English Version)
WHO chief calls for protection of health care facilities in conflicts
GENEVA, April 8 (Xinhua) — The head of the World Health Organization (WHO) on Monday called for health care facilities and personnel to be protected from targeted violence during conflicts.
Speaking at a panel discussion at WHO’s headquarters in Geneva, Director-General Tedros Adhanom Ghebreyesus said that damage to health care facilities and their staff has become the norm, as seen in Gaza, Sudan and Ethiopia.
Tedros’ remarks came in the wake of deadly attacks on aid workers by Israel, which have sparked international outrage and condemnation. The violence puts an added strain on health systems which are already overwhelmed, and leads to psychological trauma for vulnerable patients, the WHO chief said.
More than 1,400 attacks on health care centers have been documented in the last year, leaving 742 people dead and causing over a thousand injuries, according to statistics provided by the United Nations’ (UN) health agency.
Hospitals and medical personnel should be sacrosanct during conflicts, in line with the Universal Declaration of Human Rights, emphasized UN High Commissioner for Human Rights Volker Turk at Monday’s talks.
Meanwhile, in areas free of conflict, global warming has exacerbated droughts and floods, damaging health and livelihoods, Turk warned.
“One of the unfortunate things of war is that it’s always about crisis management, which doesn’t leave much room to actually deal with the big challenges of our time,” the UN human rights chief said. “The climate crisis is clearly one of them.”
The two leaders agreed that universal health coverage should be promoted, with Turk underlining that universal access to health care is a human rights, not a political issue. “It has to influence the budgetary decisions that states make,” he said.
Turk and Tedros proposed building on the current strategic dialogue mechanism between the WHO and the UN human rights office (OHCHR). ■

Photo- UN High Commissioner for Human Rights Volker Turk (L) and Tedros Adhanom Ghebreyesus, director-general of the World Health Organization (WHO), attend a panel discussion in Geneva, Switzerland on April 8, 2024.(Xinhua/Lian Yi)