Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် အပူလှိုင်းဒဏ်ကြား ရုန်းကန်လှုပ်ရှားနေကြသူများ

မြန်မာနိုင်ငံ ရန်ကုန်မြို့တစ်နေရာတွင် လျှပ်စစ်ပန်ကာ သယ်ဆောင်သွားသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အပူချိန်မြင့်တက်လာသလို မြို့များစွာ၌ အပူချိန်စံချိန်ချိုးလာသည်နှင့်အမျှ ပြည်သူများအနေဖြင့် တိုးမြင့်လာသည့် အပူလှိုင်းရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် နေထိုင်သူ ဦးအောင်ခင်က “ဒီမှာတော့ ညဘက်တော်တော်ပူတယ်။ မနှစ်ကထက်စာရင် ဒီနှစ်ကပိုပူတယ်။ အပူဒဏ်သက်သာ‌အောင်လို့ အရိပ်ကောင်းတဲ့သစ်ပင်ကြီးတွေအောက်မှာ နေရတာပေါ့” ဟု ဆင်ဟွာကို ပြောသည်။
“အပူချိန်ပြင်းတဲ့အချိန်တွေဆိုရင် အပြင်ထွက်လုပ်ရတာမျိုးတွေကို လျှော့လုပ်ကြတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တစ်နေရာတွင် နေပူဒဏ်သက်သာစေရန် အကာအကွယ်ဖြင့် သွားလာနေသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

EI Dorado Weather က ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ချောက်မြို့က ကမ္ဘာ့အပူဆုံးမြို့တစ်မြို့အဖြစ် ရက်များစွာကြာ စာရင်းဝင်လျက်ရှိသည်။
ထို့အတူ ချောက်မြို့သည် ဧပြီ ၂၈ ရက်က အပူချိန် ၄၈.၂ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ရာ နှစ်ပေါင်း ၅၆ နှစ်အတွင်း ဧပြီလ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှ အသက် ၃၈ နှစ်အရွယ် မသီရိက “မဖြစ်မနေအပြင်ထွက်ရတဲ့အခါ အပေါ်ထပ်လက်ရှည်အပါးလေးတွေဝတ်တယ်။ ဦးထုပ်ဆောင်းတယ်။ နေရောင်ကာခရင်မ်လိမ်းပြီးမှ အပြင်ထွက်တယ်။ ညောင်ဦးက မနှစ်ကထက် ဒီနှစ်ပိုပူတယ်” ဟု ပြောသည်။

“အရမ်းပူတော့ ကလေးတချို့လည်း ဖျားတာ၊ အထက်လန်အောက်လျှောပုံစံတာတွေဖြစ်ကြတယ်။ ဒီကလူတွေကတော့ အပူရှောင်ဖို့ ဘုရားတွေထဲမှာဝင်နေကြတယ်။ တချို့ကျလည်း တမာပင်၊ မန်ကျည်းပင်လိုမျိုး သစ်ပင်ကြီးတွေအောက်မှာ နေကြတာပဲ” ဟု ၎င်းက ဆက်ပြောသည်။
အပူချိန်မြင့်တက်ခြင်းက နေ့စဉ်လူမှုဘဝများကို ထိခိုက်စေရုံသာမက ပုဂံကဲ့သို့ ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသောနေရာများရှိ စက်ဘီးအငှားဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ဒေသန္တရ စီးပွားရေးလုပ်ငန်းများအပေါ်လည်းပဲ သက်ရောက်မှုရှိကြောင်း၊ ခရီးသွားဧည့်သည်ဝင်ရောက်မှုများလည်း သိသိသာသာလျော့ကျသွားကြောင်း မသီရိက ဆိုသည်။

ညောင်ဦးမြို့သည်လည်း ဧပြီ ၂၈ ရက်က အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့ရာ နှစ်ပေါင်း ၅၉ နှစ်အတွင်း ဧပြီလ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ပြများတွင်လည်း အပူဒဏ်သက်သာစေရန် လေအေးပေးစက်များတပ်ဆင်ထားသော ဈေးဝယ်စင်တာများ၊ လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ကာ အပူရှောင်ကြသလို အချို့မိသားစုများကလည်း ဟိုတယ်များသို့ သွားရောက်နေထိုင်ကြကြောင်း သိရသည်။

လေအေးပေးစက်တပ်ဆင်ထားသော လက်ဖက်ရည်ဆိုင်တွင် အပူရှောင်လေ့ရှိသူ အသက် ၆၀ နှစ်အရွယ် ရန်ကုန်မြို့နေ လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တော့ ဒီဆိုင်ကို တစ်နေ့နှစ်ခေါက်လောက်လာဖြစ်တယ်။ ဒီကနေပဲ အလုပ်လုပ်တယ်။ နေ့လယ်ထမင်းစားချိန်လောက်ပဲ အိမ်ပြန်ဖြစ်တယ်” ဟု ပြောသည်။
ဧပြီ ၂၈ ရက်တွင် မြန်မာနိုင်ငံရှိ မြို့ခုနစ်မြို့က ဆယ်စုနှစ်များစွာအတွင်း ဧပြီလ၏အပူဆုံးနေ့များကို ကြုံတွေ့ခဲ့ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသများစွာတွင်လည်း မကြာသေးမီရက်များအတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ကျော်လွန်မှုကို ခံစားခဲ့ရကြောင်း မိုးလေဝသ သတင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် မုတ်သုံရာသီမတိုင်မီ အပူချိန်မြင့်မားတတ်သည့်အတွက် ဧပြီလနှင့် မေလသည် အပူဆုံးလများဖြစ်လေ့ရှိသည်။ (Xinhua)

…………………………….
(English Version)
Feature: People in Myanmar people struggle with sweltering heatwave
YANGON, May 2 (Xinhua) — As the mercury soars across Myanmar, people are grappling with a soaring heatwave that has battered the country, breaking temperature records in several towns.
U Aung Khin, 53, from Chauk town of Magway Region, told Xinhua on Thursday, “Here, it is very hot even in the night time. This year is hotter than last year. We have to shelter ourselves from the heat by staying under big trees.”
“We also have to reduce our outdoor activities during peak temperatures,” he said.
According to the EI Dorado Weather report, Chauk is listed as one of the world’s hottest cities for several days.
Chauk recorded the highest-ever April temperature at 48.2 degrees Celsius on April 28 in the past 56 years for the month of April, Myanmar’s Department of Meteorology and Hydrology reported.
Ma Thiri, 38, from Nyaung-U of Mandalay Region, said on Thursday, “If I have a case that is unavoidable, I go out wearing loose clothes and hats and apply sun cream. In Nyaung-U, this year is hotter than last year.”
“Some children suffered from motion sickness and vomiting due to the soaring heat. People here avoid the heat by staying inside pagodas or under big trees,” she said.
The scorching temperatures have not only impacted residents’ daily lives but also affected local businesses, such as bike rental services in tourist areas like Bagan, where a significant decrease in visitors has been observed, Ma Thiri said.
Nyaung-U recorded the highest-ever April temperature at 46 degrees Celsius on April 28 in the past 59 years for the month of April, Myanmar’s Department of Meteorology and Hydrology has reported.
Even in urban areas like Yangon, where modern amenities are more prevalent, residents face challenges, exacerbated by frequent electricity outages.
In response to the sweltering conditions, people like U Zaw Myint, a 60-year-old man, seek refuge in air-conditioned spaces like tea shops.
“I work from here. I came here twice a day. I only go back home for lunch in the afternoon,” he said.
Local media reported that people in the big cities like Yangon and Mandalay are avoiding the high temperature at air-conditioned supermarkets and tea shops. Some families are living on a hotel staycation.
On April 28, seven towns of Myanmar have experienced the hottest April day in decades, the country’s Department of Meteorology and Hydrology has reported.
According to meteorological reports, many regions across the country have also experienced high temperatures, surpassing 40 degrees Celsius in many areas in recent days.
In Myanmar, April and May are typically the hottest months as the temperature spikes before monsoon season begins.
Photo 1: A man carries electric fans on a hot day in Yangon, Myanmar, April 26, 2024. (Photo by Myo Kyaw Soe/Xinhua)
Photo 2: A woman shields herself from the sun on a hot day in Yangon, Myanmar, April 26, 2024. (Photo by Myo Kyaw Soe/Xinhua)