Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံက ကြိုးပြင်ကာကွယ်တောအသစ် နှစ်ခု သတ်မှတ်

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ ကေလာသတောင် ကြိုးပြင်ကာကွယ်တောကို တွေ့ရစဉ် (ဓာတ်ပုံ- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကြိုးပြင်ကာကွယ်တော အသစ်နှစ်ခု သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါကြိုးပြင်သစ်တောနှစ်ခုကို သတ်မှတ်လိုက်ပြီးဖြစ်သလို နောက်ထပ်သုံးခုကိုလည်း သတ်မှတ်ရန် ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ ဇွန်လကုန်မတိုင်မီ အကြောင်းကြားစာများ ထွက်လာနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ဆင်ဟွာကို ပြောခဲ့သည်။
ကြိုးပြင်ကာကွယ်တောများ ထူထောင်ခြင်းဖြင့် ဒေသမျိုးရင်းသစ်ပင်မျိုးများကို ရေရှည်တည်တံ့ရန် ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တရားမဝင်အမဲလိုက်ခြင်းကို ကာကွယ်တားဆီးနိုင်ရန်၊ မြေပြိုတိုက်စားခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပင် ဒေသခံများအနေဖြင့်လည်း ယင်းသစ်တောမှ အသီးအနှံများ၊ အပင်များ၊ တိရစ္ဆာန်များနှင့် ဆေးဘက်ဝင်အပင်များ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်သလို ဒေသခံများ၏ လူနေမှုဘဝများနှင့် ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဧရိယာ ၁,၅၁၇ ဧက ကျယ်ဝန်းသည့် နယ်မြေကို ရုန်းတောင် ကြိုးပြင်ကာကွယ်တောအဖြစ် ဇွန် ၅ ရက်က လည်းကောင်း၊ ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ ဧရိယာ ၁,၂၀၆ ဧက ကျယ်ဝန်းသောနယ်မြေကို ကေလာသတောင် ကြိုးပြင်ကာကွယ်တောအဖြစ် ဇွန် ၆ ရက်က လည်းကောင်း အသီးသီး သတ်မှတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကြိုးပြင်ကာကွယ်တော ၁၀ ခု သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar designates new protected public forest areas
YANGON, June 14 (Xinhua) — Myanmar has designated two new protected public forest areas in Chin state and Shan state, according to the Ministry of Natural Resources and Environmental Conservation on Friday.
The two designations have been completed and three more are awaiting approval, with notifications to be released before the end of June, Deputy Permanent Secretary of the ministry Daw Zin Mar Tun told Xinhua.
Establishing protected forest reserves helps preserve local tree species, prevents illegal hunting, and reduces the risk of floods and landslides, she said.
Local communities benefit from consuming fruits, plants, animals and medicinal herbs from forest, supporting both local livelihoods and biodiversity, she added.
On June 5, the ministry designated 1,517 acres as Yone Taung protected public forest in Hakha township, Chin state, and on June 6, 1,206 acres as Kaylatha Hill protected public forest in Ywangan township, Shan state.
The country has designated 10 protected public forest areas in the fiscal year 2023-2024.