Connect with us

Myanmar

မြန်မာနိုင်ငံက ယခုဘဏ္ဍာနှစ်တွင် ခေတ်မီစံပြကျေးရွာ ၄၀ ရွာ အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံ ရန်ကုန်မြို့ပြင်တစ်နေရာရှိ စပါးစိုက်ခင်းတွင် ပျိုးပင်စိုက်ပျိုးနေသူများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းစေရန် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ခေတ်မီစံပြကျေးရွာ ၄၀ ရွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်းက ဆင်ဟွာကို ပြောကြားခဲ့သည်။
“မြို့ပြမှာရနေတဲ့ ကောင်းမွန်တဲ့လမ်းတွေ၊ အင်တာနက်သုံးစွဲမှုတွေ၊ လျှပ်စစ်မီး၊ ငွေပေးချေတဲ့အခါမှာလည်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ဒစ်ဂျစ်တယ်ငွေပေးချေတဲ့ဝန်ဆောင်မှုတွေကိုလည်း ရရှိအောင် လုပ်ပေးထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ခေတ်မီစံပြကျေးရွာ ၈၈ ရွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းကျေးရွာ အကောင်အထည်ဖော်မှုမှ ကျေးလက်နေအိမ်ထောင်မိသားစု ၂၄,၀၀၀ ကျော် အကျိုးကျေးဇူးရရှိခဲ့ကြောင်း ဒေါက်တာ ဇာနည်မင်းက ဆိုသည်။
ယခုဘဏ္ဍာနှစ်တွင်မူ စီမံကိန်းကျေးရွာ ၄၀ ရွာ ထပ်မံအကောင်အထည်ဖော်မည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ကာ ငါးနှစ်တာကြာမြင့်မည့် ခေတ်မီစံပြကျေးရွာစီမံကိန်းက ကျေးလက်ဒေသများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး စီးပွားရေးလုပ်ငန်းများကို မြှင့်တင်‌ပေးနိုင်ခဲ့ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်နေ အိမ်ထောင်မိသားစုများ ဝင်ငွေ မြင့်တက်လာစေခဲ့ကြောင်း၊ စံပြကျေးရွာစီမံကိန်းရှိ အခြေခံအဆောက်အအုံများ တိုးတက်လာခဲ့သလို လူမှုဘဝအဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ လျှပ်စစ်မီးရရှိနိုင်ရန်လည်း ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ဖော်ဆောင်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာစေပြီး ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်တက်လာစေရန်၊ သွင်းအားစုနှင့် ငွေကြေး၊ နည်းပညာဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာများရှိ အသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြင့်မားပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာစေရန် စသည့်လုပ်ငန်းစဉ်များဖြင့် အကောင်အဖော်ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာ ဇာနည်မင်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Myanmar to implement 40 smart villages this fiscal year
YANGON, June 20 (Xinhua) — Myanmar will implement 40 smart villages in the fiscal year 2024-25 to narrow the development gap between urban and rural areas, Zarni Min, a director of the Department of Rural Development under the Ministry of Cooperatives and Rural Development, told Xinhua on Thursday.
“We want to provide rural areas with services similar to those in urban areas, such as improved roads, internet access, electricity, and digital payment services,” he said.
A total of 88 smart villages were implemented in the fiscal years 2022-23 and 2023-24. Over 24,000 households have benefited from the implementation of 88 smart villages, Zarni Min said.
This fiscal year, 40 additional smart villages will be implemented, he added.
The five-year smart village project, which began in the 2022-23 fiscal year, has boosted manufacturing businesses in agriculture and livestock, created job opportunities, increased family incomes, improved basic infrastructures, enhanced social standards, and provided access to electricity in the villages, he added.
According to Zarni Min, the objectives of implementing smart villages include improving basic infrastructure, enhancing the social standards of villagers, boosting the village economy through financial services and IT support, creating sustainable and enjoyable village environments compatible with nature, and continuously developing the capacities of village organizations.
Photo: Farmers transplant seedlings in a paddy field on the outskirts of Yangon, Myanmar, Aug. 8, 2023. (Photo by Myo Kyaw Soe/Xinhua)