Connect with us

China

တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေချိုကန်ရှိ ရေလယ်ဗယ် အန္တရာယ်ရှိအဆင့်မှ ကျဆင်းလာ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ယွဲ့ယန်မြို့ ဟွာရုံခရိုင် ထွမ်ကျိုးမြို့နယ်ရှိ တုန့်ထျင်ရေကန် တာတမံတွင် ပိုလျှံရေများ စီးဆင်းစေရန် ကယ်ဆယ်ရေးသမားများ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွာရုံ၊ ဟူနန်ပြည်နယ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ယွဲ့ယန် ရေကြောင်းလေ့လာမှုစခန်းရှိ ရေလယ်ဗယ်သည် ၃၂.၅ မီတာအောက်သို့ ကျဆင်းသွားကာ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ တုန့်ထျင်ရေကန်ချိုင့်ဝှမ်းဒေသတစ်ခုလုံးရှိ ရေလယ်ဗယ်မှာ အန္တရာယ်ရှိအဆင့်မှ လျော့ကျသွားခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ကြေညာခဲ့သည်။ တုန့်ထျင်ရေကန်သည် တရုတ်နိုင်ငံရှိ ဒုတိယအကြီးဆုံး ရေချိုကန်ဖြစ်သည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ဇွန်လလယ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှု ကြုံတွေ့လျက်ရှိပြီး တုန့်ထျင်ရေကန်၏ ရေပမာဏသည်လည်း သိသိသာသာမြင့်တက်လာခဲ့ကာ ရေကြီးရေလျှံမှုထိန်းချုပ်ရေး ဖိအား သိသိသာသာ ပြင်းထန်လာခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရေကြောင်းလေ့လာမှုနှင့် ရေအရင်းအမြစ် လေ့လာတိုင်းတာရေးစင်တာထံမှ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/U4v


……………………………………..
(English Version)
Water levels in China’s second-largest freshwater lake basin drop below warning level
HUARONG, Hunan Province, July 10 (Xinhua) — As the water level at the Yueyang hydrologic station had dropped below 32.5 meters and continued to decline on Wednesday morning, local authorities announced that water levels in the entire Dongting Lake basin had fallen below the warning level. Dongting Lake is the second-largest freshwater lake in China.
Since mid-June, central China’s Hunan Province has endured intense rainfall, resulting in a sharp rise in the water volume of Dongting Lake and significantly intensifying flood control pressure, according to the provincial hydrology and water resources survey center.
Photo 1 – 4 : An aerial drone photo shows rescuers draining floodwater at a Dongting Lake dike in Tuanzhou Township, Huarong County under Yueyang City, central China’s Hunan Province, July 9, 2024. (Xinhua/Chen Sihan)