Connect with us

Asia

ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် BRI သီးခြားခွဲထုတ်၍မရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံမျှဝေသည့် အခမ်းအနားတွင် အမှာစကားပြောကြားနေသော မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး တန်ကူဇာဖရောအဗ္ဗဒူအဇစ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI)မှတစ်ဆင့် တရုတ်-မလေးရှား နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာကြောင်း မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး တန်ကူဇာဖရောအဗ္ဗဒူအဇစ်က ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံမျှဝေသည့် အခမ်းအနားတွင် ပြောကြားသည်။
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံမှ ကျောင်းသားအများအပြားသည် တရုတ်နိုင်ငံတွင် ပညာသင်ကြားနေပြီး တရုတ် ခရီးသွားများကလည်း မလေးရှားနိုင်ငံသို့အများအပြား လာရောက်လည်ပတ်နေကြကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ လျှပ်စစ်ပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ ဟင်းရွက်ဆီ၊ ရော်ဘာတို့ကို တင်ပို့နေပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကြောင့်လည်း မလေးရှားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်နေကြောင်း ၎င်းကပြောကြားသည်။ နှစ်နိုင်ငံပြည်သူများ အချင်းချင်း ဆက်ဆံရေးများတွင် အပြန်အလှန်လေးစားမှုကို အခြေခံကာ မတူညီသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သင်ယူရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီး Quyang Yujing က မှတ်ချက်ပြုပြောကြားသည်။

မကြာသေးမီအချိန်က ချမှတ်ခဲ့သည့် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ကို နှစ်နိုင်ငံလုံးက ကြိုဆိုခဲ့ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို ဆောင်ရွက်မည်ဟု သိရသည်။ (Xinhua)
………………………….
(English Version)
People-to-people connections inseparable from BRI: Malaysian official
KUALA LUMPUR, July 16 (Xinhua) — People-to-people engagement adds soul to Malaysia-China shared connection, bringing the two countries closer, Tengku Zafrul Abdul Aziz, the minister of Investment, Trade and Industry said on Monday at a Belt and Road Initiative (BRI) cooperation story-sharing session.
“Thousands of Malaysian students are currently studying in China,” he said, adding that the huge influx of Chinese tourists allows them to experience Malaysia firsthand.
Zafrul also said that trade between the two countries is not just about numbers, but has had positive benefits for ordinary people with Malaysia’s exports to China, such as electrical and electronics, mining goods, liquified natural gas, palm oil, and rubber have been welcomed while Chinese investments have spurred Malaysia’s growth in infrastructure, technology, and manufacturing sectors.
Meanwhile, Chinese Ambassador to Malaysia Ouyang Yujing said China and Malaysia enjoy extensive people-to-people exchanges and are committed to mutual respect and mutual learning among different civilizations, and enhancing cooperation.the recent visa exemption policy has been warmly received by both sides and boosted tourism and travel between the two.
Tengku Zafrul Abdul Aziz, Malaysia’s minister of Investment, Trade and Industry, speaks at the Belt and Road Initiative (BRI) cooperation story-sharing session in Kuala Lumpur, Malaysia, July 15, 2024. (Xinhua/Cheng Yiheng)