Connect with us

Europe

အီးယူငွေကြေးများက အမေရိကန်လက်နက်လုပ်ငန်းကိုသာ အကျိုးရှိစေပြီး သီးခြားကာကွယ်ရေးရပ်တည်မှုကမူ အကောင်အထည်မပေါ်နိုင်သေး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်အဆောက်အအုံအနီး ဖြတ်သန်းသွားလာနေသူများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ဥရောပသမဂ္ဂ (EU) ၏ ကာကွယ်ရေးအသုံးစရိတ် သုံးပုံနှစ်ပုံခန့်သည် အမေရိကန်ကုမ္ပဏီများထံသို့ ရောက်ရှိသွားကြောင်း ဥရောပကော်မရှင်က လတ်တလောထုတ်ပြန်ထားသော အစီရင်ခံစာတွင် ထုတ်ဖော်ရေးသားထားသည်။
အစီရင်ခံစာ၌ အချက်အလက်များ ကိုးကားဖော်ပြထားခြင်းနှင့် အမေရိကန်၊ ဥရောပ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို နှိုင်းယှဉ်ထားခြင်းအားဖြင့် ကိုယ်ပိုင်ပိုမိုယုံကြည်စိတ်ချရသော ကာကွယ်ရေးစွမ်းဆောင်ရည် ထူထောင်ရေးအတွက် အီးယူ၏ လုပ်ပိုင်ခွင့်ကို မီးမောင်းထိုးဖော်ပြထားကြောင်း အစီရင်ခံစာ မူကြမ်းရေးသားသူ အီတလီဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပဗဟိုဘဏ် အကြီးအကဲဟောင်း Mario Draghi က ပြောခဲ့သည်။
Draghi ၏ အစီရင်ခံစာက အီးယူခေါင်းဆောင်များအကြား သတိပေးခေါင်းလောင်းထိုးလိုက်ခြင်းလည်း ဖြစ်ပေသည်။ အီးယူအနေဖြင့် ဆယ်စုနှစ်များစွာကြာ အမေရိကန်နိုင်ငံ၏ အကာအကွယ်လောင်းရိပ်အောက်တွင် ရောက်ရှိနေကြောင်း၊ ယင်းမှာ အီးယူ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအားနည်းမှုနှင့် အမေရိကန်လက်နက်များ၏ အားပေးသူအမြောက်အမြားကို ဖန်တီးပေးလျက်ရှိသည်။ အီးယူအနေဖြင့် ကာကွယ်ရေးစွမ်းဆောင်မှုအရ ပိုမိုစွမ်းဆောင်နိုင်ပြီး သာတူညီမျှရှိသော အမေရိကန်မဟာမိတ်အဖြစ် ရည်ရွယ်ထားခြင်းရှိမရှိကိုမူ ဆက်လက်မေးခွန်းထုတ်စရာဖြစ်နေသည်။

ဥရောပက အမေရိကန်ကာကွယ်ရေးလုပ်ငန်းကို မည်သို့ထောက်ပံ့ပေးသနည်း

အီးယူ၏ ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်း၍ Draghi ၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ အီးယူ၏ ကာကွယ်ရေးအတွက် အသုံးစရိတ်၏ ၇၈ ရာခိုင်နှုန်းသည် အီးယူနိုင်ငံများမဟုတ်သော ရောင်းချသူများထံသို့ ရောက်ရှိနေကြောင်း၊ ယင်းအနက် ၆၃ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံတွင် အခြေစိုက်ကြောင်း သိရသည်။
“ဥရောပက သူ့ရဲ့ဘုံအရင်းအမြစ်များကို အလဟဿဖြုန်းတီးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကြီးမားသော စုပေါင်းအသုံးစရိတ်အင်အားများရှိကြောင်း၊ သို့ရာတွင် နိုင်ငံအသီးသီးနှင့် အီးယူ စည်းကမ်းများတွင်မူ မိမိတို့အနေဖြင့် ယင်းအချက်ကိုမှေးမှိန်ထားကြောင်း” အစီရင်ခံစာက ဆိုသည်။
ဥရောပကုမ္ပဏီများအနေဖြင့် ဒေသတွင်းဈေးကွက်ငယ်များတွင် လည်ပတ်နေသော်လည်း အီးယူနိုင်ငံများကမူ ဝယ်ယူရာတွင် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိကြောင်းနှင့် ၈၀ ရာခိုင်နှုန်းမှာ နိုင်ငံတကာရောင်းချသူများအပေါ်တွင်သာ အမှီပြုနေကြပြီး အများစုမှာ အမေရိကန်နိုင်ငံမှ ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖြည့်စွက်ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်တွင် ဥရောပ၏ ကာကွယ်ရေးဘက်သုံး ကိရိယာများဝယ်ယူမှုအသုံးစရိတ်၏ ငါးပုံတစ်ပုံအောက်ကိုသာ အီးယူအဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နယ်သာလန်၊ ဂျာမနီ၊ ပိုလန်၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်နှင့် ချဒ်သမ္မတနိုင်ငံတို့က အမေရိကန်ကုမ္ပဏီဖြစ်သော Lockheed Martin ထံမှ ကိုယ်ပျောက်တိုက်လေယာဉ် F-35 ကို ဝယ်ယူရန် စီစဉ်ထားသည်။ ထို့ပြင် ပိုလန်နိုင်ငံကလည်း အမေရိကန်နိုင်ငံထုတ် အပါချီ တိုက်ရဟတ်ယာဉ်များ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ဘီလီယံချီသုံးစွဲထားကြောင်း သိရသည်။
လက်နက်ရောင်းချမှုသည် အမေရိကန်စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများအတွက် ကောင်းမွန်သောကံကြမ္မာ ဆောင်ကြဉ်းပေးခဲ့သည်။ Wall Street Journal က “ဥရောပစစ်ပွဲက အမေရိကန်စီးပွားရေးကို မည်သို့ မြှင့်တင်ပေးသနည်း” ဟူသော ဆောင်းပါးကို ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့ကြောင်း၊ ယင်းဆောင်းပါးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်အတွင်း အမေရိကန်နိုင်ငံအနေဖြင့် အဓိကလက်နက်ရောင်းချရေး သဘောတူစာချုပ်များဖြင့် ဒေါ်လာ ဘီလီယံ ၈၀ ကျော် ရရှိခဲ့ကြောင်း၊ ယင်းအနက် ဒေါ်လာ ဘီလီယံ ၅၀ ခန့်မှာ ဥရောပမဟာမိတ်များထံမှ ဖြစ်ကြောင်း၊ သမိုင်းဝင်စံနှုန်းအရ ငါးဆကျော်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ ဆောင်းပါး၌ ဖော်ပြထားသည်။
ဥရောပ မဟာမိတ်များ၏ ကံကြမ္မာဆိုးက အမေရိကန် စတော့ခ်ဈေးကွက်အတွက် ကျေနပ်ဝမ်းမြောက်စရာပင် ဖြစ်စေခဲ့သည်။ သာဓကအနေဖြင့် အမေရိကန်ငွေကြေးအကြံပေးဝက်ဘ်ဆိုက်ဖြစ်သော The Motley Fool က ရင်းနှီးမြှုပ်နှံသူများအား ယခုနှစ် ကာကွယ်ရေးဆိုင်ရာ စတော့ခ်များကို ဦးစားပေးရန် အကြံပြုထားကြောင်း၊ ထိုစတော့ခ်များသည် ရေရှည်တွင် “စဉ်ဆက်မပြတ် တည်ငြိမ်မှု” ဖြစ်စေကြောင်း ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံသူများရွေးချယ်ကြသည့် ထိပ်တန်းကုမ္ပဏီခြောက်ခုအနက် ထိပ်ဆုံးငါးခုမှာ Lockheed Martin ၊ Boeing ၊ Northrop Grumman ၊ General Dynamics နှင့် Raytheon Technologies တို့ဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီများအားလုံးမှာ အမေရိကန်ကုမ္ပဏီများပင်ဖြစ်ကြောင်း သိရသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများက အဘယ်ကြောင့် အမေရိကန်လက်နက်များကို နှစ်သက်ရသနည်း

Draghi ၏ အစီရင်ခံစာတွင် အီးယူအဖွဲ့ဝင်နိုင်ငံများက ဥရောပစက်ကိရိယာထုတ် ကုမ္ပဏီများ သို့မဟုတ် ဥရောပကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများမှ အလျင်အမြန်ထုတ်လုပ်နိုင်မှုများ ရှိနေသည့်တိုင်အောင် အဘယ်ကြောင့် အမေရိကန် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများကို နှစ်သက်ရသည်ဆိုသည့် အကြောင်းပြချက်များကိုလည်း ရှင်းလင်းဖော်ပြထားပေသည်။ ထိုအကြောင်းအရာများတွင် အီးယူကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းက ပေးစွမ်းနိုင်သည့်အရာများ၊ အမေရိကန်ထုတ်ကုန်များ၏ ရရှိမှုနှင့် အရည်အသွေး၊ ဈေးနှုန်းပိုင်းအရ အကျိုးအမြတ်၊ အမေရိကန်စစ်ဘက်လုပ်ငန်းစုများနှင့် ရေရှည်ဆက်ဆံရေး စသည်တို့ကို အီးယူအဖွဲ့ဝင်နိုင်ငံများက သိရှိမှု အားနည်းခြင်းလည်း အပါအဝင်ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၏ စွမ်းဆောင်နိုင်မှုနှင့် ၎င်းတို့ထုတ်ကုန်များ၏ ယုံကြည်စိတ်ချရမှုက မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်း အမေရိကန် အစိုးရများက လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှု၏ စမ်းသပ်မှုများမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။
နိုင်ငံ၏ ပံ့ပိုးပေးမှု၊ ပမာဏအမြောက်အမြားထုတ်လုပ်မှုများက ဈေးနှုန်းများကိုလည်း ကျဆင်းသွားစေသည်။ အမေရိကန် စစ်ဘက်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုက စဉ်ဆက်မပြတ်ဖြစ်ကာ ၎င်းတို့၏ ထုတ်ကုန်များ အဆင့်မြှင့်မှုကို ထိန်းထားသလို ဈေးနှုန်းအနေဖြင့်လည်း ပံ့ပိုးပေးထားကြောင့်ဖြစ်သည်။
တိုက်ခိုက်ရေးဂျက်လေယာဉ်များက သာဓကပြနေပါသည်။ ဥရောပအနေဖြင့် ပြင်သစ်နိုင်ငံထုတ် Rafale အပါအဝင် Airbus ၊ BAE Systems နှင့် Leonardo လုပ်ငန်းစုက Eurofighter Typhoon အစီးရေ ၉၀၀ အောက်သာထုတ်လုပ်နိုင်ခဲ့ချိန်တွင် အမေရိကန် F-35 က စရိတ်သက်သက်သာသာဖြင့် ကမ္ဘာတစ်ဝန်း မှာယူမှု အစီးရေ ၃,၅၀၀ ရရှိနေခဲ့သည်။
ထို့ပြင် အထူးသဖြင့် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများအပါအဝင် ဥရောပနိုင်ငံများစွာက ဝါရှင်တန်နှင့် နိုင်ငံရေး၊ စစ်ရေးဆက်ဆံမှု အားကောင်းလာစေရန် အမေရိကန်ထုတ် လက်နက်များကို နှစ်သက်ရွေးချယ်လာကြခြင်းဖြစ်သည်။
ဥရောပတွင် ဘုံကာကွယ်‌စနစ်ပျက်ကွက်ရခြင်းသည် ဒေသတွင်းယှဉ်ပြိုင်မှုနှင့် အလားတူကိရိယာများဆိုင်ရာ ဘုံစံချိန်စံညွှန်းအားနည်းခြင်းက မူလအရင်းအမြစ်ဖြစ်ကြောင်း Fudan တက္ကသိုလ်၊ ပြည်ပလေ့လာရေးအင်စတီကျု တရုတ်-ဥရောပဆက်ဆံရေး လက်ထောက် ညွှန်ကြားရေး Jian Junbo က ပြောခဲ့သည်။

အီးယူ ကာကွယ်ရေး ဘယ်ကိုသွားမည်နည်း

ပထဝီနိုင်ငံရေး တင်းမာမှုအခြေအနေကိုလည်း အီးယူအစီရင်ခံစာ၌ ဖော်ပြထားပြီး အမေရိကန်နှင့် ဆန်းသစ်တီထွင်မှုကွာဟချက်ကို လျှော့ချရန် အီးယူ၏ စုပေါင်းကြိုးပမ်းအားထုတ်မှုများကို ပြန်လည်အာရုံစိုက်ခြင်း၏ အရေးပါပုံကိုလည်း ထည့်သွင်းဖော်ပြထားသည်။ အင်အားကြီးမား၍ သီးခြားလွတ်လပ်သော ကာကွယ်ရေးစွမ်းဆောင်ရည်တစ်ရပ် ထူထောင်ခြင်းက ထင်ရှားသော အီးယူရည်မှန်းချက် ဖြစ်လာကာ “ကောင်းမွန်သော ငွေကြေးစီးဆင်းမှုလမ်းကြောင်း” လည်း ဖြစ်လာမည်ဟု Draghi က အလေးထားဖော်ပြခဲ့သည်။
အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို စုစည်းရန် ရည်ရွယ်လျက် အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တီထွင်ဆန်းသစ်မှု မြှင့်တင်ရေး၊ ဆယ်စုနှစ်များကြာ ပျောက်ဆုံးနေသော စွမ်းဆောင်ရည်များ ပြန်လည်ဖော်ဆောင်ရေးနှင့် လျော့နည်းနေသော စတော့ခ်ဈေးကွက်များကို ပြန်လည်ဖြည့်တင်းရေးအတွက် “ဥရောပတွင် ရာစုနှစ်ဝက်ကြာ မတွေ့မြင်ရသော ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်အများအပြား” ကို အဆင်ပြေစွာစတင်နိုင်ရေးကိုလည်း အစီရင်ခံစာက တိုက်တွန်းထားသည်။
သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အလေ့အကျင့်ဟောင်းများနှင့် အီးယူရင်ဆိုင်နေရသော နိုင်ငံရေးစိန်ခေါ်မှုအသစ်များသည် အီးယူ၏ ကာကွယ်ရေးရည်မှန်းချက်ကို အောင်မြင်နိုင်ခြေနည်းနေဦးမည်ဖြစ်သည်။
လက်ရှိတွင်မူ အီးယူအဖွဲ့ဝင်ဟောင်းများအားလုံး၏ စုပေါင်းကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်နိုင်ငံ၏ သုံးပုံတစ်ပုံခန့်မျှသာ ရှိသည်။ အီးယူအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံအနက် ၁၀ နိုင်ငံကသာလျှင် နေတိုး (NATO) ကတိကဝတ်ပြုထားမှုနှင့်အညီ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကျော် သို့မဟုတ် ယင်းနှင့်အညီအမျှကိုသာ သုံးစွဲကြသည်။
ဥရောပကာကွယ်ရေးဆိုင်ရာလုပ်ငန်းမှာလည်း ထုတ်လုပ်မှုပမာဏနှင့် စံချိန်စံညွှန်းကိုက်ညီမှု အားနည်းလျက်ရှိပြီး အပြည့်အဝ ထောက်ပံ့ပို့ဆောင်နိုင်မှုလည်း မရှိသေးကြောင်း Draghi အစီရင်ခံစာအရ သိရသည်။
အီးယူအဆင့်တွင် သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော စက်မှုလုပ်ငန်းမူဝါဒများက တစ်ခုတည်းသော ဈေးကွက်ကို ဖျက်ဆီးနိုင်မည်ဖြစ်ကာ ဘတ်ဂျက်အားနည်းသော နိုင်ငံများကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ သို့သော်ငြားလည်း ပြင်သစ်နှင့် ဂျာမနီတို့သည် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရခြင်း၊ အီတလီနိုင်ငံကလည်း အီးယူအဆင့်တွင် သီးခြားဖြစ်ဖွယ်ရှိခြင်းတို့က ယင်းကိစ္စတွင် ဘုံအခြေအနေတစ်ရပ်ရှာဖွေရန် ခက်ခဲနေဦးမည်ဟု လန်ဒန်စီးပွားရေးကျောင်းမှ စီးပွားရေးပညာရှင် Lucrezia Reichlin က အီတလီသတင်းစာ Il Corriere della Sera တွင် ရေးသားခဲ့သည်။
Fudan တက္ကသိုလ်၊ ပြည်ပလေ့လာရေးအင်စတီကျု တရုတ်-ဥရောပဆက်ဆံရေး လက်ထောက် ညွှန်ကြားရေး Jian Junbo ၏ သုံးသပ်ချက်ကမူ လက်နက်စနစ်များ စံချိန်စံညွှန်းနှင့် ကိုက်ညီခြင်း၊ ပူးပေါင်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းတို့က ဥရောပကာကွယ်ရေးဆိုင်ရာလုပ်ငန်းအတွက် အကျိုးရှိစေမည်ဖြစ်သလို အီးယူဈေးကွက်အတွင်း ကာလရှည် ကာကွယ်ရေးအသုံးစရိတ်ကို ဆက်လက်ထိန်းသိမ်းရာ၌ ပိုမိုအထောက်အကူပြုမည်ဟု ဆိုသည်။
European Security & Defence မဂ္ဂဇင်းကဲ့သို့သော အရင်းအမြစ်များအရ ဥရောပနိုင်ငံများသည် ဥရောပကာကွယ်ရေးရန်ပုံငွေ၊ အဖွဲ့ဝင်နိုင်ငံများ၏ တပ်ဖွဲ့များအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဥရောပကာကွယ်ရေးစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် စသည့် ၎င်းတို့၏ စုပေါင်းစွမ်းဆောင်နိုင်မှု၊ အမေရိကန်အပေါ်အမှီအခိုကင်းမှုကို တိုးမြှင့်ရန် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များစွာ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
“Draghi က လက်ရှိစိန်ခေါ်မှုတစ်ခုကို ဖော်ပြ‌ပေးလိုက်တာပါပဲ” ဟု လေ့လာဆန်းစစ်သူ Andrea Bonanni က အီတလီ၏ အဓိကနေ့စဉ်သတင်းစာ La Repubblica တွင် ရေးသားထားသလို “ဥရောပက ဒါကို ကိုင်တွယ်နိုင်မလား” ဟူ၍လည်း မေးခွန်းထုတ်ခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ Schoenefeld မြို့တွင် ILA Berlin လေကြောင်းပြပွဲအတွင်း Eurofighter Typhoon အား လေ့လာနေသူကို ဝန်ထမ်းတစ်ဦးက ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်က ရှင်းပြနေစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
World Insights: EU money fattens U.S. arms industry, independent defense stays in dream
BRUSSELS, Sept. 13 (Xinhua) — A recent report released by the European Commission revealed that between June 2022 and June 2023, about two-thirds of the European Union (EU)’s defense spending was diverted to U.S. companies.
By citing figures and comparing the U.S. and European defense industries, former Italian Prime Minister and former European Central Bank chief Mario Draghi, the drafter of the report, highlighted the urgency for the EU to build up more self-reliant defense capability.
Draghi’s report rings an alarm among EU leaders. Europe has stayed under the U.S. umbrella of protection for decades, which has created a weakening EU defense industry and many loyal consumers of U.S. weapons. The question remains whether the EU has the ambition and ability to grow as a more able and equal U.S. ally in terms of defense ability.
HOW EUROPE FEEDS U.S. DEFENSE INDUSTRY
According to Draghi’s report on EU competitiveness, 78 percent of the EU’s defense procurement spending from June 2022 to June 2023 went to non-EU suppliers, with 63 percent based in the United States.
“Europe is wasting its common resources. We have large collective spending power, but we dilute it across multiple different national and EU instruments,” said the report.
Although European arms companies also operate in small domestic markets, EU countries don’t coordinate on procurement and 80 percent of it depend on international suppliers, largely from the United States, it added.
In 2022, less than one-fifth of Europe’s defense equipment procurement spending was done collaboratively among EU member states.
The Netherlands, Germany, Poland, Romania, Belgium, Denmark, and the Czech Republic all reportedly plan to purchase F-35 stealth fighters from U.S. company Lockheed Martin. Additionally, Poland has spent billions of U.S. dollars procuring U.S.-made Apache attack helicopters.
Across the pond, arms sales have brought great fortune to the U.S. military-industrial complex. A Wall Street Journal article in February audaciously titled “How War in Europe Boosts the U.S. Economy” cited the U.S. State Department as saying that in the year through September 2023, America made more than 80 billion dollars in major arms deals, of which about 50 billion dollars from European allies — more than five times the historical norm.
European allies’ misfortune is translated into U.S. stock market euphoria. U.S. financial advisory website The Motley Fool, for example, has recommended investors prioritize defense stocks this year, as these stocks offer “substantial and stable” returns in the long run. Among their six top investment picks, the top five are the largest global defense contractors — Lockheed Martin, Boeing, Northrop Grumman, General Dynamics, and Raytheon Technologies, all U.S. companies.
WHY EU MEMBERS FAVOR U.S. ARMS
Draghi’s report has analyzed reasons why EU member states favor U.S. arms manufacturers, even when a European equivalent exists, or could be rapidly made available by the European defense industry. The reasons include EU members’ poor knowledge of what the EU defense industry can offer, U.S. products’ availability and advantage in quality and price, and long-term ties with the U.S. military apparatus.
The U.S. defense industry’s capability and reliability of their products come from tests of real combat and military actions launched by U.S. administrations across the world in recent years.
State support and large sales result in large-scale production, which brings down the prices. Meanwhile, the U.S. military research and development investment is substantial, which maintains the advancement of its products and also provides a price advantage.
Take fighter jets for example. Europe has produced fewer than 900 units of Eurofighter Typhoon, manufactured by a consortium of Airbus, BAE Systems and Leonardo, and France-made Rafale in total, while the U.S. F-35 has garnered 3,500 orders across the world with lower costs.
Meanwhile, many European countries, especially NATO members, prefer U.S. weapons to strengthen political and military ties with Washington.
Jian Junbo, deputy director of the Center for China-Europe Relations of the Institute of International Studies at Fudan University, said the absence of a common defense system in Europe is at the root of internal competition and a lack of common standards for similar equipment.
WHERE EU DEFENSE WILL GO
Citing geopolitical tensions, the EU report stressed the significance of refocusing the EU’s collective efforts on closing the innovation gap with the United States. Building a powerful and independent defense capability has become an obvious EU ambition, and Draghi underlined a solution of “a better-directed stream of cash.”
Aiming to mobilize both public and private investment, the report urged EU members to start to facilitate “massive investment needs unseen for half a century in Europe” to boost innovation, restore lost capabilities owing to decades of underinvestment, and replenish depleted stocks.
However, old habits of member states and new political challenges facing the EU both make the bloc’s defense ambition a long shot.
Currently, all EU members’ combined defense expenditure accounts for only approximately one-third of the U.S. Only 10 out of 27 EU member states spend more than or equal to 2 percent of GDP in line with NATO commitments.
The European defense industry, according to Draghi’s report, lacks scale and standardization and doesn’t have a full supply chain.
The report argued that “industrial policies, if not designed and executed at EU level, would destroy the single market and penalize the countries with less budgetary margins.” However, the fact that France and Germany are struggling with domestic political uncertainties, while Italy was isolated on EU level would make it difficult to find common ground on the issue, Lucrezia Reichlin, an economist at the London Business School, wrote on Italian newspaper Il Corriere della Sera.
In Jian’s view, standardizing weapon systems and promoting joint research and development will benefit the European defense industry and help retain more defense spending within the EU market in the long run.
According to sources such as the European Security & Defence magazine, European countries have already taken several collaborative defense initiatives to enhance their collective capabilities and strategic autonomy, like the European Defence Fund, Permanent Structured Cooperation, and the European Defence Industrial Development Programme.
“What Draghi has posed is an existential challenge,” analyst Andrea Bonanni wrote on Italy’s main daily, La Repubblica, but also raised the question: “Will Europe be able to take it up?”
Photo 1: Pedestrians pass the building of the European Commission in Brussels, Belgium, Oct. 18, 2022. (Xinhua/Zheng Huansong)
Photo 2: A staff member introduces a displayed Eurofighter Typhoon to a visitor at the ILA Berlin Air Show in Schoenefeld, Germany, on June 22, 2022. (Xinhua/Shan Yuqi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.