Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာခြင်းနှင့် နျူကလီးယားလက်နက်များ တစ်ကျော့ပြန် ပြန့်ပွားလာမှုတို့အပေါ် ကုလသမဂ္ဂအကြီးအကဲ သတိပေး

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် Summit of the Future ထိပ်သီးညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့နိုင်ငံများက ၁၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ‌နျူကလီးယားလက်နက်များ အလုံးစုံဖယ်ရှားရေးနေ့ အထိမ်းအမှတ်အား ကျင်းပလျက်ရှိစဉ် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေခြင်းနှင့် နျူကလီးယားလက်နက်များ တစ်ကျော့ပြန် ပြန့်ပွားလာခြင်းတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ရှင်းရှင်းလင်းလင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ထိုညီလာခံသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာ၌ ဂူတာရက်စ်က ပထဝီဝင်နိုင်ငံရေးအရ ကွဲလွဲမှုနှင့် သံသယများ ကြီးထွားလာမှုကြောင့် တင်းမာမှုများ အရှိန်မြင့်တက်လာပြီး နျူကလီးယားလက်နက် အားပြိုင်မှုအသစ် ပေါ်ပေါက်လာစေရန် စေ့ဆော်လျက်ရှိသည်ကို မီးမောင်းထိုးပြခဲ့ကာ နျူကလီးယား ခြိမ်းခြောက်မှု အဆုံးသတ်စေရန် အပြန်အလှန်ဆွေးနွေးမှုနှင့် သံတမန်နည်းလမ်းတို့ကို ထိထိရောက်ရောက် အသုံးချမည့်အစား နောက်ထပ် နျူကလီးယားလက်နက် အားပြိုင်မှုကို ပုံဖော်လျက်ရှိကာ စစ်လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုကလည်း အကျပ်ကိုင်သည့် နည်းပရိယာယ်တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာသည်ဟု ၎င်းက ဆိုသည်။
နျူကလီးယား ခြိမ်းခြောက်မှုအား ဖယ်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ နျူကလီးယားလက်နက်များအား ဖယ်ရှားရန်ပင်ဖြစ်ကြောင်း တညီတညွတ်တည်းဖြင့် ပြတ်ပြတ်သားသား သတင်းစကားပါးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ လက်နက်ဖျက်သိမ်းခြင်းနှင့် လက်နက်မပြန့်ပွားရေးအတွက် တားဆီးခြင်းတို့၏ အပြန်အလှန်ဆက်နွှယ်နေပုံကို ၎င်းက အလေးအနက်ပြောကြားခဲ့ကာ တစ်နေရာတွင် အခြေအနေတိုးတက်လာမှုက အခြားတစ်နေရာ၌ တိုးတက်မှုကို တွန်းအားပေးလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ယင်းလုပ်ငန်းစဉ် နှစ်ရပ်လုံးကို အရေးကြီးကိစ္စရပ်အဖြစ် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဆက်လက်၍ နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံများ၏ တာဝန်ဝတ္တရားနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ဂူတာရက်စ်က လက်နက်ဖျက်သိမ်းရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာလျက် ဘယ်သောအခါမှ နျူကလီးယားလက်နက်များကို အသုံးမပြုရန်၊ အသုံးပြုမည်ဟုလည်း ခြိမ်းခြောက်ခြင်းမပြုရန် ကတိကဝတ်ပြုကာ စံနမူနာအဖြစ် ဦးဆောင်ရန် ယင်းနိုင်ငံများအား တိုက်တွန်းခဲ့သည်။ အထူးသဖြင့် နည်းပညာပိုင်း ခေတ်မီတိုးတက်မှုများက ထိုခြိမ်းခြောက်မှုအား အရှိန်မြင့်တက်စေနိုင်သည့်အတွက် နျူကလီးယားလက်နက်များ စမ်းသပ်ခြင်း၊ ပြန့်ပွားအောင် လုပ်ဆောင်ခြင်းတို့ကို တားဆီးရန် ရည်ရွယ်သည့် တည်ဆဲ သဘောတူစာချုပ်များ ခိုင်မာအောင်လုပ်ဆောင်ရန်နှင့် ချိန်ညှိပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
Pact for the Future သဘောတူညီချက်အရ လက်နက်ဖျက်သိမ်းရေးကို ပြန်လည်အသက်သွင်းရန် ကမ္ဘာ့ခေါင်းဆောင်များက ထပ်လောင်းကတိပြုခဲ့သည့် မကြာသေးမီက ကျင်းပခဲ့သော Summit of the Future ထိပ်သီးညီလာခံအ‌ကြောင်းကိုလည်း ဂူတာရက်စ်က ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်အသစ်သည် ကမ္ဘာကြီးအား နျူကလီးယားလက်နက်များကို အလုံးစုံဖယ်ရှားနိုင်ရေးအတွက် ပိုမိုနီးကပ်စေသော အလွန်အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟုလည်း ဂူတာရက်စ်က ဆိုသည်။
“ကျွန်တော်တို့ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုမသိနိုင်ပါဘူး။ အဲဒီလက်နက်တွေကို ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်ကနေ အပြီးတိုင်ဖယ်ရှားကြပါစို့” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၆ ရက်၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ ‌နျူကလီးယားလက်နက်များ အလုံးစုံဖယ်ရှားရေးနေ့သည် နျူကလီးယားလက်နက်များ၏ အလွန်ကြီးမားလှသော လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်များနှင့် နျူကလီးယားလက်နက်များအား အလုံးစုံဖယ်ရှားရန် အရေးတကြီးလိုအပ်နေခြင်းကို သိရှိဆင်ခြင်နိုင်စေရန် သတိပေးလျက်ရှိသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေး ကျင်းပခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်အဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ယင်းနေ့အား အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)


…………………..
(English Version)
UN chief warns of rising global tensions, resurgence of nuclear arms proliferation
UNITED NATIONS, Sept. 26 (Xinhua) — As the world marks the 10th International Day for the Total Elimination of Nuclear Weapons, UN Secretary-General Antonio Guterres issued a stark warning at the 79th session of the UN General Assembly about rising global tensions and the resurgence of nuclear arms proliferation.
In his message, Guterres highlighted the growing geopolitical divisions and mistrust, which have escalated tensions and spurred a new nuclear arms race, saying that “instead of dialogue and diplomacy being deployed to end the nuclear threat, another nuclear arms race is taking shape, and saber-rattling is re-emerging as a tactic of coercion.”
The secretary-general called on the international community to deliver a united and resolute message: the only way to eliminate the nuclear threat is to eliminate nuclear weapons. He stressed the interconnectedness of disarmament and non-proliferation, noting that progress in one area encourages advancement in the other. “States must pursue both as a matter of urgency,” Guterres stated.
Addressing the responsibilities of nuclear-armed nations, Guterres urged them to lead by example by honoring disarmament obligations and committing to never use nuclear weapons, nor threaten to use them. He also emphasized the need to strengthen and adapt existing treaties and instruments aimed at preventing the spread and testing of nuclear weapons, particularly in light of technological advancements that could heighten the threat.
Guterres noted the recent Summit of the Future, where global leaders recommitted to revitalizing the disarmament regime through the Pact for the Future. This new global agreement, according to Guterres, is a critical step toward bringing the world closer to achieving the total elimination of nuclear weapons.
“Our future hangs in the balance,” the secretary-general warned. “Let’s eliminate these weapons from our world for good.”
The International Day for the Total Elimination of Nuclear Weapons, observed annually on Sept. 26, serves as a reminder of the catastrophic humanitarian consequences of nuclear weapons and the urgent need for their complete elimination. The General Assembly declared the International Day in December 2013 as a follow-up to the high-level meeting of the General Assembly on nuclear disarmament held on Sept. 26, 2013, in New York. ■
English Caption
UN Secretary General Antonio Guterres speaks at the Summit of the Future at the UN headquarters in New York, Sept. 22, 2024.