Connect with us

China

လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်နိုင်ငံ၏ တိုးတက်အောင်မြင်မှုများက သမိုင်းတွင် မကြုံစဖူးဖြစ်ကြောင်း ဘရာဇီး သမ္မတဟောင်း ဒီမာရူးဆက်ဖ် ပြောကြား

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသည့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ဆုတံဆိပ် လက်ခံရရှိခဲ့သည့် ဒီမာရူးဆက်ဖ်က အမှတ်တရစကား ပြောကြားနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ၇၅ နှစ်အတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ ခေတ်မီအသွင်ပြောင်းရာတွင် တရုတ်နိုင်ငံ၏ တိုးတက်အောင်မြင်မှုများက သမိုင်းတွင် မကြုံစဖူးဖြစ်ကြောင်း ဘရာဇီး သမ္မတဟောင်း ဒီမာရူးဆက်ဖ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၉ ရက်က ပေကျင်းမြို့၌ ကျင်းပသည့် အခမ်းအနားအတွင်း လူပုဂ္ဂိုလ် ၁၅ ဦးအား တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် ဆုတံဆိပ်များနှင့် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ခဲ့ရာ ရူးဆက်ဖ်က ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ဆုတံဆိပ်ကို လက်ခံရယူခဲ့သည်။
ရူးဆက်ဖ်က ယင်းဆုတံဆိပ်အား လက်ခံရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်နိုင်ငံက ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ကာ ပြည်သူများစွာတို့အား ဆင်းရဲတွင်းမှ ကယ်ထုတ်နိုင်ခဲ့ပြီး ပြည်သူများ၏ ပညာရေးအဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ရူးဆက်ဖ်က ဆိုသည်။
“တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်ကြိုဆိုမှုက ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့ကာ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် စံနမူနာဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လူသားမျိုးနွယ်တို့အတွက် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မည့် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်မှာ ပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို အလေးထားသည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအတွက် တီထွင်ဆန်းသစ်သော စိတ်ကူးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
၂၀၀၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဓိက အရင်းအမြစ် ဖြစ်လာသည့်နည်းတူ ဘရာဇီးနိုင်ငံသည်လည်း လက်တင်အမေရိကဒေသ၌ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၁.၅၃ ဘီလီယံရှိခဲ့ကာ ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ ဒေါ်လာဘီလီယံ ၁၀၀ ကျော်လွန်ခဲ့သည့် ပထမဆုံး လက်တင်အမေရိကနိုင်ငံ ဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
နှစ်နိုင်ငံဆက်ဆံရေးအတွက် ပံ့ပိုးပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း ရူးဆက်ဖ်က ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က အခြေခံအဆောက်အအုံများအတွက် ငွေကြေးထောက်ပံ့ကာ ရေရှည်ခိုင်မာသော တိုးတက်မှုများကို အထောက်အကူပြုသည့် NDB အား ဖန်တီးရာတွင် ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့ပုံများကို ၎င်းက ပြန်လည်ပြောပြခဲ့သည်။

အခြေခံအဆောက်အအုံများ၊ သိပ္ပံပညာရပ်၊ နည်းပညာ၊ ပတ်ဝန်းကျင်စိမ်းလန်းရေးကို ဦးတည်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့ လွှမ်းခြုံပါဝင်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်သည် အပြန်အလှန်အကျိုးရှိမှုကို အခြေခံသည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ ဘရာဇီးနိုင်ငံတွင် တရုတ်နိုင်ငံ၏ တည်ရှိမှုကလည်း ပိုမိုကျယ်ပြန့်လာသည်ဟု ရူးဆက်ဖ်က ဆိုသည်။

ဘရာဇီး-တရုတ် ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုတို့ဖြင့် ယခုရာစုနှစ်တစ်ခုလုံးသာမကဘဲ ထို့ထက်ကျော်လွန်၍ ဆက်လက်တည်တံ့စေရေးအတွက် ပံ့ပိုးကူညီရန် ၎င်းအနေဖြင့် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ရူးဆက်ဖ်က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Interview: China’s achievements over past 75 years unprecedented in history: Rousseff
SHANGHAI, Sept. 29 (Xinhua) — China’s achievements toward economic, social, cultural and political modernization over the past 75 years are unprecedented in history, said Dilma Rousseff, former Brazilian president.
During a ceremony held Sunday in Beijing, 15 individuals were awarded China’s national medals and national honorary titles. Rousseff was the recipient of the Friendship Medal.
Rousseff said she feels proud and pleased to receive the medal.
Over the past 75 years, China has become the second-largest economy in the world, lifted a large number of people out of poverty and managed to raise the educational level of its people, said Rousseff.
“China’s reform and opening up never ends,” said Rousseff, adding that China provides a model to the Global South for economic, political and social development.
She said China’s vision of building a community with a shared future for humanity is an innovative idea for global governance, which emphasizes cooperation and industrialization.
Since 2009, China has become Brazil’s largest trading partner and a major source of investment, while Brazil has become China’s largest trading partner in Latin America. Chinese customs data have shown that the trade volume between China and Brazil reached 181.53 billion U.S. dollars in 2023, with Brazil becoming the first Latin American country to surpass 100 billion dollars in exports to China.
Rousseff said she is proud to have contributed to the bilateral relationship. She recalled that when she was Brazilian president, Brazil worked with China and other countries to create the NDB, which finances infrastructure and promotes sustainable development.
Rousseff said the Belt and Road Initiative is a partnership based on mutual benefits, which encompasses infrastructure, science, technology, green development and cultural exchange, and there is also a greater presence of China in Brazil.
She said she is committed to helping ensure that the relationship between Brazil and China continues throughout this century and beyond through friendship, cooperation and mutual benefits. Enditem
English Caption
Dilma Rousseff, a recipient of the Friendship Medal, speaks during the presentation ceremony at the Great Hall of the People in Beijing, capital of China, Sept. 29, 2024. (Xinhua/Wang Ye)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.