Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ကမ္ဘာ့အကြီးဆုံး ပိုင်ရိုက်စက်သင်္ဘော စတင်တာဝန်ထမ်းဆောင်

တရုတ်နိုင်ငံက ကိုယ်ပိုင်သီးသန့်ထုတ်လုပ်ထားသော ပိုင်ရိုက်စက်သင်္ဘော "Erhang Changqing" ကို China Communications Construction Co., Ltd. (CCCC) အောက်ရှိ Second Harbor Engineering ကုမ္ပဏီလီမိတက်မှ ပေးပို့သောဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ - The CCCC Second Harbor Engineering Co., Ltd./Handout via Xinhua)

နန်ကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်ထားသော ပိုင်ရိုက်စက်သင်္ဘော (pile-driving vessel) သည် ယင်းအမျိုးအစား၌ ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး ရထားလမ်းတံတား တည်ဆောက်မှုလုပ်ငန်းခွင်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ချီတုန်မြို့မှ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက စတင်ထွက်ခွာသွားခဲ့ကြောင်း တရုတ်သိပ္ပံနှင့် နည်းပညာ နေ့စဉ်သတင်းစာအရ သိရသည်။
“Erhang Changqing” သင်္ဘောသည် နန်တုန်း-စူးကျိုး-ကျားရှင်း-နင်းပေါ မြန်နှုန်းမြင့်ရထားလမ်း၏ အရေးပါသောလမ်းပိုင်းတစ်ခုဖြစ်သည့် ဟန်ကျိုးပင်လယ်အော် ပင်လယ်ဖြတ်ကျော်ရထားလမ်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရီးပြုနေခြင်းဖြစ်ကြောင်း သတင်းစာက ဖော်ပြထားသည်။
အဆိုပါ သင်္ဘောသည် သင်္ဘောပဲ့ပိုင်းတွင် အကြီးဆုံး ပိုင်ရိုက်စွမ်းရည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တွင်းတူးစက်ထိန်းစင်ပါဝင်သည်။ ယင်းမှာ အနာဂတ်တွင် ကြီးမားသော ဆိပ်ကမ်းများ၊ ပင်လယ်ဖြတ်ကျော် တံတားများ၊ ကမ်းလွန်လေအားလျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများ တည်ဆောက်ရေးအခန်းကဏ္ဍ၌ ပါဝင်လာမည်ဖြစ်သည်။
၎င်းသင်္ဘောတွင် မီတာ ၁၅၀ မြင့်မားသော တွင်းတူးစက်ထိန်းစင် တပ်ဆင်ထားပြီး အလေးချိန် တန်ချိန် ၇၀၀ အထိ ပိုင်ရိုက်စွမ်းဆောင်ရည်ရှိကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
World’s largest pile-driving vessel commissioned in east China
NANJING, Feb. 17 (Xinhua) — A China-developed pile-driving vessel, the world’s largest of its kind, set sail on Monday morning from Qidong in Jiangsu Province, east China, for a railway bridge construction site, according to China Science and Technology Daily.
The vessel “Erhang Changqing” is en route to the construction site of the Hangzhou Bay Cross-Sea Railway Bridge, which is a crucial segment of the Nantong-Suzhou-Jiaxing-Ningbo High Speed Railway, said the newspaper.
The vessel features the world’s highest derrick at the stern, with the largest piling capacity. It will play a role in the construction of large ports, cross-sea bridges, offshore wind power and other projects in the future, said the newspaper.
The vessel is equipped with a 150-meter-high derrick, capable of handling piles weighing up to 700 tonnes.
Photo: The undated photo provided by the Second Harbor Engineering Co., Ltd. under China Communications Construction Co., Ltd. (CCCC) shows “Erhang Changqing,” China’s new self-developed pile-driving vessel. (The CCCC Second Harbor Engineering Co., Ltd./Handout via Xinhua)