Connect with us

Culture & Entertainment

မြန်မာ့ရိုးရာခြင်းလုံးအားကစားကို ယူနက်စကိုစာရင်းဝင်နိုင်ရန် ၂၀၂၆ ခုနှစ်တွင် တင်သွင်းမည်

မြန်မာ့ရိုးရာခြင်းလုံးအားကစားပွဲ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
မြန်မာ့ရိုးရာအားကစားဖြစ်သော ခြင်းလုံးအားကစားကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေးအတွက် ၂၀၂၆ ခုနှစ်တွင် တင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် (MCF) က ဖေဖော်ဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ထိုသို့စာရင်းသွင်းနိုင်ရေးအတွက် ပြင်ဆင်ရာတွင် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်အနေဖြင့် ကော်မတီတစ်ခု ဖွဲ့စည်းထားကာ ခြင်းလုံးယဉ်ကျေးမှု၏ အရေးပါပုံအချက်အလက်များ စုစည်းထားကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က ဆင်ဟွာကို ပြောခဲ့သည်။
ခြင်းလုံးသည် လွန်ခဲ့သောနှစ်ပေါင်း ၁,၅၀၀ ခန့်ကတည်းက မြန်မာ့ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အကယ်၍ ယူနက်စကို စာရင်း၌ အသိအမှတ်ပြုထည့်သွင်းခြင်းခံရပါက ကမ္ဘာတစ်ဝန်း အာရုံစိုက်မှု ရရှိမည်ဖြစ်သလို ခြင်းလုံးအားကစား တိုးတက်မှုဆောင်ရွက်ရာတွင် ထောက်ခံအားပေးမှုလည်း ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မူလကနဦးအစက ခြင်းလုံးအားကစားသည် ဖျော်ဖြေမှုနှင့် တော်ဝင်မင်းညီမင်းသားများ၏ ကိုယ်လက်ကြံ့ခိုင်မှုအားကစားတစ်ခုအဖြစ် ကစားခဲ့ကြခြင်းဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင်မူ အားကစားနည်းတစ်ရပ်အနေဖြင့် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း ဦးဝင်းတင့်က ရှင်းပြသည်။
ခြင်းလုံးကစားခြင်းသည် စရိတ်နည်းနည်းဖြင့် ကျန်းမာရေးကောင်းမွန်စေသော အားကစားနည်းတစ်မျိုးဖြစ်သည်။ ထို့ပြင် ခြင်းလုံးအားကစားက ခြေထောက်ကြွက်သားများကြံ့ခိုင်စေသလို နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ခြင်းလုံးခတ်ကစားခြင်းဆိုသည်မှာ ပါဝင်ကစားသူများအနေဖြင့် ကြိမ်ဖြင့်ပြုလုပ်ထားသော ခြင်းလုံးကို မြေပေါ်သို့ မကျရောက်စေဘဲ လေပေါ်တွင်သာ ခြေဖြင့်ခတ်၍ကစားရသော အားကစားနည်းဖြစ်ပြီး အဖွဲ့အစည်းဖြင့်ဆောင်ရွက်ခြင်း၊ စည်းလုံးညီညာလုပ်ဆောင်ခြင်းကိုလည်း မြှင့်တင်ပေးကြောင်း ဦးဝင်းတင့်က ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာ့ခြင်းလုံးအားကစား၏ အောင်မြင်မှုများအနေဖြင့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် တရားဝင်ထည့်သွင်းကျင်းပခဲ့ကာ မြန်မာနိုင်ငံက ပြိုင်ပွဲတိုင်း၌ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြောင်း ဦးဝင်းတင့်က ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ ခြင်းလုံးအားကစားရုံကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်)

……………………….
(English Version)
Myanmar’s traditional Chinlone sport to be submitted for UNESCO recognition in 2026
YANGON, Feb. 19 (Xinhua) — Myanmar’s traditional national sport, Chinlone (caneball), will be submitted for United Nations Educational, Scientific and Cultural Organization (UNESCO) intangible culture heritage recognition in March 2026, according to the Myanmar Chinlone Federation (MCF) on Wednesday.
To prepare for the submission, the Myanmar Chinlone Federation has formed a committee and gathered data on Chinlone’s cultural significance, Win Tint, Vice President of the federation told Xinhua.
Chinlone has been part of Myanmar’s culture for about 1,500 years, he said, adding that if recognized by UNESCO, it will gain global attention and support for its growth, he said.
Originally, Chinlone was played for royal entertainment and physical fitness and it was officially recognized as a sport in 1953, he introduced.
Chinlone is a low-cost and healthy sport. Medical experts state that playing Chinlone could strengthen leg muscles and promote heart health, he said.
While playing Chinlone, players work together to keep a hand-woven rattan ball in the air without letting it touch the ground, promoting teamwork and unity, he added.
As part of Myanmar’s Chinlone achievements, the sport has been officially included in the 2013 SEA Games, with Myanmar winning medals in every competition, Win Tint said.