Agriculture
တရုတ်နိုင်ငံက ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှု နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ရေး၊ ကျေးလက်ဒေသ အားသစ်လောင်းမှု မြှင့်တင်ရေး အဓိကလုပ်ငန်းတာဝန်များကို ထုတ်ပြန်ကြေညာ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှုများကို နက်နက်ရှိုင်းရှိုင်း တစ်ဆင့်တိုးဆောင်ရွက်ရေး ဦးစားပေး သတ်မှတ်ချက်များနှင့် ကျေးလက်ဒေသ ဘက်ပေါင်းစုံ အားသစ်လောင်းမှုကို မြှင့်တင်မည့် ခိုင်မာအားကောင်းသော အစီအမံများကို ဖော်ပြထားသည့် “နံပါတ်-၁ ဗဟိုအဆင့် ကြေညာချက်” အား တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ ဗဟိုအစိုးရ အာဏာပိုင်များက နှစ်စဉ်ထုတ်ပြန်လေ့ရှိသော ပထမအဆင့် မူဝါဒကြေညာချက် ဖြစ်သည့်အလျောက် ယင်းကြေညာချက်အား ဦးစားပေး မူဝါဒသတ်မှတ်ချက်များကို ညွှန်ပြသောအရာအဖြစ် ရှုမြင်ထားကြသည်။
ယင်းကြေညာချက်တွင် နယ်ပယ် ၆ ခုအား လွှမ်းခြုံသော ကဏ္ဍ ၆ ရပ် ပါဝင်ပြီး ယင်းတို့မှာ ကောက်ပဲသီးနှံနှင့် အခြား အရေးပါသော လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ ထောက်ပံ့ဖြည့်တင်းမှု သေချာရေရာစေရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရာ၌ တိုးတက်အောင်မြင်မှုများ အခိုင်အမာဖော်ဆောင်ရေး၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသအကျိုးပြု တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်မြှင့်တင်ရေး၊ ကျေးလက်ဒေသ စီမံခန့်ခွဲမှုစနစ် တိုးတက်ကောင်းမွန်ရေး၊ ကျေးလက်ဒေသ အရင်းအမြစ်များဆိုင်ရာ ခွဲဝေသတ်မှတ်မှုစနစ် ပြည့်စုံကောင်းမွန်ရေးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်၌ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသများ၊ တောင်သူလယ်သမားများနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်ချက်များကို ၂၀၂၅ ခုနှစ်နှင့် ထို့နောက်ပိုင်းတွင် တိုးမြှင့်ဖော်ဆောင်ရန် တိုက်တွန်းထားကာ ကျေးလက်ဒေသ ဘက်ပေါင်းစုံ အားသစ်လောင်းမှု မြှင့်တင်ရေး၊ နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အခြေခံအုတ်မြစ်များကို အခိုင်အမာတည်ဆောက်ရေး မျှော်မှန်းချက်များကိုလည်း ချမှတ်ခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှု၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုတို့ကို မောင်းနှင်အားအဖြစ် အသုံးပြုလျက် ကောက်ပဲသီးနှံ ဖူလုံမှုကို ထိန်းသိမ်းကာကွယ်ပြီး ကြီးကြီးမားမား လစ်ဟင်းမှုမရှိစေရန် သို့မဟုတ် ဆင်းရဲနွမ်းပါးမှု အခြေအနေသို့ ပြန်မရောက်ရှိစေရန် အခိုင်အမာ ဆောင်ရွက်သွားမည်ဟု ယင်းကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1nT
………………………
(English Version)
China outlines key tasks to deepen rural reforms, advance rural revitalization
BEIJING, Feb. 23 (Xinhua) — China unveiled its “No. 1 central document” for 2025 on Sunday, outlining priorities to deepen rural reforms further and solid steps to advance all-around rural revitalization.
As the first policy statement released by China’s central authorities each year, the document is seen as an indicator of policy priorities.
The document consists of six parts covering six areas: ensuring the supply of grain and other important agricultural products, consolidating the achievements of poverty elimination, developing local industries, advancing rural construction, improving the rural governance system, and optimizing the rural resource allocation system.
The document calls for enhanced efforts in work related to agriculture, rural areas and farmers in 2025 and beyond, and sets the goals of advancing all-around rural revitalization and consolidating the country’s agricultural foundations further.
With reform, opening-up, and scientific and technological innovation as driving forces, the country will safeguard its grain security and ensure that no large-scale lapse or relapse into poverty occurs, the document says. xhtxs.cn/1nT
English Caption
Agricultural machines work in fields at a farm of Beidahuang Group in northeast China’s Heilongjiang Province, Oct. 12, 2024. (Xinhua/Zhang Tao)