China
တရုတ်နိုင်ငံခြားရေးဝန်ကြီးက နယူးဇီလန် ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နယူးဇီလန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာစ်နှင့် ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တရုတ်-နယူးဇီလန် ဆက်ဆံရေး ခိုင်မာတည်ငြိမ်စွာ တိုးတက်မှုကို ထိန်းသိမ်းခဲ့ကြောင်း၊ ထိုဆက်ဆံရေးမှာ တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး၏ ရှေ့တန်းတွင် ကာလကြာမြင့်စွာ ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များကြား ရရှိထားသော အရေးပါသည့် တူညီဆန္ဒများကို အကောင်အထည်ဖော်ရေး၊ မဟာဗျူဟာမြောက် ဆက်သွယ်ဆွေးနွေးမှု ခိုင်မာအားကောင်းစေရေး၊ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ရေးအတွက် နယူးဇီလန်နှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း ဝမ်က ဆိုသည်။
နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှုရှိရေး၊ မှန်မှန်ကန်ကန် အပြန်အလှန်နားလည်မှုရှိရေး မူဝါဒကို လက်ကိုင်ပြုကာ အပြန်အလှန်ယုံကြည်မှုရှိသော မိတ်ဖက်များဖြစ်လာသင့်ကြောင်း၊ အချို့သော မတူကွဲပြားမှုများကိုမူ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုဖြင့် သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်ကြောင်း ဝမ်က ဆက်လက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ဝန်ဆောင်မှုကဏ္ဍ ကုန်သွယ်မှု၌ ကန့်သတ်ချက်စာရင်း အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ အမြန်ဆုံးစတင်ခြင်း၊ ဉာဏ်ရည်တုနည်းပညာနှင့် အစိမ်းရောင်စီးပွားရေး စသော ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်သစ်များ ဖန်တီးရန် အတူတကွကြိုးပမ်းအားထုတ်ခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1sE
……………………
(English Version)
Chinese FM holds talks with New Zealand deputy PM
BEIJING, Feb. 26 (Xinhua) — Chinese Foreign Minister Wang Yi held talks with Deputy Prime Minister and Foreign Minister of New Zealand Winston Peters in Beijing on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that China-New Zealand relations have maintained sound, steady development and have long been at the forefront of China’s relations with Western countries.
China is ready to work with New Zealand to implement the important consensus reached by the leaders of the two countries, strengthen strategic communication, and push forward their comprehensive strategic partnership, he said.
Wang noted that the two sides should adhere to the principle of mutual respect and the correct understanding of each other, and become partners with mutual trust. Certain specific differences can be resolved properly through constructive dialogue.
Wang said that the two countries should upgrade their economic and trade cooperation, launch negotiations on the negative list for trade in services as soon as possible, and work together to create new growth engines such as artificial intelligence and the green economy. xhtxs.cn/1sE
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Deputy Prime Minister and Foreign Minister of New Zealand Winston Peters in Beijing, capital of China, Feb. 26, 2025. (Xinhua/Ding Lin)