China
ရေခဲနှင့် ဆီးနှင်းက တိုးတက်မှု၏ မောင်းနှင်အားသစ်ဖြစ်လာဟု သမ္မတ ရှီပြော
ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
ရေခဲ၊ ဆီးနှင်း စိတ်အားထက်သန်မှုနှင့် ဆက်စပ်သော စီးပွားရေးက ဟားအယ်ပင်းမြို့၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တံခါးဖွင့်လှစ်မှုလမ်းကြောင်းသစ်များအတွက် အင်ဂျင်သစ်များဖြစ်လာကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖေဖော်ဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသော နိုင်ငံတကာ ဂုဏ်သရေရှိ ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံပွဲ၌ သမ္မတ ရှီက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ “ရေခဲမြို့” ဟု အမည်တွင်သော ဟားအယ်ပင်းမြို့သည် နိုင်ငံ၏ ခေတ်မီဆောင်းရာသီ အားကစားများ မွေးဖွားရာနေရာလည်း ဖြစ်သည်။ အဆိုပါ မြို့သည် ၁၉၉၆ ခုနှစ်က တတိယအကြိမ်မြောက် အာရှဆောင်းရာသီအားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi says ice and snow becoming new driver of growth
HARBIN, Feb. 7 (Xinhua) — Chinese President Xi Jinping said Friday the ice-and-snow fervor and related economy are becoming new engines of Harbin’s high-quality development and new pathways of its opening up.
Xi made the remarks while addressing a welcome banquet held for international dignitaries who are here to attend the opening ceremony of the 9th Asian Winter Games.
Harbin, dubbed China’s “ice city,” is the birthplace of the country’s modern winter sports. The city hosted the third edition of the Games in 1996.