China
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ အောင်မြင်မှုအတွက် အပြန်အလှန် ပံ့ပိုးကူညီသည့် မိတ်ဖက်များဖြစ်သင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြော

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ အောင်မြင်မှုအတွက် အပြန်အလှန် ပံ့ပိုးကူညီပေးသော မိတ်ဖက်များဖြစ်သင့်ကြောင်း၊ ယင်းမှာ နှစ်ဖက်စလုံးအတွက် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
မကြာသေးမီက တရုတ်-အိန္ဒိယ ဆက်ဆံရေးအပေါ် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက အပြုသဘော မှတ်ချက်ပြုခဲ့ခြင်းနှင့် စပ်လျဉ်း၍ နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် အောက်တိုဘာလ၌ ကာဇန်မြို့တွင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ အကျိုးဖြစ်ထွန်းသော တွေ့ဆုံမှုက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာစေရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်ချက် ချမှတ်ပေးခဲ့သည်ဟု မော်က အလေးထားပြောဆိုလျက် နှစ်ဖက်အနေဖြင့် ခေါင်းဆောင်နှစ်ဦး၏ အရေးပါသော ဘုံသဘောတူညီမှုများကို အလေးအနက် အကောင်အထည်ဖော်ကာ အဆင့်အသီးသီး၌ ကူးလူးဆက်ဆံမှုများ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခဲ့ပြီး အပြုသဘော ရလဒ်များစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် အိန္ဒိယတို့မှာ အင်အားအကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည့်အလျောက် သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်အားသစ်လောင်းမှုတို့ကို တိုးတက်အောင်မြင်အောင် လုပ်ဆောင်ရမည့် ဘုံတာဝန်တစ်ရပ်ရှိနေသလို အချင်းချင်း နားလည်မှုဖြင့် အထောက်အကူပေးကာ အောင်မြင်မှုအတွက် အပြန်အလှန် ဖေးမကူညီရမည်ဖြစ်ကြောင်း မော်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China, India should be partners contributing to each other’s success: spokesperson
BEIJING, March 17 (Xinhua) — China and India should be partners that contribute to each other’s success, and this is the only right choice for both sides, a Chinese foreign ministry spokesperson said on Monday.
Spokesperson Mao Ning made the remarks at a daily news briefing when responding to Indian Prime Minister Narendra Modi’s recent positive remarks on China-India relations.
Noting that the successful meeting in Kazan between the leaders of the two countries in October last year provided strategic guidance for improving and developing bilateral relations, Mao said both sides have earnestly followed through on the important common understandings of the two leaders, strengthened exchanges and practical cooperation at all levels, and achieved a series of positive outcomes.
As the two largest developing countries, China and India have a shared task to achieve respective development and revitalization, and should understand and support each other, and help each other succeed, Mao said.