Connect with us

China

“နီကျား” ရုပ်ရှင်က ဝင်ငွေ ယွမ် ၂၀ ဘီလီယံဖြင့် တရုတ်ရုပ်ရှင်စံချိန်ချိုး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၊ Chaoyang ခရိုင်ရှိ ရုပ်ရှင်ရုံတွင် တရုတ်အန်နီမေးရှင်းရုပ်ရှင် “Ne Zha 2” ပိုစတာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)
“နီကျား” အန်နီမေးရှင်းရုပ်ရှင်က စုစုပေါင်း ရုပ်ရှင်လက်မှတ်ရောင်းရငွေ ယွမ် ၂၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂.၇၉ ဘီလီယံခန့်) ရရှိခဲ့ကာ တရုတ်ရုပ်ရှင်လုပ်ငန်းအတွက် နောက်ထပ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။
နောက်ဆုံးပြသလျက်ရှိသော “Ne Zha 2” ဇာတ်ကားမှာ မတ် ၂၃ ရက် မွန်းလွဲပိုင်းအထိ ဝင်ငွေ ယွမ် ၁၅.၃ ဘီလီယံကျော် ရရှိခဲ့ကာ ၂၀၁၉ ခုနှစ်က ရရှိခဲ့သည့် ဝင်ငွေထက် ယွမ် ၅.၀၃၅ ဘီလီယံ ပိုများခဲ့ကြောင်း သိရသည်။
“Ne Zha 2” ဇာတ်ကားပြသမှုကို တရုတ်နိုင်ငံ ပြည်မကြီးတွင် ဧပြီ ၃၀ ရက်အထိ ဆက်လက်တိုးမြှင့်ထားခြင်းဖြစ်သည်။
အဆိုပါ တရုတ်ရုပ်ရှင်သည် ကမ္ဘာတစ်လွှား လူကြိုက်များလျက်ရှိပြီး လက်ရှိ ကြိုတင်လက်မှတ်ရောင်းချမှုနှင့် ပြည်ပရောင်းအားဝင်ငွေ အပါအဝင် ကမ္ဘာတစ်ဝန်း ရုပ်ရှင်လက်မှတ်စာရင်းတွင် ပဉ္စမမြောက်နေရာ၌ ရှိနေ‌ကြောင်း သိရသည်။
တရုတ်နှစ်သစ်ကူးကာလ ဇန်နဝါရီ ၂၉ ရက်က ရုံတင်ပြသခဲ့သော “Ne Zha 2” သည် အချိန် ၉ ရက်အတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ရောင်းချမှုစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်း ဖေဖော်ဝါရီ ၁၈ ရက်တွင်မူ ကမ္ဘာတစ်ဝန်း အန်နီမေးရှင်းရုပ်ရှင်၌ ဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်လာခဲ့သည်။ (Xinhua)


………………………
(English Version)
“Ne Zha” franchise slays Chinese film record with 20 bln yuan earnings
BEIJING, March 23 (Xinhua) — The “Ne Zha” animated film franchise has reached another historic milestone for the Chinese film industry, with its total box office revenue surpassing 20 billion yuan (about 2.79 billion U.S. dollars).
The latest installment, “Ne Zha 2,” has grossed over 15.3 billion yuan as of Sunday afternoon, while its 2019 predecessor contributed an additional 5.035 billion yuan.
The “Ne Zha 2” screening has been extended on the Chinese mainland to April 30.
The Chinese blockbuster has also made waves globally, currently ranking fifth on the worldwide box office chart, including pre-sales and overseas earnings.
Released on Jan. 29 during Chinese New Year, “Ne Zha 2” soared to the top of China’s all-time box office chart within just nine days, later becoming the highest-grossing animated movie of all time globally on Feb. 18.
Photo 1: This photo taken on Feb. 13, 2025 shows a poster for the Chinese animated film “Ne Zha 2” at a cinema in Chaoyang District of Beijing, capital of China. (Xinhua/Ju Huanzong)