Connect with us

Africa & Middle East

မိုဇမ်ဘစ်နိုင်ငံ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်လျက်ရှိ

မာပူတို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒါနီရယ် ချာပို စတင်တာဝန်ယူသည့် ပထမဆုံး ရက် ၁၀၀ အတွင်း တရုတ်နိုင်ငံမှာ မိုဇမ်ဘစ်နိုင်ငံ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အများဆုံး ကူညီထောက်ပံ့ပေးသည့် နိုင်ငံတကာ မိတ်ဖက်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ရက် ၁၀၀ အတွင်း အစိုးရ၏ အခြေအနေတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအား ဧပြီ ၂၈ ရက်က တင်သွင်းရာ၌ ချာပိုက မိုဇမ်ဘစ်နိုင်ငံအနေဖြင့် နိုင်ငံတကာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ကြောင်း၊ ယင်းအနက် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုမှာ ဒေါ်လာ ၆၈.၅ သန်းရှိသဖြင့် လက်ရှိအချိန်ထိ အများဆုံးပမာဏဖြစ်ကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံက ဒေါ်လာ ၂၁.၂ သန်း၊ ဆွီဒင်နိုင်ငံက ဒေါ်လာ ၁၁ သန်း အသီးသီးပံ့ပိုးခဲ့ကြောင်း ဖော်ပြခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံ မာပူတိုပြည်နယ် ဘိုအာနီခရိုင်ရှိ တရုတ်-မိုဇမ်ဘစ် လယ်ယာစိုက်ပျိုးရေး နည်းပညာဆိုင်ရာ သရုပ်ပြစင်တာ၌ စပါးကြိတ်နေသည့် တရုတ်နည်းပညာရှင် Zhang Haobo အား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပံ့ပိုးထားသော ရန်ပုံငွေများကို အရေးပေါ်အခြေအနေ တုံ့ပြန်မှုများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း ကာဘို ဒယ်လ်ဂါဒိုပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားရသူများအတွက် လူသားချင်းစာနာမှု အကူအညီများ၊ ရွေးကောက်ပွဲအလွန် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို အားဖြည့်လုပ်ဆောင်ရာ၌ အသုံးပြုလျက်ရှိကြောင်း ချာပိုက ဆိုသည်။

အစိုးရ၏ ကနဦး လုပ်ငန်းစီမံချက် ဖော်ဆောင်ရာ၌ ၉၆ ရာခိုင်နှုန်း အောင်မြင်မှုရရှိခဲ့သည်ဟုလည်း ပင်လယ်ကမ်းရိုးတန်းဒေသ စောင့်ကြည့်ရေးစွမ်းရည်များ အခိုင်အမာဖြည့်တင်းရေး စသော တိုးတက်အောင်မြင်မှုများကို ကိုးကားပြောဆိုလျက် ချာပိုက အလေးအနက်ပြောကြားခဲ့သည်။

ပြည်တွင်း၌ ပြုပြင်ပြောင်းလဲမှုများကို ကိုင်တွယ်ဆောင်ရွက်သည့်အနေဖြင့် မိုဇမ်ဘစ်လေကြောင်းလိုင်း ကုမ္ပဏီအတွင်း အကျိုးစီးပွား ဝိရောဓိဖြစ်မှုကို ဖော်ထုတ်သိရှိရပြီးနောက် ယင်းလေကြောင်းလိုင်းကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ချာပိုက ကြေညာခဲ့သည်။

ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း ၎င်း၏အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်ပြုကြောင်း သမ္မတချာပိုက ထပ်လောင်းအတည်ပြုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဘယ်သူ့အကျိုးကိုမှ သယ်ပိုးနေတာမဟုတ်ဘဲ မိုဇမ်ဘစ်ပြည်သူတွေက အပ်နှင်းထားတဲ့ ယုံကြည်မှုတွေ၊ တာဝန်ဝတ္တရားတွေနဲ့အတူ ကျွန်တော်တို့ရဲ့ အရေးကြီးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေတာပဲဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#Mozambique #China #Cooperation #မိုဇမ်ဘစ်နိုင်ငံ #တရုတ်နိုင်ငံ #ပူးပေါင်းဆောင်ရွက်မှု
………………………………………………………….
(English Version)
China leads int’l support for Mozambique’s emergency response, development efforts
MAPUTO, April 29 (Xinhua) — China has emerged as the largest international partner supporting Mozambique’s emergency response and development efforts during President Daniel Chapo’s first 100 days in office.
Presenting his government’s 100-day progress report on Monday, Chapo revealed that Mozambique secured 100 million U.S. dollars in international support, with China contributing 68.5 million dollars — by far the largest share, along with 21.2 million dollars from Japan and 11 million dollars from Sweden.
The funds from China are being used to bolster emergency responses and development projects, particularly humanitarian assistance for cyclone victims and post-election recovery efforts in Cabo Delgado, in the north of the country, Chapo said.
Chapo also highlighted a 96 percent success rate in meeting the government’s initial action plan, citing achievements such as strengthening coastal surveillance capabilities.
Addressing internal reforms, Chapo announced the restructuring of Mozambique Airlines after uncovering conflicts of interest within the company.
Despite ongoing development challenges, the president reaffirmed his government’s commitment to reform.
“We are not doing anyone a favor. We are fulfilling our mission, with the trust and responsibility entrusted to us by the Mozambican people,” he said.
English Caption 1
This photo taken on July 28, 2023 shows the China-Mozambique Agricultural Technology Demonstration Center in Boane, Maputo Province, Mozambique.(Xinhua/Dong Jianghui)
English Caption 2
Chinese technician Zhang Haobo processes rice at the China-Mozambique Agricultural Technology Demonstration Center in Boane district of Maputo Province, Mozambique, July 25, 2023. (Xinhua/Dong Jianghui)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.