Connect with us

China

တရုတ်နိုင်ငံက မသန်စွမ်းသူများအတွက် နည်းပညာမြင့် အထောက်အပံ့ပေးမှုများကို မြှင့်တင်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ချိန်တူးမြို့ရှိ တရုတ်နိုင်ငံ အီလက်ထရွန်းနစ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (UESTC) ၏ စက်ရုပ် သုတေသနဌာနက တီထွင်ခဲ့သော ခန္ဓာကိုယ်ထည်ပံ့ပိုးစက်ရုပ် (Exoskeleton) ၏ အကူအညီဖြင့် မသန်စွမ်းသူတစ်ဦး လမ်းလျှောက်နေပုံကို ၂၀၂၃ ခုနှစ်၊ မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မသန်စွမ်းသူများ၏ ဘဝသာယာဝပြောရေးကို မြှင့်တင်ရန်အတွက် ဉာဏ်ရည်မြင့် အလိုအလျောက် လေ့လာသင်ယူနိုင်စွမ်းရှိသည့် လက်များ (smart bionic hands) နှင့် လမ်းပြစက်ရုပ်များ (guide robots) ကဲ့သို့သော အဆင့်မြင့်နည်းပညာများ အသုံးပြုခြင်းအား စူးစမ်းရှာဖွေလျက်ပြီး သိပ္ပံနှင့်နည်းပညာ တိုးတက်မှုများက မသန်စွမ်းသူများ အသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်၏ အမှုဆောင် ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကျိုးချန်ခွေက မကြာသေးမီက ကျင်းပခဲ့သော ဖိုရမ်တစ်ခုတွင် ၎င်းနည်းပညာအသုံးပြုမှုများအား မိတ်ဆက်ပြသခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မသန်စွမ်းသူများအား ပိုမိုကောင်းမွန်စွာ ထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုများ (brain-computer interfaces) အပါအဝင် နည်းပညာသစ်များနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကျိုး၏ ပြောကြားချက်အရ ၎င်း၏အဖွဲ့ချုပ်နှင့် အခြားသော အစိုးရဌာနအချို့သည် မသန်စွမ်းသူများကို ပံ့ပိုးရာတွင် နည်းပညာအသုံးပြုမှုကို မြှင့်တင်ရန်အတွက် လမ်းညွှန်စာတမ်းတစ်ခုကို ပူးတွဲထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ သက်ဆိုင်ရာ နည်းပညာများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် နည်းပညာမြင့် ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လာမည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း တရုတ်နိုင်ငံသည် မသန်စွမ်းသူများကို ဝန်ဆောင်မှုပေးရန်အတွက် ဉာဏ်ရည်တု (artificial intelligence) နှင့် အခြားသော ခေတ်မီနည်းပညာများ အသုံးချမှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာများက မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရေးဆိုသည့် အချက်အား သေချာစေမည်ဖြစ်ကြောင်း ကျိုးက ထောက်ပြပြောကြားခဲ့သည်။ (Xinhua)
—————–
(English Version)
China promotes high-tech solutions for disability support
BEIJING, July 22 (Xinhua) — China is exploring the use of advanced technologies such as smart bionic hands and guide robots to improve the well-being of people with disabilities, ensuring that scientific and technological progress benefits this community, an official said Tuesday.
Zhou Changkui, chairperson of the Board of Executive Directors of the China Disabled Persons’ Federation, said at a press conference that these applications were unveiled at a recent forum.
He added that China will further focus on the development of new technologies and industries, including brain-computer interfaces, to better support people with disabilities.
According to Zhou, the federation and some other governmental departments have jointly issued a guiding document to promote the use of technology in supporting people with disabilities. It is also collaborating with universities, research institutes and high-tech companies to boost the development of relevant technologies and industries.
Zhou noted that during the upcoming 15th Five-Year Plan period (2026-2030), China will continue to promote the application of artificial intelligence and other cutting-edge technologies to serve people with disabilities, and ensure that advanced technologies better meet their needs.

English Caption
A paraplegic walks with the help of an exoskeleton robot developed by the Robotics Research Center at University of Electronic Science and Technology of China (UESTC) in Chengdu, southwest China’s Sichuan Province, March 6, 2023. (Xinhua/Liu Kun)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.