ကွီတို ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံတောင်ပိုင်း မိုရိုနာဆန်တီယာဂိုပြည်နယ် အမေဇိုးနီးယန်းခရိုင် Sucua နယ်မြေ၌ ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုတစ်ခုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဌာနပေါင်းစုံပါဝင်သည့် လုံခြုံရေးဝန်ဆောင်မှု ECU 911 က ဒီဇင်ဘာ ၁၂...
ပေကျင်း ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားသည် ပြည်ပမှ ဝင်ရောက်ကူးစက်မှုများအား ပိုမိုကာကွယ်ရန် ရည်ရွယ်၍ ဆိပ်ကမ်းမြို့များအတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်သည့် ညွှန်ကြားချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဆိုပါက နျူကလီးယားဆွေးနွေးမှုများသည် “ ကောင်းမွန်သောသဘောတူညီမှု ”တစ်ခု ရရှိနိုင်လိမ့်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ က စနေနေ့တွင်ပြောကြားခဲ့သည်။
ချီကာဂို ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အာကင်ဆော ၊ မစ္စစ္စပီ ၊ အီလီနွိုက် ၊ ကန်တက်ကီ ၊ တင်နက်ဆီ ၊ မစ်ဆူရီ ပြည်နယ်များအပါအဝင် နိုင်ငံအလယ်ပိုင်းဒေသရှိ ပြည်နယ် ၆ ခုကို လေဆင်နှာမောင်း ၃၀ ထက်မနည်း တစ်ညထဲဝင်ရောက်...
ဖနွမ်ပင် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွက် အာဆီယံအသင်း(ASEAN) ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒေသတွင်း နှင့် ဒေသပြင်ပတွင် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးကို ထိန်းသိမ်းရန် စည်းလုံးညီညွတ်သောမိသားစုတစ်ခုအဖြစ် အာဆီယံအဖွဲ့အစည်းစိတ်ဓာတ်ကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အစိုးရက ဗီယက်နမ်နှင့် နိုင်ငံတကာခရီးသွားနေရာများအကြား ပုံမှန်စီးပွားရေးလုပ်ငန်းသုံး လေကြောင်းပျံသန်းမှုများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် COVID-19 ဗီဇပြောင်း အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဒုတိယမြောက်အတည်ပြုလူနာအား ဒီဇင်ဘာ ၁၁ ရက်တွင် တွေ့ရှိခဲ့ပြီး ၎င်းမှာ ဇင်ဘာဘွေမှလာခဲ့ခြင်းဖြစ်ကြောင်း ဒေလီကျန်းမာရေးဌာနက အတည်ပြုခဲ့သည်။
ဒန်ဗား၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ဒန်ဗားတွင် နေထိုင်သူများသည် ယခုရာသီ၏ ပထမဆုံး ဆီးနှင်းကျခြင်းကို မြင်တွေ့နိုင်ရန် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်း၌ အိပ်ရာမှ နိုးထလာခဲ့ကြသည်။ အဆိုပါ ဆီးနှင်းကျခြင်းသည် နှစ်ပေါင်း ၈၇ နှစ်အတွင်း ဒန်ဗားမြို့၌...
ဗွီနီးယက်စ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ဘီလာရုစ်နိုင်ငံ၏ ဓာတ်မြေဩဇာထုတ်လုပ်လုပ်ရေးအား အရေးယူပိတ်ဆို့ထားသော်လည်း အငြင်းပွားဖွယ် Belaruskali ထုတ်ကုန်များအား လစ်သူယေးနီးယားနိုင်ငံမှတစ်ဆင့် သယ်ယူပို့ဆောင်နေသည့်ကြားမှ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis က ဒီဇင်ဘာ ၁၀ ရက်၌ ရာထူးမှနုတ်ထွက်စာ တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းပို့ဆောင်ရေးလုပ်ငန်းက တိုးတက်မှု တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်စတင်မည် ဖြစ်ပြီး လာမည့် နှစ် ၂၀ အတွင်း အရပ်ဘက် ခရီးသည်တင်လေယာဉ်အသစ် စုစုပေါင်း ၇,၆၄၆ စင်း ရှိလာမည် ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ အစီရင်ခံစာများအရ သိရသည်။