Connect with us

China

ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အပစ်အခတ်ရပ်စဲရန်၊ အငြင်းပွားမှုဖြေရှင်းရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများကို တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိေသာ ပဋိပက္ခကို အနီးကပ်စောင့်ကြည့်လျက်ရှိသလို အပစ်အခတ်ရပ်စဲရေးကို ဖြစ်နိုင်သမျှမြန်မြန် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးသဘောထားဖြင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုမှတစ်ဆင့် အငြင်းပွားမှုများ ဖြေရှင်းရန်၊ တင်းမာမှုအရှိန် မြင့်တက်ခြင်းကို ရှောင်လွှဲနိုင်ရန်နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ထိရောက်သော စီမံဆောင်ရွက်မှုများ ချမှတ်လုပ်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကြား လတ်တလော ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းရာတွင် မော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………………………
(English Version)
China calls on relevant parties in Myanmar to cease fire, settle disputes via dialogue, consultation: spokesperson

BEIJING, Oct. 27 (Xinhua) — China is closely following the conflict in Myanmar and calls on relevant parties to cease fire as soon as possible, a foreign ministry spokesperson said on Friday.
Spokesperson Mao Ning also said that China calls on relevant parties to settle disputes in a peaceful manner through dialogue and consultation, avoid escalation of the situation, and take effective measures to ensure the security and stability of China-Myanmar border areas.
Mao made the remarks at a press conference when answering a question on the recent military conflict between the Myanmar military and the Myanmar National Democratic Alliance Army (MNDAA).