ထိုက်ယွမ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကျောက်မီးသွေးအဓိကထုတ်လုပ်သော ဒေသဖြစ်သည့် ဆန်းရှီးပြည်နယ်၌ တပ်ဆင်ထားသည့် သစ်လွင်၍ သန့်စင်သောစွမ်းအင် စွမ်းဆောင်မှုသည် စုစုပေါင်း၏ ထက်ဝက်ရောက်ရှိရန်နှင့် ၂၀၂၅ ခုနှစ်မတိုင်မီ ပြည်နယ်၏ လျှပ်စစ်ရရှိမှု၏ သုံးပုံတစ်ပုံရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၈ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကျောင်းများအားလုံးသည် နိုဝင်ဘာ ၁ ရက်မှစ၍ စုစုပေါင်း ကျောင်းသားအင်အား ၅၀ ရာခိုင်နှုန်းဖြင့် အတန်းများအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း နယူးဒေလီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး Manish Sisodia က အောက်တိုဘာ ၂၇ ရက်တွင်ပြောသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အရှေ့အာရှ၏ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အဆင့်မြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး၊ စွမ်းအင်၊ အစားအသောက်နှင့် ငွေကြေးမျက်နှာစာများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပြီး စိန်ခေါ်မှုများကို ပူးတွဲတုန့်ပြန်ရန်အတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၂၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ဝူဟန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၁၇ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် မြို့တော် ဝူဟန်တွင် အောက်တိုဘာ ၂၇ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ကျန်းကျိုး ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ ကနဦးခန့်မှန်းခြေ ရွှေ ၃၁ ဒသမ ၅၅ တန် ထွက်ရှိမည့် ကြီးမားသည့် ရွှေတွင်းတစ်တွင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) Times Higher Education(THE)က အောက်တိုဘာ ၂၇ ရက်တွင် နောက်ဆုံးထုတ်ပြန်လိုက်သော ၂၀၂၁ ခုနှစ် ကမ္ဘာ့ဂုဏ်သတင်းကျော်စောမှုအမြင့်ဆုံး ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ် ၇ ခု ပါဝင်ကြောင်း သိရသည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဝါခင်းလယ်ယာများသည် ယခုလတွင် ရိတ်သိမ်းရန် စောင့်ဆိုင်းနေသည့်ကာလဖြစ်ပြီး စိုက်ပျိုးခြင်း၊ ဆေးဖြန်းခြင်းနှင့်အခြားလုပ်ငန်းဆောင်တာများတွင် အသုံးပြုသည့် နည်းပညာများ၏ ထိရောက်မှုက ပေါ်လွင်လာသည်။
ကျိုချွမ်၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ ကျိုချွမ် ဂြိုဟ်တုလွှတင်ရေးစင်တာတွင် ဗုဒ္ဓဟူးနေ့က ဂြိုဟ်တုအသစ် တစ်စင်း လွှတ်တင်ခဲ့သည်။
လန်ကျိုး၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ Anxi အမျိုးသား သဘာဝဘေးမဲ့တောတွင် နှင်းကျားသစ်များနှင့် မြေခွေးများကို တွေ့ရှိကြောင်း ဒေသခံ သဘာဝဘေးမဲ့တောမှ ဝန်ထမ်းများက ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသည် ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအား ပြန်လည်လက်ခံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။