Connect with us

Media

ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့်ကာဇက်စတန်နိုင်ငံတို့မှ ခရီးသည်များအတွက် ဗီဇာကင်းလွတ်ခွင့်ပြုမည်

ဘန်ကောက် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက အရေးပါသောခရီးသွားလုပ်ငန်းကဏ္ဍအား ပံ့ပိုးသည့်အနေဖြင့် နှစ်ကုန်ခရီးသွားရာသီကာလအတွင်း တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များအတွက် ယာယီဗီဇာကင်းလွတ်ခွင့်အား အတည်ပြုခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်က မူဝါဒအရ တရုတ်နှင့်ကာဇက်စတန် ခရီးသွားဧည့်သည်များအား စက်တင်ဘာ ၂၅ ရက်မှစတင်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
Thailand to offer visa-free entry for visitors from China, Kazakhstan
Thailand has approved a temporary visa waiver for visitors from China and Kazakhstan during the year-end high season in support of its vital tourism industry.
Thai Prime Minister Srettha Thavisin said on Wednesday that the policy will allow Chinese and Kazakh tourists to enter the Southeast Asian nation without visa requirements beginning on Sept. 25 until the end of February 2024.
Xinhua News Agency correspondents reporting from Bangkok.(XHTV)