Connect with us

Media

ရုရှားနိုင်ငံနှင့်ဆက်ဆံရေးက ထိပ်တန်းဦးစားပေးဖြစ်ဟု ကင်ဂျုံအန်း ပြောကြား

ဗလာဒီဗော့စတော့ခ် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံအတွက် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးသည် ထိပ်တန်းဦးစားပေး ဖြစ်ကြောင်း မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်၏ အဆိုအရ သိရသည်။

ကင်ဂျုံအန်းက “ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှုက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီးတော့ အခုအခါမှာ ရုရှားနိုင်ငံနဲ့ဆက်ဆံရေးက ကျွန်တော်တို့မြောက်ကိုရီးယားနိုင်ငံအတွက် ထိပ်တန်းဦးစားပေး ဖြစ်ပါတယ်”ဟု ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့် ရုရှားအရှေ့ဖျား Amur ဒေသရှိ ဗော့စ်တော့ချနီ အာကာသယာဉ်လွှတ်တင်ရေးစခန်း၌ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ကင်က ရုရှားနိုင်ငံသို့ ဖိတ်ခေါ်ခြင်းအတွက် ရုရှားသမ္မတကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယခုခရီးစဉ်သည် အရေးကြီးသည့်အချိန်၌ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများသည် ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာစေလိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
Kim Jong Un says relations with Russia top priority: Kremlin
Developing relations with Moscow is the top priority for Pyongyang, Kim Jong Un, top leader of the Democratic People’s Republic of Korea, said Wednesday, according to the Kremlin.

“Our friendship has deep roots, and relations with the Russian Federation is the top priority for our country now,” Kim said during talks with Russian President Vladimir Putin at the Vostochny spaceport in the Amur region in Russia’s Far East.
Kim thanked the Russian president for the invitation to Russia, adding that the visit takes place at a crucial time.
Kim also expressed confidence that bilateral talks will help to “bring relations to a new level.”
Xinhua News Agency correspondents reporting from Vladivostok, Russia. (XHTV)