မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၏ မြောက်ဘက်၌ အသစ်ဝယ်ယူထားသော S-70i Black Hawk ဘက်စုံသုံးရဟတ်ယာဉ်များထဲမှ တစ်စင်းသည် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အမှုထမ်း ၆ ဦး သေဆုံးကြောင်း ဖိလစ်ပိုင်လေတပ်(PAF)က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)
ဟူစတန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်သည် ဆေးရုံ၏ စည်းမျဉ်းဖြစ်သော မဖြစ်မနေ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်ခဲ့သည့်အတွက် အလုပ်မှနုတ်ထွက် သို့မဟုတ် အလုပ်ထုတ်ခံရခြင်း များ ကြုံတွေ့ခဲ့ရကြောင်း မီဒီယာက ဇွန် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ကျေးလက်ဒေသတွင် သက်ကြီးရွယ်အို ဒေသခံများအား မက်လုံးပေးသည့်အနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံပါက ကြက်အရှင်တစ်ကောင် ရရှိမည်ဟု ဒေသခံအာဏာပိုင်များက ကမ်းလှမ်းထားကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံခြားသို့ တင်ပို့နိုင်သော ကာကွယ်ဆေးထုတ်ကုန်စာရင်းတွင် ပြည်တွင်း၌ ဈေးကွက်တင်ရောင်းချခွင့် ရရှိထားသော COVID-19 ကာကွယ်ဆေးလေးမျိုးလည်း ပါဝင်ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။
နယူးဒီလီ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မဟာရက်ရှ်ထရာ၊ ကီရာလာနှင့် မဇ္ဈဒေသပြည်နယ် (Madhya Pradesh) စသည့် ပြည်နယ် ၃ ခုတွင် Delta Plus ဟုအမည်ရှိသော COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်အသစ်အတွက် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝှမ်း တစ်လကြာ ခရီးသွားလာမှုကန့်သတ်ချက်အား ဇွန် ၂၁ ရက်တွင် တာဝန်ရှိသူများက ဖြေလျှော့လိုက်ပြီးနောက် လွန်ခဲ့သော ၂၄ နာရီအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း သီရိလင်္ကာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်တွင် သိရသည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တင်းမာမှုများ မြင့်တက်နေခြင်းနှင့် လက်နက်အပြိုင်တပ်ဆင်မှုအသစ်တစ်ခု အမှန်တကယ်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဥရောပလုံခြုံရေးစနစ်တစ်ခုလုံးသည် လွန်စွာလျော့နည်းကျဆင်နေပြီ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Sullivan သည် ယခုရက်သတ္တပတ်အတွင်း မော်စကိုသို့ ပြန်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။