Connect with us

Videos

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်၌ ယာဉ်မတော်တဆမှုကြောင့် လူ ၅၃ ဦးသေဆုံးကာ အခြားသူ ၁၆၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၅၃ ဦး သေဆုံးခဲ့ကာ အခြားသူ ၁၆၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိူးလင်းသန့်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၀ ရက်တွင် ပြောသည်။၂၀၂၃ခုနှစ်၊ ဇန်နဝါရီ မှ ဇွန်လအထိ အမြန်လမ်းမကြီးပေါ်တွင် စုစုပေါင်း ယာဉ်မတော်တဆမှု ၈၃ မှုဖြစ်ပွားခဲ့ပြီး ယင်းမတော်တဆမှုဖြစ်စဉ်များကြောင့် ကျပ်သန်းပေါင်း ၂၈၈.၅၈ သန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးသူများအနက် အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၄ ဦး သေဆုံးခဲ့ကာ၊ အမျိုးသား ၉၉ ဦးနှင့် အမျိုးသမီး ၆၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုရဲမှူး မျိူးလင်းသန့်က “ယာဉ်မတော်တဆမှုဖြစ်စဉ်တွေကို လူကြောင့်လား၊ ယာဉ်ကြောင့်လား၊ လမ်းကြောင့်လား၊ ရာသီဥတုဖြစ်စဉ်ကြောင့်လားဆိုပြီး ခေါင်းစဉ် ၄ ခု နဲ့ ပိုင်းခြားသုံးသပ်ပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်စဉ် အများစုကတော့ ယာဉ်မောင်းပေါ့ဆတဲ့အတွက် လူကြောင့် ဖြစ်ရတဲ့ဖြစ်စဉ်ပိုများပါတယ်” ဟုပြောသည်။
ယာဉ်မတော်တဆဖြစ်မှု လျော့နည်းစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေးအစီအစဉ်များ ပြုလုပ်ကာ လမ်းစည်းကမ်းများ လိုက်နာကြရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းကပဲ “ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ့အနေနဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားတာလျော့ကျဖို့အတွက် အသိပညာပေးဆွေးနွေးတာလုပ်ပါတယ်။ သတ်မှတ်အရှိန်အတွင်းမောင်းနှင်ဖို့၊ အသက်ကယ်ခါးပတ်ပတ်ဖို့၊ တာဝန်ကျတပ်ဖွဲ့ဝင်တွေက လမ်းပေါ်မှာ ပညာပေးပြောကြားပါတယ်။ နောက်စစ်ဆေးအရေးယူတဲ့ အပိုင်းလည်းဆောင်ရွက်ပါတယ်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ အရှိန်လွန်မောင်းနှင်မှုတွေကို ဖမ်းဆီးပြီး သက်ဆိုင်ရာတရားရုံးတွေကို တရားစွဲဆိုပို့ခဲ့တာ ၆,၅၂၆ မှုရှိပါတယ်။ အသက်ကယ်ထိုင်ခုံခါးပတ်မပတ်လို့ အရေးယူတာက ၂,၀၂၈ ဦးရှိပါတယ်။ ဒါတွေက ယာဉ်မတော်တဆမှု လျော့နည်းဖို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟုပြောသည်။

၂၀၂၂ ခုနှစ်တွင်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး လူ ၅၇ ဦးသေဆုံးခဲ့ကာ အခြားသူ ၂၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117