Connect with us

Videos

အိန္ဒိယနိုင်ငံ Himachal Pradesh ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီး

နယူးဒေလီ ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ၊ လျှပ်တပြက်ရေကြီးမှုများ နှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့သော နှစ်ရက်အတွင်း လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ပြည်နယ်အတွင်း မိုးရွာသွန်းမှုများကြောင့် လမ်း ၈၂၈ လမ်းနှင့် အဝေးပြေးလမ်းမကြီး သုံးခု ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။ ယင်းပြည်နယ်အတွင်းရှိ Ravi ၊ Beas ၊ Satluj ၊ Swan နှင့် Chenab မြစ်ကြီးများမှာလည်း အန္တရာယ်ရှိသောအဆင့်နီးပါးအထိ မြင့်တက်လာသဖြင့် နေရာတစ်ချို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ နှင့် လျှပ်တပြက်ရေကြီးရေလျှံမှုများ ၊ လူနေအိမ်များ ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှု နှင့် ဈေးဆိုင်များ နှင့် မော်တော်ယာဉ်များ မျောပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)