နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ အငယ်တန်းဝန်ကြီး Mansukh Mandaviya က သင်္ဘောသားများအား သင်္ဘောဖြင့် တာဝန်ထမ်းဆောင်ခြင်းမပြုမီ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက်၌ ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကူမင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကောင်ရေ ၁၅ ကောင်ရှိသော အာရှတောဆင်ရိုင်းအုပ်စုသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ပြင်ပတွင် လှည့်လည်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဇွန် ၆ ရက်၌ ပြောကြားခဲ့သည်။
မနီလာ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) လူ ၉ ဦးထက်မနည်း သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ဇွန် ၅ ရက်တွင် အပူပိုင်းမုန်တိုင်း Choi-wan သည် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် နှစ်အလိုက်တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သုတေသနကုမ္ပဏီ International Data Corporation (IDC) က ထုတ်ပြန်သော စက်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာတစ်စောင် အရ...
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံ ချုံကျင်းမြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် ၆ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ...
အာဒစ်အာဘာဘာ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ထားသော ၇၅၂ ဒသမ ၇ ကီလိုမီတာ ရှည်လျားသော အီသီယိုးပီးယား-ဂျီဘူတီ(Ethiopia-Djibouti)ရထားလမ်းသည် ၉ လတာအတွင်း အမေရိကန်ဒေါ်လာ ၂၉ သန်း ဝင်ငွေရရှိခဲ့ကြောင်း ဇွန် ၄ ရက်တွင် အီသီယိုးပီးယား-ဂျီဘူတီ စံနှုန်းမြင့် ရထားလမ်းတည်ဆောက်ရေးရှယ်ယာလုပ်ငန်းစု Ethiopia-Djibouti...
နယူးယောက် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) ကပ်ရောဂါ ထိန်းချုပ်ရန် တစ်ကမ္ဘာလုံး အလျှင်အမြန် ပြုလုပ်လာသည်နှင့်အမျှ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး အကြိမ်ရေပေါင်း နှစ်ဘီလီယံ ထိုးနှံထားပြီးသော်လည်း ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းအား ကိုယ်ခံအားစနစ် ထောက်ပံ့ပေးရန် လက်ရှိအရှိန်အဟုန်ဖြင့် ကာကွယ်ဆေး ထိုးနှံမှုကို အချိန်...
ခတ္တမန္ဒူ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံဆေးဝါး စည်းမျဉ်းစည်းကမ်းအဖွဲ့က တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech မှ တီထွင်ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်သုံးစွဲရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နီပေါနိုင်ငံတွင် လက်တလော ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရကြောင်း သိရသည်။
လာဂိုစ့်၊ ဇွန် ၆ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းပြည်နယ် ကပ်ဘီ (Kebbi)တွင် ဓားပြများ၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဇွန် ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။