Connect with us

Media

ရုရှားနိုင်ငံက ဂြိုဟ်တုငယ် ၄၂ စင်း ပါရှိသည့် Soyuz-2.1b ဒုံးပျံလွှတ်တင်

မော်စကို ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက Vostochny အာကာသယာဉ်လွှတ်တင်သည့်နေရာမှ ပြည်ပဂြိုဟ်တု သုံးစင်း အပါအဝင် Meteor-M မိုးလေဝသဂြိုဟ်တု နှင့် ဂြိုဟ်တုငယ် ၄၂ စင်း ပါရှိသည့် Soyuz-2.1b သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos က ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါဒုံးပျံသည် ပုံမှန်အတိုင်း လည်ပတ်လုပ်ဆောင်ခဲ့ပြီး သတ်မှတ်စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဂြိုဟ်တု နှင့် အာကာသယာဉ်အား လွှတ်တင်ခဲ့ကြောင်း Roscosmos က ၎င်းတို့၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမှာ ၂၀၂၃ ခုနှစ်အတွင်း ရုရှားနိုင်ငံ၏ သယ်ဆောင်ရေးဒုံးပျံ ၉ ကြိမ်မြောက် လွှတ်တင်ခြင်း နှင့် Soyuz-2.1b သယ်ဆောင်ရေးဒုံးပျံအတွက် ၆၃ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Russia launches Soyuz-2.1b rocket with 42 small satellites
Russia has launched a Soyuz-2.1b carrier rocket with a Meteor-M weather satellite and 42 small spacecraft including three foreign satellites from the Vostochny cosmodrome, Russian State Space Corporation Roscosmos said on Tuesday.
The rocket was operating normally and was releasing the satellite and spacecraft to the projected orbit, Roscosmos said in a news release on its website.
This is the ninth launch of Russia’s carrier rocket in 2023 and the 63rd flight mission for the Soyuz-2.1b carrier rocket.
Xinhua News Agency correspondents reporting from Moscow.(XHTV)