Connect with us

Media

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၌ ခေါင်မိုးထက်မှဆိုလာစွမ်းအင်က အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို အားပေး

ဟန်ကျိုး ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အစိမ်းရောင်စွမ်းအင်ကူးပြောင်းမှု ဆောင်ရွက်လျက် ရှိနေသောကြောင့် နေအိမ်ခေါင်မိုးပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား(PV) တပ်ဆင်ခြင်းသည် တစ်ဟုန်ထိုး မြင့်တက်လျက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ကျွိချိန် နှင့် ဆုန်းရှီကျေးရွာတို့၌ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ခေါင်မိုးများပေါ်တွင် ဆိုလာပြားများ တပ်ဆင်ထားကြောင်း သိရသည်။

ခေါင်မိုးပေါ်တပ်ဆင်ထားသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၉၉,၀၀၀ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ယင်းလုပ်ငန်းမှဝင်ငွေများအား ကျေးရွာနှစ်ရွာရှိ အခြေခံအဆောက်အအုံများ တိုးတက်ရေး နှင့် သက်ကြီးရွယ်အိုများကို ကူညီနိုင်ရေးတို့အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Rooftop solar energy powers green development in China’s Zhejiang
Rooftop solar photovoltaic (PV) installations are surging in China as the country goes through a green energy transition.
In Jucheng and Songshi villages of Huzhou City, east China’s Zhejiang Province, PV panels have been installed on rooftops to generate power.
The rooftop solar PV installations are expected to generate 99,000 kWh of power every year.
The earnings will be used to help the elderly and improve the infrastructure in the two villages.
Xinhua News Agency correspondents reporting from Huzhou, China.(XHTV)