ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် မေ ၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
မော့ကျန်း၊ မေ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းဟားနီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် Sun Plaza ၌ ၁၈ ကြိမ်မြောက် Mojiang Tropic of Cancer International Twins Festival နှင့် Hani Sun Festival “မျက်နှာကို...
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ကမ္ဘာ့အရှားပါးဆုံးငှက်များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သော ငဟစ်ဝမ်းဖြူငှက်ကို မကြာသေးမီက တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ မေ ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ NSCI group မြန်မာလူငယ်သုတေသနပညာရှင်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော Phong San Dakaw...
နယူးဒေလီ၊ မေ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ပြင်းထန်သောအပူလှိုင်းကြောင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို မေ ၆ ရက်အထိ ပိတ်ထားရန် ပြည်နယ်အစိုးရက ညွှန်ကြားထားကြောင်း၊ ပြည်သူများအနေဖြင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှ ရှောင်ရှားရန်နှင့် မီးလောင်မှုအခြေအနေများကို ရှောင်ကွင်းနိုင်ရေး စောင့်ကြည့်ရန် တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရသည်။...
ဂါဇာ၊ မေ ၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးသူ ၃၄,၆၂၂ ဦးအထိ တိုးလာကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက မေ ၃ ရက်သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၆ ဦး...
ဝန်ချန်း၊ မေ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်း၊ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာရှိ လွှတ်တင်ရေးနေရာမှ Chang’e-6 အာကာသယာဉ်တင်ဆောင်ထားသော Long March-5 ဒုံးပျံကို မေ ၃ ရက် မွန်းလွဲပိုင်းက လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………… (English...
ဂျကာတာ၊ မေ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း တောင်ဆူလာဝေဆီပြည်နယ်၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားသဖြင့် လူခုနစ်ဦး သေဆုံးကြောင်း ပြည်နယ်ဘေးအန္တရာယ်လျော့ပါးရေး အေဂျင်စီက မေ ၃ ရက်တွင် ပြောကြားသည်။ မေ ၂ ရက် ညနေပိုင်းမှစကာ ပြည်နယ်အတွင်း ဒေသ ခြောက်ခု၌...
ကရာမေ၊ မေ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကရာမေမြို့ Urho ခရိုင်သည် မေဒေးနေ့အားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်းမှ ခရီးသွားဧည့်သည်များအတွက် လာရောက်လည်ပတ်ရာ ထင်ရှားသောနေရာတစ်ခုဖြစ်လာခဲ့သည်။ ဝေဟင်နိမ့်လေယာဉ်ပျံသန်းမှု၊ အပန်းဖြေယာဉ်ဖြင့် စခန်းချခရီးထွက်ခြင်း၊ လမ်းကြမ်းမောင်းမော်တော်ဆိုင်ကယ်စီးခြင်း စသည့် အစီအစဉ်အမျိုးမျိုးကို ခရီးသွားဧည့်သည်များ၏ သဘောကျနှစ်သက်မှုများအလိုက်...
ဘန်ကောက်၊ မေ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုနှင့် ရာသီဥတုပူပြင်းမှုကြောင့် လယ်ယာထွက်ကုန်ဈေးနှုန်း မြင့်မားမှုကြောင့် ၇ လတာကာလအတွင်း ဧပြီလ၌ ပထမဆုံးအကြိမ် ငွေကြေးဖောင်းပွမှုမြင့်တက်လာခဲ့ကြောင်း၊ ဧပြီလ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) မှာ ယမန်နှစ်အလားတူကာလကထက် ၀.၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်များအရ...
ဝန်ချန်း၊ ဟိုင်နန်၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာမှ Chang’e-6 အာကာသယာဉ်တင်ဆောင်ထားသော Long March-5 ဒုံးပျံအား မေ ၃ ရက် မွန်းလွဲပိုင်းက လွှတ်တင်ခဲ့သည်။ Chang’e-6 မစ်ရှင်သည် လမျက်နှာပြင်၏ တစ်ဖက်စွန်းထူးခြားသည့်နေရာမှ...