Connect with us

Africa & Middle East

ဂါဇာ၌ အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးသူ ၃၄,၆၂၂ ဦးထိ တိုးလာ

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံအား စစ်ဆေးနေသူများကို ၂၀၂၄ ခုနှစ် မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးသူ ၃၄,၆၂၂ ဦးအထိ တိုးလာကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက မေ ၃ ရက်သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၆ ဦး သေဆုံးပြီး အခြားသူ ၅၁ ဦး ဒဏ်ရာရရှိကြောင်း၊ ထို့ကြောင့် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခစတင်ဖြစ်ပွားသည့် ပြီးခဲ့သည့် နှစ်အောက်တိုဘာလမှစကာ ပါလက်စတိုင်း ၃၄,၆၂၂ ဦး သေဆုံးပြီး ၇၇,၈၆၇ ဦးမှာ ဒဏ်ရာရရှိကြောင်းသိရသည်။

အစ္စရေးတပ်ဖွဲ့၏ ဆိုးရွားသည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများအားနည်းမှုကြောင့် အချို့မှာအပျက်အစီးများအောက်တွင် ပိတ်မိနေကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်း၌ ဟားမက်စ်တို့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးက ကြီးမားသည့် မြေပြင်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ (Xinhua)


……………………….
(English Version)
Palestinian death toll in Gaza rises to 34,622: health authorities
GAZA, May 3 (Xinhua) — The Palestinian death toll from the ongoing Israeli attacks on the Gaza Strip has risen to 34,622, the Gaza health authorities said in a press statement on Friday.
During the past 24 hours, the Israeli army killed 26 Palestinians and wounded 51 others, bringing the total death toll to 34,622 and injuries to 77,867 since the current Palestinian-Israeli conflict broke out last October.
According to the statement, some victims remain under the rubble amid heavy bombardment and a lack of rescue crews.
Israel has launched a large-scale offensive against Hamas in Gaza to retaliate against a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and more than 200 were taken hostage. ■
People inspect a destroyed building after an Israeli airstrike in the southern Gaza Strip city of Rafah, on May 3, 2024. The Palestinian death toll from the ongoing Israeli attacks on the Gaza Strip has risen to 34,622, the Gaza health authorities said in a press statement on Friday. (Photo by Rizek Abdeljawad/Xinhua)