Connect with us

Media

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းဒေသတွင် “မျက်နှာကို လိမ်းကျံခြင်း” ဖြင့် ဆုတောင်းမေတ္တာပို့

မော့ကျန်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းဟားနီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် Sun Plaza ၌ ၁၈ ကြိမ်မြောက် Mojiang Tropic of Cancer International Twins Festival နှင့် Hani Sun Festival “မျက်နှာကို လိမ်းကျံခြင်း” ရိုးရာလှုပ်ရှားမှုများကို မေ ၃ ရက်က ကျင်းပခဲ့ပြီး ဒေသခံပြည်သူများနှင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများ အပြန်အလှန် မျက်နှာ လိမ်းကျံခြင်းဖြင့် ဆုတောင်းမေတ္တာပို့သပွဲ ကျင်းပခဲ့ကြောင်း၊ “မျက်နှာကို လိမ်းကျံခြင်း” သည် မော့ကျန်း၏ ဒေသန္တရ ရိုးရာဓလေ့တစ်ခုဖြစ်ကာ ဆုမွန်ကောင်းတောင်းကြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)