ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများအကြား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ ယူကရိန်းနိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေညာရန် ဥပဒေတစ်ရပ်အား လွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်၌ ထောက်ခံခဲ့ကြောင်း လွှတ်တော် ပြန်ကြားရေးအရ သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အာဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ထားသော အာဒစ်အာဘာဘာ-ဂျီဘူတီ စံချိန်မီရထားလမ်းသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် သာယာဝပြောမှုအား အဆင်ပြေချောမွေ့စေသည့်အတွက် ချီးကျူးထောပနာပြုခံရလျက် ရှိကြောင်း သိရသည်။
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဟောင်ကောင်တွင် ကိုဗစ်-၁၉ (COVID-19) အတွက် သီးသန့်ခွဲခြားမှုနှင့် ကုသရေးအဆောက်အအုံများ ပါဝင်သော ယာယီနေရာလေးခု သို့မဟုတ် ရွေ့လျားဆေးရုံများကို ဗဟိုအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက်၌ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
ကူမင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ အကြီးအကဲက ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခအတွင်း သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဆောပိုလို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့တွင် စံချိန်တင် မိုးရွာသွန်းမှုများနှင့် နောက်ဆက်တွဲ ရွှံ့မြေပြိုကျမှု၊ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၈၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအရေးကိစ္စအား ဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုမှတစ်ဆင့် တည်ငြိမ်ရန်၊ တင်းမာမှုများကို လျှော့ချရန်နှင့် မတူကွဲပြားမှုများကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံများအားလုံးကို ဖေဖော်ဝါရီ ၂၂ ရက်၌ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်အကြာက အမေရိကန်နိုင်ငံ သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) သည် “အေးစက်နေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းသည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း အလှည့်အပြောင်း၊ အချိုးအကွေ့များကြားမှ တရုတ်-အမေရိကန် နှစ်နိုင်ငံလုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ...