Connect with us

Media

အမေရိကန်နှင့် ဗြိတိန်တို့က ယီမင်နိုင်ငံရှိ ဟူသီနေရာများအား တိုက်ခိုက်မှုအသစ်များ ပြုလုပ်

ယီမင်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ယီမင်နိုင်ငံမြောက်ပိုင်းရှိ ဟူသီတို့ တည်ရှိရာနေရာများအား ဇန်နဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဟူသီပိုင် al-Masirah TV က ထုတ်လွှင့်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများက ဟူသီတို့က ထိန်းချုပ်ထားသည့် ပင်လယ်နီကမ်းရိုးတန်းရှိ ပင်မဆိပ်ကမ်းဖြစ်သည့် Hodeidah အပါအဝင် ပြည်နယ် ၅ ခုရှိ ဟူသီပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။
အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန်သင်္ဘောတစ်စင်းအား ဟူသီတို့က ဇန်နဝါရီ ၁၇ ရက် ညပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယင်းတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
U.S., Britain carry out new round of strikes against Houthi sites in Yemen — Houthi TV
The United States and Britain bombed Houthi sites in northern Yemen before dawn on Thursday, Houthi-run al-Masirah TV said.
The strikes hit Houthi targets in five provinces, including Hodeidah, the main port on the Red Sea coast controlled by the Houthis, the channel reported, without providing more details.
The attack followed the Houthis claim of a missile strike on a U.S. ship in the Gulf of Aden on Wednesday night.