Connect with us

Media

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ် ၊ လူ ၂၃ ဦးထက်မနည်း သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံအလယ်ပိုင်းတွင် မီးရှူးမီးပန်းစက်ရုံတစ်ရုံသည် ဇန်နဝါရီ ၁၇ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ဒေသန္တရကယ်ဆယ်ရေးသမားများက ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်၌ အကြောင်းကြားချက် ရရှိခဲ့ကြောင်း ၊ Suphan Buri ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံသည် မီးလောင်မှု ဖြစ်ပွားကာ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ထိုင်းမီဒီယာ Thairath ၏ ဖော်ပြမှုအရ သိရသည်။

အခင်းဖြစ်နေရာအား ရိုက်ကူးထားသည့် ရုပ်ပုံများတွင် ပေါက်ကွဲမှုမှ မီတာ ၁၀၀ ကျော်အကွာရှိ စပါးခင်းတစ်ခု၌ အပျက်အစီးများအား မြင်တွေ့ရကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်၌ စက်ရုံ၌ လုပ်ကိုင်နေကြသည့် ဝန်ထမ်း ၂၀ ကျော်ရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက Thairath သို့ ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Fireworks factory explodes in central Thailand, killing at least 23
At least 23 people were killed in a fireworks factory explosion on Wednesday in central Thailand, local media reported.
Local rescuers were notified at around 3:30 p.m. local time when the fireworks factory in Suphan Buri province caught fire and was later destroyed following the explosion, according to Thai news outlet Thairath.
Images taken at the scene showed debris scattered in a paddy field more than 100 meters away from the explosion.
Witnesses told Thairath that over 20 staff were working in the factory at the time of the explosion.
Xinhua News Agency correspondents reporting from Suphan Buri, Thailand.(XHTV)