Connect with us

North America

ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန် ပြန်လည်သတ်မှတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ဆီးနှင်းကျဆင်းနေစဉ် အိမ်ဖြူတော်အား ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ဟူသီစစ်သွေးကြွအဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ဇန်နဝါရီ ၁၇ ရက်၌ ပြန်လည်သတ်မှတ်ခဲ့ရာ ဟူသီအဖွဲ့အနေဖြင့် အထူးသတ်မှတ်ချက်အဆင့်ရှိ ကမ္ဘာ့အကြမ်းဖက်အဖွဲ့ (SDGT) အဖြစ် တစ်ဖန်သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထိုသို့ သတ်မှတ်လိုက်ခြင်းသည် ဟူသီများက ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် ပြေးဆွဲနေသော အမေရိကန် စစ်တပ်နှင့် နိုင်ငံတကာရေယာဉ်များကို တိုက်ခိုက်ခြိမ်းခြောက်မှုများ ဆက်လက်ဆောင်ရွက်နေခြင်းအား တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ယခုလိုသတ်မှတ်လိုက်ခြင်းကြောင့် “ဟူသီအဖွဲ့ထံ အကြမ်းဖက်ရန်ပုံငွေကို အဟန့်အတားဖြစ်စေမည်ဖြစ်သလို ငွေကြေးဈေးကွက်များအတွင်းသို့ ၎င်းတို့၏ဝင်ရောက်မှုအား ထပ်မံကန့်သတ်လိုက်မည်ဖြစ်ကာ ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဆူလီဗန်က ဆိုသည်။ အကယ်၍ ဟူသီအဖွဲ့က ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်စဲလိုက်ပါက အမေရိကန်အနေဖြင့် ယင်းသို့သတ်မှတ်ချက်ကို ချက်ချင်း ပြန်လည်ချင့်ချိန်ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းသည် ရက်ပေါင်း ၃၀ အတွက် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း ဆူလီဗန်က ဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ထိုအချိန်က သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ဟူသီအဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့ (FTO) အဖြစ် သတ်မှတ်သည့် ၎င်းတို့၏ နောက်ဆုံး နိုင်ငံခြားရေးမူဝါဒများအနက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုအချိန်က ဟူသီအဖွဲ့အား SDGT အဖြစ်လည်း သတ်မှတ်ထားပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ဂျိုးဘိုင်ဒန်အစိုးရက အဆိုပါသတ်မှတ်ချက်နှစ်ခုလုံးကို ပယ်ဖျက်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်မှာ “ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဆိုးဝါးမှုကို အသိအမှတ်ပြုခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
U.S. re-designates Houthis as terrorist organization
WASHINGTON, Jan. 17 (Xinhua) — The United States re-designated the Houthi militant group as a terrorist organization on Wednesday, once again labeling it a so-called Specially Designated Global Terrorist (SDGT).
U.S. National Security Advisor Jake Sullivan said in a statement that the designation was in response to the Houthis’ continued threats to and attacks on “United States military forces and international maritime vessels operating in the Red Sea and Gulf of Aden.”
Sullivan said the designation will “impede terrorist funding to the Houthis, further restrict their access to financial markets, and hold them accountable for their actions.” He added that if the Houthis cease their attacks, “the United States will immediately reevaluate this designation.”
The designation will become effective in 30 days, Sullivan said.
On Jan. 10, 2021, the U.S. administration of then President Donald Trump rolled out one of its last foreign policies by designating the Houthis as an Foreign Terrorist Organization (FTO). The Houthis were already designated as an SDGT at the time.
In February 2021, the Joe Biden administration revoked both of the two designations, saying the decision was “a recognition of the dire humanitarian situation in Yemen.”
Photo: The White House is seen during a snowfall in Washington, D.C., the United States, Jan. 15, 2023. (Photo by Aaron Schwartz/Xinhua)