ဝါရှင်တန် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအနီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော သံသယရှိသူတစ်ဦးသည် အာဏာပိုင်များထံ အေးအေးချမ်းချမ်း လက်မြောက်အဖမ်းခံခဲ့ကြောင်း နှင့် ၎င်းအား ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း အမေရိကန်ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့(USCP)က ပြောကြားခဲ့သည်။
ဟေတီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ အနောက်တောင်ပိုင်း၌ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂,၁၈၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကာရေဘီယံကျွန်း၏ မြို့ပြကာကွယ်ရေးအေဂျင်စီ က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့်အတူ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွမြှင့်တင်ရန် ဆန္ဒရှိကြောင်း နိုင်ငံအနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယနေ့ ဩဂုတ် ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ပဥ္စမအကြိမ် တရုတ် – အာရပ်နိုင်ငံများ...
ဒူဘိုင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အာဖဂန်သမ္မတ Mohammad Ashraf Ghani က သွေးထွက်သံယိုဖြစ်ပွားမှုမှ ရှောင်လွှဲရန် အလို့ငှာ ၎င်းအနေဖြင့် ကာဘူးလ်မြို့နှင့် နိုင်ငံမှထွက်ခွါရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ် ၁၈ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ဂျနီဗာ ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာအနှံ့ COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် အရေအတွက်သည် ပြီးခဲ့သော နှစ်လအတွင်း တိုးလာနေပြီး နိုင်ငံ ၊ နယ်မြေ သို့မဟုတ် ဒေသ ၁၄၈ ခုတွင် Delta မျိုးဗီဇပြောင်းပိုး ကူးစက်မှု ဖြစ်ပွားမှုများကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က...
လာဆာ ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျရောက်သော တိဘက်ငြိမ်းချမ်းစွာလွတ်မြောက်ခြင်း နှစ် ၇၀ ပြည့် (70th anniversary of Tibet’s peaceful liberation) အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် ဩဂုတ် ၁၈ ရက်က နိုင်ငံအနောက်တောင်ပိုင်း Astrakhan ဒေသ၌ ပုံမှန် ပျံသန်းမှုပြုလုပ်စဉ် ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
စရီနာဂါ၊ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်သွေးကြွများဟုယူဆရသောသေနတ်သမားများသည် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယအာဏာရ Bharatiya Janataပါတီ (BJP) မှ ဒေသအဆင့်ခေါင်းဆောင်တစ်ဦး ကို သြဂုတ် ၁၇ ရက် က လုပ်ကြံပစ်ခတ်ခဲ့ကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။