Connect with us

Media

တရုတ်နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ကုလသမဂ္ဂအကြီးအကဲက ဝမ်းနည်းကြောင်း ပြောကြား

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အနေဖြင့် လွန်စွာဝမ်းနည်းမိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အန်တိုနီယိုဂူတာရက်စ်က မြေငလျင်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ ရသည့်အတွက် လွန်စွာဝမ်းနည်းလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကန်းစုပြည်နယ်၌ ဒီဇင်ဘာ ၁၈ ရက် သန်းခေါင်ယံတွင် လှုပ်ခတ်ခဲ့သည့် ၆.၂ အဆင့်ရှိ မြေငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
UN chief saddened by earthquake in China
UN Secretary-General Antonio Guterres was deeply saddened by the in China, said his spokesman on Tuesday.
The secretary-general was deeply saddened by the tragic earthquake, by the loss of life and property damage and injuries to people, said Stephane Dujarric, the spokesman.
The 6.2-magnitude earthquake that jolted China’s Gansu Province at midnight Monday has killed more than 100 people.
Xinhua News Agency correspondents reporting from UN headquarters.(XHTV)