Connect with us

Media

တရုတ်နိုင်ငံက ငလျင်ဒဏ်သင့် ဒေသများသို့ သဘာဝဘေးကယ်ဆယ်ရေး ရန်ပုံငွေများ ခွဲဝေချထားပေး

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ငလျင်ဒဏ်သင့် ကန်းစုနှင့် ချင်းဟိုင် ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများအား ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေ ယွမ်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈.၁၈ သန်းခန့်) ကို ဒီဇင်ဘာ ၁၈ ရက်၌ တရုတ်အစိုးရက ခွဲဝေချထားပေးခဲ့ကြောင်း သိရသည်။

ယင်းအနက် စုစုပေါင်း ယွမ်ငွေ သန်း ၁၅၀ ကို ကန်းစုပြည်နယ်အား ထောက်ပံ့ရန် သုံးစွဲမည်ဖြစ်ပြီး ယွမ် သန်း ၅၀ ကိုမူ ချင်းဟိုင်ပြည်နယ်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

………………………………..
(English Version)
China allocates disaster-relief funds to quake-hit regions
BEIJING, Dec. 19 (Xinhua) — The Chinese government on Tuesday allocated 200 million yuan (about 28.18 million U.S. dollars) of funds to support disaster relief efforts in the earthquake-hit Gansu and Qinghai provinces. Of the total, 150 million yuan will be used to support Gansu, while 50 million yuan will go to Qinghai, according to the Ministry of Emergency Management and the Ministry of Finance. Enditem