Connect with us

Media

တရုတ်နိုင်ငံ ကန်းစုနှင့်ချင်းဟိုင်ပြည်နယ်တို့၌ ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက် ၁၃၁ ဦးထိ မြင့်တက်

ကန်းစု၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ်နှင့် အနီးဝန်းကျင် ချင်းဟိုင်ပြည်နယ်တို့၌ ဒီဇင်ဘာ ၁၈ ရက် သန်းခေါင်ယံတွင် လှုပ်ခတ်ခဲ့သည့် ၆.၂ အဆင့်ရှိ မြေငလျင်ကြောင့် လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကန်းစုပြည်နယ်၌ လူပေါင်း ၁၁၃ ဦးနှင့် ချင်းဟိုင်ပြည်နယ်၌ ၁၈ ဦး သေဆုံးခဲ့ကာ လူ ၇၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီအထိ လူနေအိမ် ၁၅၅,၃၉၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်နယ်ငလျင်ကယ်ဆယ်ရေးဌာနချုပ်ထံမှ သိရသည်။

တရုတ်နိုင်ငံက ငလျင်အတွက် အမျိုးသားသဘာဝဘေးကယ်ဆယ်ရေးအရေးပေါ်တုံ့ပြန်မှုအား အဆင့် ၂ အထိ မြှင့်တင်ထားသည်။ ငလျင်ဒဏ်သင့်နေရာအနီးတစ်ဝိုက်ရှိ ဗဟိုလုပ်ငန်းများ၏ စီမံကိန်းများမှ ကယ်ဆယ်ရေးသမား ၇၃၆ ဦးနှင့် မီးသတ်သမား ၂,၀၄၂ ဦးကို ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ထားကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

……………………….
(English Version)
Earthquake death toll rises to 131 in China’s Gansu, Qinghai
The 6.2-magnitude earthquake that jolted China’s Gansu Province and neighboring Qinghai Province at midnight Monday has killed 131 people, said local authorities.
A total of 113 people have been killed in Gansu and 18 in Qinghai, with over 700 hundred people injured so far.
The earthquake had damaged 155,393 houses in Gansu as of 1 p.m. Tuesday, according to the provincial earthquake relief headquarters.
China has upgraded the national disaster-relief emergency response to Level II for the earthquake. Over 736 rescuers from central enterprises’ projects in nearby areas, as well as 2,042 firefighters, have been sent to the quake-hit region, according to the Ministry of Emergency Management.
Xinhua News Agency correspondents reporting from Jishishan and Xining, China.(XHTV)